Cafes & Restaurant

Oldie စတိုင် Decoration နဲ့ Nostalgic Vibe ရစေတဲ့ ကော်ဖီဆိုင် (၇) ဆိုင်

January 22, 2024

ဒီတစ်ပတ်အတွက် ၁၉၉၀ ပြည့်နှစ်အလွန်တွေဆီကို ပြန်လည်ခေါ်ဆောင်ပေးသွားမယ့် ကော်ဖီဆိုင် (၇) ဆိုင်ကို ရွေးချယ် စုစည်းပေးထားပါတယ်။ အမိုက်စား Decoration ဆိုတာထက် ရှေးဆန်ပြီး တိတ်ဆိတ်အေးချမ်းတဲ့ နေရာလေးတွေမို့ စာအုပ်လေးဖတ်ရင်း ကော်ဖီဆိုင်ထိုင်ချင်တဲ့သူတွေ၊ ရိုးရိုးရှင်းရှင်းနဲ့ လူရှုပ်တာ သိပ်မကြိုက်တဲ့သူတွေ ရွေးချယ်သင့်ပါတယ်။  

၁။ ပေါင်မုန့်ဆိုင်

ပြင်သစ်ပေါင်မုန့်လေးတွေ အဓိကရောင်းတဲ့ ဖိုးစိန်လမ်းထဲက "ပေါင်မုန့်ဆိုင်" လို့ခေါ်တဲ့ ဆိုင်လေးပါ။ သူ့ဆိုင်မှာ ကိုယ်တိုင်ဖုတ်ပြီး ရောင်းတဲ့ ပြင်သစ်ပေါင်မုန့်မွှေးမွှေးလေးတွေရယ်၊ နှပ်ကော်ဖီ၊ နို့၊ လက်ဖက်ရည်နဲ့ အအေးတွေပဲ ရပါတယ်။ ဆိုင်ပုံစံက စားပွဲဝိုင်းနည်းနည်းလေးနဲ့ ရှေးဆန်တဲ့အပြင် နွေးထွေးမှုကိုလည်း ရရှိစေပါတယ်။ 

ခြံဝန်းထဲမှာဆို စိမ်းစိမ်းစိုစို ပန်းပင်လေးတွေ ရှိတာကြောင့် စိတ်ကို ပိုကြည်လင်လန်းဆန်းစေပါတယ်။ ခြံအကျယ်ကြီးထဲမှာ ထိုင်လို့ရအောင်လည်း စားပွဲဝိုင်း (၃) ဝိုင်းလောက် လုပ်ပေးထားပါတယ်။ အိမ်ထဲမှာလည်း ထိုင်လို့ရအောင် ဝိုင်းလေးတွေ စီစဉ်ပေးထားပါတယ်။

ဆိုင်မှာ ကော်ဖီသောက်ရင်း စာအုပ်လေးတွေ ဖတ်ပြီး အေးအေးဆေဆေး ငြိမ့်ဖို့ ပြင်သစ်၊ မြန်မာ၊ အင်္ဂလိပ်စာအုပ်လေးတွေ ထားပေးထားပါတယ်။ ပြင်သစ်စာအုပ်လေးတွေပါ ရှိတော့ ပြင်သစ်စာ လေ့လာနေတဲ့သူတွေအတွက်ဆို ပိုအဆင်ပြေတာပေါ့။ 

မနက် (၇) နာရီခွဲမှ ညနေ (၃) နာရီအထိ

ဖုန်း - 09 266 481 813

လိပ်စာ - Holiday Hotel မျက်နှာချင်းဆိုင်လမ်း၊ လမ်းသွယ်အဆုံး၊ တာမွေမြို့နယ်။ 

၂။ Untitled Dessert Studio 

ပုံမှန် ကော်ဖီဆိုင်တွေ၊ ကိတ်ဆိုင်တွေနဲ့ မတူတဲ့ အမှတ်တရကောင်းတွေ ဖန်တီးလို့ရတဲ့ ရှေးဟောင်းအိမ်ပုံစံ ဆိုင်လေးပါ။ သူ့ဆိုင်မှာ သဘောကျစရာ အကောင်းဆုံးအချက်က စိတ်ကို တည်ငြိမ်စေတဲ့ DIY Activity လေးတွေ လုပ်ဆောင်လို့ ရပါတယ်။

