Cafes & Restaurant

Restaurant, Cafe, Bar အရသာ (၃)မျိုးလုံးကို တစ်နေရာထဲမှာ ခံစားရစေမယ့် Eugenia Cafe'

December 16, 2020

ကျွန်တော်တို့က နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ ဒီလိုချိန်မှာ ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့ အတွက်က အစားအသောက်ကောင်းလေးတွေကို စားသုံးခြင်းပဲ ဖြစ်ပါတယ်။

သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်ကောင်းလေးတွေကိုလည်း စားချင်တယ်၊ သူငယ်ချင်းမိသားစုတွေနဲ့ Cafeဆိုင်မှာ အေးအေးဆေးဆေး စကားတွေလည်း ပြောချင်တယ်၊ Barရဲ့ အရသာကို ခံစားရင်း Alcoholလေးလည်း သောက်ချင်တယ် ဆိုပြီး ဗျာများနေလား?

Listings in Bakery & Cake Makers, Bars & Night Clubs, Food Stalls,  Restaurants and Tea & Cafe | The Restaurant Guides for Myanmar

ဒီအတွက်တော့ စိတ်မပူပါနဲ့။ Restaurantတစ်ခုရဲ့ သန့်ရှင်းလတ်ဆတ်တဲ့ အရသာ၊ Cafe ဆိုင်တစ်ဆိုင်ရဲ့ နွေးထွေးမှုတွေ အပြင် Barတစ်ခုရဲ့ အေးချမ်းမှုတွေကို တစ်နေရာထဲမှာ ခံစားရမယ့် Eugenia Cafe'က သင့်ကို စောင့်ကြိုနေပါတယ်။ 

Eugenia Cafe'က ဗဟိုလမ်း၊ မနော်ဟရီရိပ်သာ၊ အလုံမြို့နယ်မှာ တည်ရှိပြီး အဆင့်မြင့်တဲ့ စားသောက်ဆိုင် တစ်ဆိုင်ဖြစ်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်တွေက အေးချမ်းပြီး နွေးထွေးမှုကို ရရှိစေမှာ အသေအချာပါပဲ။

ဒီဆိုင်က ကြေးအိုး၊ European အစားအစာတွေဖြစ်တဲ့ BBQ Pork၊ Grilled Beef Steak၊  Eugenia Fish၊ Pork Burger၊ Prawn Kebab အပြင် တရုတ်စာဖြစ်တဲ့ Wings with Oyster Sauce၊ Deep Fried Spicy Chicken စတဲ့ အစားအစာတွေ ရရှိနိုင်ပြီး Coffeeနဲ့ တခြား သောက်စရာများ ရရှိပါတယ်။ 

ဒါ့အပြင် Bar & Grill ဆိုတဲ့ အတိုင်း Cocktailနဲ့ တခြား Alcohol သောက်စရာတွေလည်း ရရှိပါသေးတယ်။ ဆိုင်ဖွင့်ချိန်က မနက် (၉)နာရီကနေ ည (၁၀)ခွဲအထိ ဖွင့်လှစ်ပေမယ့် အခုအချိန်ကာလက ကိုဗစ်ကူးစက် ရောဂါကြောင့် ယာယီပိတ်ထားရပါတယ်။

Image may contain: text that says 'EUGENIA CAFE' MENU'

ဆိုင်မှာ Private Car Parking ရှိပြီး Special Roomတွေလည်း ရှိပါတယ်။ ဆိုင် အကျယ်အဝန်းကလည်း အဆင်ပြေတာကြောင့် သာသာယာယာ Chill ရုံပါပဲ။

ကိုဗစ်ကြောင့် ယာယီပိတ်ထားပေမယ့်လည်း Takeawayနဲ့ Delivery ဝန်ဆောင်မှုတွေကတော့ ရှိနေပါသေးတယ်။ မနက်(၉)နာရီကနေ ည(၇)နာရီထိ Orderလို့ရပြီး 01 822 7346၊ 01 822 7048ကို ဆက်သွယ်နိုင်ပါတယ်။

Image may contain: text that says 'WE'RE OPEN FOR TAKE AWAY ORDERS ONLY 9:00 a.m. TO 7:00 p.m. 01-8227346, 1-8227048'

Eugenia Cafe'ရဲ့ Menuတွေကို အောက်ပါလင့်ခ် https://bit.ly/3mk17IT ကနေ ဝင်ရောက်လေ့လာနိုင်သလို ဆိုင်ရဲ့ အသေးစိတ်ကိုလည်း ရှာဖွေနိုင်ပါတယ်။ ပရိုမိုးရှင်း အစီစဉ်တွေကလည်း ရှိနေတော့ Facebook Page >> https://bit.ly/2WgjEey ကိုလည်း Like and Follow လုပ်ထားဖို့ မမေ့နဲ့နော်။

By The Myanmar Restaurant Guide
Eugenia Cafe'


Read 496 times.