Cafes & Restaurant

Pet လေးတွေနဲ့အတူ ဆော့လို့ရတဲ့ လှိုင်မြို့နယ်ထဲက Pet Cafe ဆိုင်အသစ်

October 19, 2023

ဒီဆိုင်က တခြား Pet Cafe တွေနဲ့ မတူတဲ့ အချက်က ကိုယ်ပိုင် Pet လေးတွေကို ခေါ်ဆောင်လာခွင့်မရှိဘဲ ဆိုင်မှာ မွေးထားတဲ့ ပါပီလေးတွေနဲ့သာ ဆော့ကစားလို့ရတာ ဖြစ်ပါတယ်။ ဆိုင်နာမည်ကတော့ Pet Hub-Cafe ဖြစ်ပြီး ဖွင့်ထားတာ (၁) လတောင် မပြည့်သေးတဲ့ ကော်ဖီဆိုင်အသစ်ပါ။ 

ဆိုင်ရဲ့ ရည်ရွယ်ချက်က ခွေးကလေး တစ်ကောင်လောက် ပိုင်ဆိုင်ချင်ပေမဲ့ အကြောင်းကိစ္စတစ်ခုခုကြောင့် မွေးခွင့်မရတဲ့ သူလေးတွေ၊ အိမ်မပိုင်တဲ့သူလေးတွေအတွက် ဆိုင်က Pet လေးတွေနဲ့အတူ ဆော့ကစားပြီး ချစ်ခွင့်ရစေချင်တာပါ။ ခွေးချစ်ပေမဲ့ ခွေးမွေးခွင့်မရတဲ့ သူတိုင်းအတွက် ဒီကော်ဖီဆိုင်လေးက နိဗ္ဗာန်ပါ။ 

အေးဆေး ကော်ဖီသောက်၊ မုန့်စားပြီး အမှတ်တရ ပုံလှလှလေးတွေ ရိုက်ဖို့ Cafe လေးကို ပန်းတွေနဲ့ ဝေဆာနေအောင် လှလှလေး ပြင်ဆင်ပေးထားပါတယ်။ ဆိုင်က အပေါ်ထပ်၊ အောက်ထပ်ရှိပြီး တစ်ဆိုင်လုံး အဖြူရောင် နုနုလေးပါ။ ဒါ့အပြင် Pet ပုံလေး ထွင်းထားတဲ့ နောက်ခံလေးရယ်၊ Paw ခြေရာ ဝင်ပေါက်ရယ်၊ နံရံမှာ ချိတ်ဆွဲထားတဲ့ Pet ပုံလေးတွေရယ်က ချစ်စရာကောင်းတဲ့ အပြင်အဆင်တွေပါပဲ။ 

ဆိုင်ကအသစ်ဖြစ်တာကြောင့်ရော Decoration ကောင်းတာကြောင့်ရော ဆိုင်ရဲ့ Corner တိုင်းက ဓာတ်ပုံရိုက်ချင်စရာ နေရာတွေချည်း ဖြစ်နေပါတယ်။

ကော်ဖီဆိုင်ဆိုတော့ အစားအသောက်အကြောင်းကလည်း မပါမဖြစ် ပြောရဦးမှာပေါ့။ သူ့ဆိုင်က အသစ်ဖြစ်တာကြောင့် မီနူးတွေ မစုံသေးလို့ အသစ်ထပ်တိုးဖို့တော့ ရှိပါတယ်။ လောလောဆယ် ဒင်ဆမ်းပူပူလေးတွေ၊ ဘယ်နေရာရောက်ရောက် ထမင်းမစားရရင် အာသာမပြေ မာမာဝေဖြစ်တတ်တဲ့သူတွေအတွက် ကြက်ဆီထမင်း၊ ထမင်းကြော်နဲ့ ထမင်းနဲ့ ဟင်းတွဲဖက်စားရတဲ့ မီနူးတွေ၊ ကိတ်၊ အာလူးချောင်းကြော်နဲ့ ဆန်းဝှေ့ချ်တို့လို အဆာပြေ Appetizer တွေလည်း ရပါတယ်။

