Special Deals

Rooftop မှာ Sunset ကြည့်ရင်း Chill လို့ရမယ့် Rangoon Kitchen ရဲ့ Weekly Promotion

July 12, 2023

ပျော်ရွှင်စရာအချိန်တွေကို အားလပ်ရက်မဟုတ်တဲ့နေ့တွေ့မှာလည်း ရှာဖွေနိုင်ဖို့ Rangoon Kitchen ရဲ့ Weekly Promotion တွေကို မျှဝေချင်ပါတယ်။ ဆိုင်က ကွန်ဒိုအမြင့်ကြီးရဲ့ အပေါ်ဆုံးထပ် (၉) လွှာမှာ ရှိတာကြောင့် Rooftop ရဲ့ အရသာစစ်စစ်ဖြစ်တဲ့ လေကောင်းလေသန့်ရှူရင်း စိတ်လွတ်လပ်မှုကို ခံစားရမှာ အသေအချာပါပဲ။ အပေါ်စီးကမြင်ရတဲ့ သာကေတမြို့ရှုခင်းတွေနဲ့ ရန်ကုန်မြစ်ကြီးရဲ့ အလှကို မြင်ကွင်းကျယ်ကျယ်နဲ့ ကြည့်ရှုခံစားလို့ရပါတယ်။ 

ရန်ကုန်မြို့ကြီးရဲ့ နေဝင်ချိန်အလှကို ခံစားမယ့်သူတွေ၊ ချစ်သူနဲ့ နှစ်ယောက်တည်း ရိုမန်တစ်ဆန်ဆန် ဒိတ်မယ့် စုံတွဲတွေ၊ ရှုခင်း‌‌ကြည့်ရင်း ဘီယာသောက်ချင်တဲ့ ဘော်ဒါအဖွဲ့တွေ၊ မိသားစုလိုက်လာပြီး စားကြသောက်ကြမယ့်သူတွေအတွက်လည်း ပြီးပြည့်စုံပြီး ပျော်ရွှင်စရာကောင်းတဲ့ ညနေခင်းလေးတစ်ခုပိုင်ဆိုင်စေမှာပါ။

Advertisement

Click Here > Ko Tint Lwin & Brothers

အရသာရှိတဲ့ အစားသောက်ကောင်းတွေ၊ သောက်စရာ စုံစုံလင်လင်နဲ့ ရွေးချယ်စရာများတဲ့ Cocktail တွေအပြင် သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာဆို Unplugged Band ဖျော်ဖြေမှုတွေလည်း ရှိသေးတာမို့ သီချင်းတွေနားထောင်ရင်း၊ ဘော်ဒါတွေနဲ့ သီချင်းတွေ လိုက်ဆိုအားပေးရင်း ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်လေးတွေကို ဖန်တီးနိုင်ပါတယ်။

Rangoon Kitchen က July လအတွက် စီစဉ်ပေးထားတဲ့ Promotion တွေကတော့ -

> Monday - Happy Hours (*4pm ကနေ 6pm အတွင်း*)

Tiger Beer 3 Cups + ဆိတ်လက်ဖက်ထောင်း Combo Set - 10,000 Ks.

> Tuesday - 30,000 Ks ဖိုး စားသုံးသူတိုင်းအတွက် Tiger Beer (1) Jar.

> Wednesday - လာတဲ့ဝိုင်းတိုင်းအတွက် ကြက်တောင်ပံကြော်တစ်ပွဲ (FOC).

> Thursday - Cocktails Free Flow.

> Friday - Tiger Beer (1) Tower ယူ (1) Tower Free.

ဖုန်း - 09 4518 78157

ဆိုင်လိပ်စာ - တိုက်အမှတ် (၂၃၁)၊ ၉လွှာ၊ သုမနလမ်း၊ မာန်ပြေရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်။

Fb Link - https://www.facebook.com/rangoonkitchenm


Read 384 times.