Best Cuisine

ဆူးလေမှာအသစ်ဖွင့်ထားတဲ့ မြန်မာဆန်ဆန်နာမည်လေးနဲ့ “တောသူမ” Cafe & Restaurant

December 27, 2022

အစားအသောက်ကောင်းဆိုတာ လူမျိုးဘာသာမရွေး လူတန်းစားမရွေး စားသုံးနိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ ဆူးလေဘုရားလမ်းမပေါ်မှာ အသစ်ဖွင့်လိုက်တဲ့ တောသူမ Cafe & Restaurant ဆိုတဲ့ ဆိုင်လေးအကြောင်းပြောပြပေးချင်ပါတယ်။

“တောသူမ” ဆိုတဲ့ နာမည်လေးနဲ့ လိုက်ဖက်လှအောင် ရိုးရှင်းတဲ့အပြင်အဆင် နေရာထိုင်ခင်းနဲ့ အရသာအရှိဆုံးသော အစားအသောက်တွေကို ဖော်ရွေပျူငှာစွာ ရောင်းချပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနေတဲ့ ဆိုင်ပဲဖြစ်ပါတယ်။

ဆိုင်ပုံစံ အပြင်အဆင်လေးကတော့ ဆိုင်ထဲဝင်လိုက်တာနဲ့ မြန်မာ့လက်မှုပညာနဲ့ အသားပေးအလှဆင်ထားတဲ့ Decoration ပိုင်း၊ ကြိမ်၊ နှီးနဲ့ ရက်လုပ်ထားတဲ့ အသုံးအဆောင်တွေက Traditional ဆန်တဲ့ Vibe လေးကို ခံစားစေရမှာ အသေအချာပါ။

အကောင်းဆုံး ပါဝင်ပစ္စည်း Ingredients တွေကို အသုံးပြုထားပြီး မြန်မာလူမျိုးတို့ ခံတွင်းလိုက်စေမယ့် Taste
လူမျိုးဘာသာမရွေး သုံးဆောင်နိုင်စေဖို့ Breakfast Menu, BBQ အမျိုးမျိုး ၊ ဟင်းပွဲအမျိုးမျိုးကို အသင့်တင့်ဆုံးသော ဈေးနှုန်းနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။  

စားသုံးသူများအတွက်တော့ ပေးရတဲ့ဈေးထက်တန်တဲ့ Quality နဲ့ Premium ဆန်တဲ့အရသာကို တောသူမ Cafe & Restaurant မှာရမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် မနက်စာအဖြစ် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ထမင်းကြော်၊ ငါးပိချက်၊ ခရမ်းချဥ်သီးမီးဖုတ်သုပ် နဲ့ မြန်မာ့နှပ်လက်ဖက်ရည်၊ နှပ်ကော်ဖီတို့လဲရရှိမှာဖြစ်ပါတယ်။

စားအုန်းဆီလုံးဝမသုံးဘဲ နေကြာဆီစစ်စစ်ကိုသာ အသုံးပြုချက်ပြုတ်ထားတာကြောင့် ကလေးငယ်တွေရော လူကြီးတွေပါ ကျန်းမာရေးနဲ့ ညီညွတ်စေပြီး Halal ဆိုင်စစ်စစ်ဖြစ်တဲ့အတွက်သွားရောက်သုံးဆောင်ကြည့်ကြဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။ 


Address - အမှတ်(၁၂၄)၊ ပထမထပ်၊ ဆူးလေမီးသတ်ရှေ့၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
Ph:  09 7876 22222
Fb Link >>> Taw Thu Ma Cafe and Restaurant


Read 589 times.