ဒါကြောင့် သာမန် ကော်ဖီဒိတ်နဲ့ မတူဘဲ အမှတ်တရကောင်းတွေ ဖန်တီးနိုင်မှာပါ။  ကိတ်အလှဆင်ခြင်း၊ အိုးပုတ်ဆေးခြယ်ခြင်း၊ ပန်းချီဆွဲခြင်း၊ ချည်ထိုးခြင်း၊ ပန်းစည်းပြုလုပ်ခြင်းတို့အပြင် စာထိုင်ဖတ်ချင်လည်း ရပါတယ်။ 

သူ့ဆိုင်မှာ Tarts၊ Cupcakes၊ Cookies၊ Brownies နဲ့ Cheese Cake တို့ရပါတယ်။ Food Menu အနေနဲ့က ဆိတ်မွှထမင်း၊ ကြက်မွှထမင်း၊ လက်ဖက်ထမင်း၊ ခေါက်ဆွဲပြုတ် စသဖြင့် ဗိုက်၀စေမယ့် မီနူးတွေ ရပါတယ်။ သောက်စရာဆိုရင် Soda Drinks နဲ့ Juice တို့ပဲ ရှိပါသေးတယ်။  

Address - No (172), 47th Street (Upper Block), Botahtaung Township, Yangon. 
Phone - 09 42011 1172

၃။ Old Eain - အိုးလ်အိမ် ကဖေး

"Old Eain - အိုးလ်အိမ် ကဖေး" ဟာဆိုရင် သီချင်းသံ တိုးတိုးလေးကြားမှာ ငယ်ဘဝအမှတ်ရစရာလေးတွေ ပြန်ပြောကြရင်း ဆွေးလို့ သိပ်ကောင်းတဲ့နေရာလေး ဖြစ်ပါတယ်။ များသောအားဖြင့် ဒီဆိုင်ကို ငယ်သူငယ်ချင်းအဖွဲ့လိုက်တွေ လာတာများပြီး ကော်ဖီလေး သောက်လိုက် ငယ်ငယ်က အမှတ်တရတွေ ထိုင်ပြောလိုက် ရယ်မောလိုက်နဲ့ အေးချမ်းတဲ့ နေရာလေးပါပဲ။

ဆိုင်ရဲ့ အပြင်အဆင်တွေကလည်း ရှေးဆန်တဲ့ မြန်မာအိမ်အိုဟောင်းလေးပုံစံ ရှိတဲ့အတွက် ဓာတ်ပုံရိုက်ပြီး အမှတ်တရကောင်းတွေ ဖန်တီးနိုင်တဲ့အပြင် အဖီးလ်တလိုင်းလေးတွေအတွက် ဆွေးစရာ ဆိုင်လေးတစ်ဆိုင်လည်း ဖြစ်ပါတယ်။ ​သူ့ဆိုင်ရဲ့ ထူးခြားချက်က ကော်ဖီကို သူများ​တွေနဲ့မတူအောင် ထန်းလျက်နဲ့ ​ဖျော်​ပေးတာပါ။

တိုက် (၅) အခန်း(၅) ဦးဝိစာရ အိမ်ယာ၊ မင်းမနိုင် ရပ်ကွက်မှာပါ ရှင့်၊ ဒဂုံပန်းခြံလေး ရဲ့ မျက်နှာချင်းဆိုင်ဖက်မှာပါ။
Phone - 09954280503

၄။  Pansodan Scene Art Cafe

ပန်းဆိုးတန်းလမ်းမပေါ်က "Pansodan Scene Art Cafe" ဆိုင်ရဲ့ အပြင်အဆင်က ရှေးဟောင်းဆန်ပြီး အနုပညာအငွေ့အသက်တွေ လွှမ်းခြုံနေတာမလို့ ဓာတ်ဖမ်းလို့ကောင်းတဲ့ ကော်ဖီဆိုင်ဆိုရင်လည်း မမှားပါဘူး။ ဝါသနာပါရင် ဆိုင်မှာရှိတဲ့ စန္ဒယားကိုတောင် ဝင်တီးလို့ ရပါသေးတယ်။ ဆိုင်က အညာအထာ အစားအသောက်မီနူးတွေနဲ့ ကော်ဖီတွေက စျေးမများဘဲ အရသာလည်း ကောင်းပါတယ်။

