Cafes & Restaurant

Rooftop လေးနဲ့ နာမည်ကြီးတဲ့ Cookie Sushi ဆိုင်

November 11, 2022

အခုပြောပြပေးမယ့် ဆိုင်ကတော့ ဆူရှီနဲ့ နာမည်ကြီးနေတဲ့ လှိုင်သာယာမှာ ဖွင့်ထားတဲ့ Rooftop ပါပါတဲ့ Cookie Sushi ဆိုင်ပဲဖြစ်ပါတယ်။ 

ဆိုင်ပုံစံအပြင်အဆင်ကတော့ အေးအေးဆေးဆေးနဲ့ လေကောင်းလေသန့်ပါရပြီး ရှု့ခင်တကယ်ကိုလှတဲ့ ဒီဇိုင်းလေးနဲ့ ပြင်ဆင်ထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဓာတ်ဖမ်းရတာ ဝါသနာပါတဲ့သူတွေအတွက်တော့ တကယ့်နေရာကောင်းလေးပဲဖြစ်ပါတယ်။

Rooftop ကိုမှ ၂ ထပ်ရှိတယ်။ Indoor Area မှာ Aircon နဲ့လည်းထိုင်လို့ရပါတယ်။ အခြားဆိုင်တွေနဲ့မတူဘဲ ဒီဆိုင်ရဲ့ထူးခြားချက်ကတော့ ဆိုင်ရဲ့အောက် ၄ ထပ်က Fashion ဆိုင်ကြီးဆိုတော့ Shopping ထွက်ရင်း အစားအသောက်တွေနဲ့ Hangout လည်းလုပ်လို့ရပါတယ်။

ဒီဆိုင်ရဲ့ ဆူရှီ စျေးနှုန်းလေးတွေကတော့ တစ်ပွဲ ၁၅၀၀၊ ၂၀၀၀ ကနေစပြီး တစ်ပွဲချင်းမှာစားလို့လည်းရသလို Set လိုက်လဲရရှိမှာဖြစ်ပါတယ်။ ဆူရှီ Set တွေကတော့ တစ် set ကို 12500 ဖြစ်ပြီး လူများများစုစားရင် တကယ်ကိုတန်တဲ့ စျေးနှုန်းပဲဖြစ်ပါတယ်။

လတ်ဆတ်တဲ့ Salmon Set တစ် Set ကိုမှ 14000 လောက်နဲ့ ရရှိမှာဖြစ်ပြီး Salmon တွေလည်းအများ ကြီးပါပါတယ်။ ဆူရှီ၊ အအေး၊ ယိုးဒယားအထောင်း ၊မာလာရှမ်းကော ၊မောက်ချိုက်၊ မာလာအကင်၊ တရုတ်အစားစားတွေလည်း ရရှိပါတယ်။

သောက်စရာဆိုရင်လည်း အသီးဖျော်ရည်တွေ၊ Juice နဲ့ ဖာလူဒါ၊ ရေခဲသုပ် တစ်ခွက်ကိုမှ ၂၅၀၀၊ ၃၅၀၀ တန်လေးတွေပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဆောင်းရာသီရဲ့ ဆောင်းလေအေးအေးလေးနှင့်အတူ Sunset ကြည့်ရင်း ချစ်ရတဲ့သူတွေနဲ့ Date မယ်ဆို ဒီဆိုင်လေးကို ရွေးချယ်သင့်ပါတယ်။ 
မိသားစုနှင့်အတူ မုန့်စားရင်း အပန်းဖြေမလား?
ရုံးအဖွဲ့များ Meeting အတွက် စကားပြောမလား?
Wedding Dinner အတွက် ရှု့ခင်းကောင်း အစားအသောက်များနဲ့ တည်ခင်းဧည့်ခံမလား?
Party အတွက်လဲ တစ်ထပ်အပြတ်ငှားရန်းလိုပါသလား? ဒီလိုပွဲလေးတွေအကုန် ကျင်းပလို့လဲရပြီး အေးဆေး  Chill ချင်တဲ့ သူတွေအတွက် Cookie Sushi ဆိုတဲ့ ဆိုင်လေးကို လမ်းညွှန်ပေးလိုက်ပါတယ်။

ဆိုင်လိပ်စာလေးကတော့ လှိုင်သာယာမီးခွက်စျေးမှတ်တိုင် မကွေးလမ်းမပေါ် Robot Fashion Shop အပေါ်ဆုံးထပ် Rooftop restaurant ပဲဖြစ်ပါတယ်။

ဖုန်းနံပါတ် - 0943120193
FB Link >>> Cookie Sushi
 


Read 311 times.