Drinks တွေမှာဆို Coffee တွေ၊ Smoothie တွေ၊ Soda Drinks နဲ့ Bubble Tea တွေ ရပါတယ်။ နောက်ပြီး သူ့ဆိုင်မှာပဲ ရနိုင်တဲ့ Cinderella၊ Snow White၊ Mulan၊ Moana၊ Tiana စတဲ့ Disney မင်းသမီးလေး တစ်ယောက်ချင်းစီကို ရည်ညွှန်းထားတဲ့ Disney Drinks (၅) မျိုး ရှိပါတယ်။ ဒီဆိုင်ရဲ့ နောက်ထပ်ထူးခြားချက်က လူ (၁၀) ယောက်တောင် မနည်းသောက်ရမယ့် ကော်ဖီခွက်အကြီးကြီးရယ်၊ လူ (၄) ယောက်လောက် အားရပါးရ သောက်လို့ရတဲ့ Milk Tea ခွက်အကြီးကြီးရယ် ဖြစ်ပါတယ်။

ခွေးလေးတွေနဲ့ ဆော့ဖို့ကတော့ သီးသန့်အခန်းလေး လုပ်ပေးထားတယ်။ Poms၊ Corgi၊ Bull Dog ကစလို့ Hisky၊ Golden Retiver တို့အပြင် ရှားပါးမျိုးစိတ်တွေဖြစ်တဲ့ Chow Chow၊ Dalmatian စတဲ့ ခွေးမျိုးစိတ်ပေါင်း (၁၂) မျိုးလောက် မွေးထားပြီး ခွေးလေးတွေနဲ့အတူ ဝင်ဆော့လို့ရမယ်။ အမှတ်တရ ဓာတ်ပုံအတူတူ တွဲရိုက်လို့ ရပါမယ်။

Pet လေးတွေနဲ့ တွေ့ဆုံဆော့ကစားဖို့ အချိန်က အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။ ကျန်တဲ့ အချိန်တွေကတော့ ဆရာကြီးတွေ နားမယ့်အချိန်ပါနော်။

10:00am-11:00am->Show Time

11:30am-12:30pm->Show Time

2:00pm- 3:00pm-> Show Time

3:30pm-4:30pm-> Show Time

5:00pm-6:30pm-> Show Time

အိမ်က ကိုယ်ပိုင် Pet တွေကို ခေါ်ခွင့်မပြုဘူးဆိုတာက Pet အချင်းချင်း ရောဂါကူးဖို့ Chance ကလည်း များတာမို့ ကန့်သတ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် Pet Hub Cafe ရဲ့ အောက်ထပ် ဝင်ဝင်ချင်းမှာ Pet Spa လေး ရှိတာမို့လို့ တိလေးတွေကို အောက်ထပ် Spa မှာ ထားခဲ့ပြီး Grooming လုပ်နေချိန် ကိုယ်က အပေါ်ထပ် Dining Room မှာ မုန့်ဝင်စား၊ အအေးဝင်သောက်တာမျိုးတော့ လုပ်လို့ရပါတယ်။

ဆိုင်ကို စိတ်ဝင်စားလို့ သွားမယ်ဆိုရင် -

အမှတ် ၂၅၊ အေးရိပ်မွန်(၂)လမ်း၊ လှိုင်မြို့နယ်၊ ISMကျောင်းအနီး

ဆိုင်ဖွင့်ချိန် မနက်၉နာရီမှ ည၇နာရီအထိ

Ph-09892625166

Bus ကားစီးပြီး သွားမယ်ဆိုရင် ရွှေပိတောက်ငါးစျေးအနီး၊ ISM ကျောင်းအနီးကို သွားရမှာဖြစ်ပါတယ်။ မှတ်တိုင်အနေနဲ့ဆိုရင် သီရိမင်္ဂလာစျေးသစ်မှတ်တိုင်မှာ ဆင်းရပါမယ်။ မှတ်တိုင်ရောက်ရင် KBZ ဘဏ်ကို တွေ့ပါမယ်။ KBZဘဏ် ကပ်ရက်လမ်းကဝင် - (၂) လမ်းမြောက်ကို ရောက်ရင် ဘယ်ဘက်ကို ချိုးရပါမယ်။
လမ်းရဲ့ အလယ်မှာ Pet Hub Cafe ဆိုင်လေး ရှိပါတယ်။


Read 349 times.