144 Pansodan Street, Second floor, Middle block Kyauktada,, Yangon, Myanmar

09 766 756584

၅။ Cafe' Deja Brew

“Cafe' Deja Brew cafe & art space” ဆိုတဲ့အတိုင်း အနုပညာ ဆန်းသစ်တီထွင်မူတွေ၊ Recycle ပစ္စည်းလေးတွေနဲ့အတူ Vintage ဆန်ဆန် အပြင်အဆင်လေးတွေ ရောနှောထားတဲ့ ချစ်စရာကော်ဖီဆိုင်လေး ဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကော်ဖီစေ့ကို အဓိက အသုံးပြုပြီး ဖန်တီးထားတဲ့ မြန်မာ့ကော်ဖီစစ်စစ် အရသာကို ထူးခြားစွာ ခံစားရမှာပါ။

Open - 9:00 am : 4:30 pm ( currently) 
No(102), Bogalayzay Street, DohEain Office 

၆။ "Coffee Sine - ကော်ဖီဆိုင်" 

ဆိုင်အပြင်အဆင်ကို မျက်စိထဲ မြင်အောင်ပြောရမယ်ဆိုရင် ရှေးမြန်မာအိမ်တွေမှာ ရှိတတ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ သစ်သားစားပွဲလေးတွေ၊ ကြိမ်ခုံလေးတွေ၊ သစ်သားကြမ်းခင်းလေးတွေ၊ အိမ်တွင်းစိုက် အပင်လှလေးတွေ၊ စာအုပ်စင်နဲ့ မျက်စိပသာဒဖြစ်စေတဲ့ ပန်းချီကားချပ်လေးတွေက 90's Era ကို ပြန်ရောက်သွားသလို ခံစားရစေပါတယ်။  

ဒီဆိုင်ငယ်လေးထဲ ကော်ဖီ၊ စာပေ၊ အနုပညာ (၃) ခုကို ပေါင်းစပ်ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ ကော်ဖီသောက်ရင်း စာအုပ်လေးဖတ်၊ ပန်းချီကားလှလှလေးတွေကို ခံစားနိုင်မယ့်အပြင် ဝိုင်ဖိုင်လည်းရှိတော့ Peaceful ဖြစ်တဲ့နေရာလေးမှာ အေးဆေးထိုင်ချင်သူတွေအတွက် အဆင်ပြေပါတယ်။

ဒီဆိုင်လေးမှာ ရရှိနိုင်တဲ့ အစားအသောက်တွေ အကုန်လုံးက Halal ဖြစ်လို့ စိတ်သန့်သန့်နဲ့ လူမျိုးဘာသာမရွေး သုံးဆောင်နိုင်ပါတယ်။

လိပ်စာ (၁) - အမှတ် ၁၃၄၊ ၃၉ လမ်း အောက်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
လိပ်စာ (၂) - အမှတ် (၃၃ - C)၊ မိုးကောင်းလမ်းသွယ်၊ ဘောက်ထော်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 09 950 434444

၇။ Ambrosia Bakery and Kitchen

ဒီဆိုင်လေးက (၃) ထပ်ရှိပြီး Vibe (၃) မျိုး ရစေတဲ့ ဆိုင်လေးပါ။ အောက်ထပ်က ကော်ဖီဆိုင်လေးဖြစ်ပြီး ဒုတိယထပ်မှာဆို ရှေးဆန်တဲ့ Boho စတိုင် အပြင်အဆင်လေးမို့ သီးသန့်ကမ္ဘာလေးထဲ ရောက်သွားသလို ခံစားရစေပါတယ်။ အပေါ်ဆုံးထပ်ကတော့ Bar လေးပါ။ သူ့ဆိုင်မှာ ကော်ဖီတွေ၊ ကိတ်တွေကစလို့ မာလာရှမ်းကော၊ မောက်ချိုက်၊ ဂဏန်းဟင်းတွေအထိ အကုန်ရနိုင်ပါတယ်။ သောက်စရာတွေကလည်း ဖာလူဒါကစလို့ Cocktail အထိ ရွေးချယ်စရာ ရှိပါတယ်။ 

အမှတ် ၃/အေ၊ ဗိုလ်အောင်ကျော်လမ်းမကြီး၊ လှိုင်သာယာ ၁၆ကွေ့မှတ်တိုင်၊ ရန်ကုန်။

Ph : 09 420006950

Daily Open : 8:00 AM to 9:30 PM


Read 317 times.