Cafes & Restaurant

Street Food ဆိုင်ပုံစံလေးနဲ့ "Grill Land" အကင်ဆိုင်

December 15, 2022

အခုပြောပြပေးမယ့်ဆိုင်လေးကတော့ အကင်မှ အကင် ဆိုတဲ့ foodie လေးများအတွက် တာမွေမြို့နယ် သီတာလမ်းမှာဖွင့်ထားတဲ့ "Grill Land" ဆိုတဲ့ အကင်ဆိုင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဆိုင်ဖွင့် ချိန်လေးကတော့ ညနေ ၄ နာရီ မှ ည ၉:၃၀ ဖြစ်ပါတယ်။

ဆိုင်ပုံစံလေးကလဲ  Street Food ဆိုင်ပုံစံလေးဆိုတော့ မိသားစု၊ သူငယ်ချင်း၊ ချစ်သူတွေနှင့် လွှတ်လွှတ်လပ်လပ် ပြောဆိုရီမောလို့ရပါတယ်။ ဒီဆိုင်လေး မှာဆိုရင် အကင်အမျိုးပေါင်း ၃၀ ကျော်ကို ဈေးနှုန်းချိုသာစွာဖြင့် ရရှိမှာဖြစ်ပါတယ်။ အချဉ်ရည် ကို အချိုကြိုက်သူများအတွက် အချို၊ အစပ်ကြိုက်သူများအတွက် အစပ် အရသာ အနေဖြင့် အချဉ်ရည် (၂) မျိုး ကို စိတ်ကြိုက်သုံးဆောင်နိုင်ရန် စီစဉ်ပေးထားပါတယ်။ အရသာရှိပြီး သန့်ရှင်းလတ်ဆတ်သော အကင်မျိုးစုံကို အအေးနှင့် တွဲဖက်သုံးဆောင်နိုင်မှာ ပဲဖြစ်ပါတယ်။

"Grill Land" အကင်ဆိုင်တွင် ရရှိနိုင်သော အကင်များကတော့ -
(ကြက်)
- ကြက်ဆာတေး 
- ကြက်ပေါင် 
- ကြက်တောင်ပံ 
- ကြက်အူ
- ကြက်အမြစ် 
- ကြက်အသဲ 
- ကြက်နှလုံး
- ကြက်ဆီဗူး

(ဝက်)
- ဝက်ဆာတေး
- ဝက်သုံးထပ်သား 
- ဝက်နားရွက် 
- ဝက်နံရိုးနု
- ခရမ်းသီးဝက်သားကင်

(ဆိတ်)
- ဆိတ်ဆာတေး 

(ပင်လယ်စာ)
- ငါး 
- ပုဇွန် 
- ကင်းမွန် 
- ရေဘဝဲ 
- ရေဘဝဲလက်
- ငုံးဥ 
-ဘေကွန်အပ်မှိုလိပ်များနှင့် အသီးအရွက် အကင်အမျိုးစုံလဲရရှိမှာဖြစ်ပါတယ်။

ဒါ့ကြောင့် အကင်အရသာထိမိပြီး ဈေးနှုန်းသင့်လှတဲ့ Grill Land အကင်ဆိုင်လေးကို သွားရောက်သုံးဆောင်ကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

လိပ်စာ - ၁၄၅လမ်း နှင့် ဗညားဒလလမ်းထိပ် (သီတာကားမှတ်တိုင်ရှေ့)၊ တာမွေမြို့နယ်၊ ရန်ကုန်။
ဖုန်း - 09 423691800
Fb >>> Link
 


Read 663 times.