Special Deals

အောက်တိုဘာလအတွင်း မက်လောက်စရာ ပရိုမိုးရှင်းတွေ ပေးနေတဲ့ ဆိုင် (၅) ဆိုင်

October 3, 2023

လစာထုတ်ထားခါစဆိုတော့ လက်ထဲ သားရေကွင်းပဲ မကျန်ခင် အခုပြောပြပေးမယ့်ဆိုင်တွေမှာ စျေးလျှော့ထားတုန်းလေး သွားစားကြည့်ပြီး ပရိုမိုးရှင်းတွေ ယူလိုက်ဦးနော်။ အောက်တိုဘာလအတွင်းမှာ ပရိုမိုးရှင်းပေးထားတဲ့ စားသောက်ဆိုင်တွေ၊ ပင်လယ်စာနဲ့ အကင်ဆိုင်တွေ၊ ဘားတွေကို အောက်မှာ အသေးစိတ် ဖော်ပြပေးထားပါတယ်။

၁။ Thaw Ka Nyein Seafood & BBQ 

ဒီဆိုင်က အသောက်ရော၊ အမြည်းတွေပါ စျေးတန် အရသာကောင်းပြီး ဘီယာ/ကော့တေး Promotion Set တွေပါရှိတော့ လုံးဝ ဘတ်ဂျတ်ဖြစ်တဲ့ ဆိုင်လေးပါ။ ဘီယာ (၁) တာဝါ အပါအဝင် အမြည်း (၃) ပွဲကိုမှ ၃၀,၀၀၀ ကျပ်တည်းနဲ့ Set တွေ စီစဉ်ပေးထားပါတယ်။ သူ့ဆိုင်ရဲ့ ပရိုမိုးရှင်း Set တွေကတော့ - 

Set A - 30000 ks 
(ဘီယာတစ်တာဝါ + ကြက်ကြွပ်ကြော် + ကြက်တုန်ယမ်းဟင်းချို + ပုဇွန်ထောင်း ) 

Set B - 30000 ks
(ဘီယာတစ်တာဝါ + ငါးခဲပတ် + ကန်စွန်းပလိန်း + ကြက်ဂွေးတောက် ) 

Cocktail ကြိုက်တဲ့သူတွေအတွက်

Set C - 25000 ks
TKN Pot ( OR ) First Date Cocktail + ကြက်မာလာရှမ်းကော + ငါးမုန့်ကြော် + အပ်မှိုထောင်း 

Set D - 25000 ks 
TKN Pot ( OR ) First Date Cocktail + ဂဏန်းပျော့ကြော် + ငါးမုန့်ကြော် + ကြက်ဂွေးတောက် 

ဒါ့အပြင် အသောက်မပါဘဲ စားပဲစားချင်တာဆိုရင် ဟင်းပွဲ ၄ မျိုး ပါတဲ့ ၁၇,၀၀၀ ကျပ်တန် ပရိုမိုးရှင်း Set တွေလည်း ရှိပါသေးတယ်။ 

No.37 , Parami Road , 16 Quarter , Hlaing Township, Yangon ( ပါရမီစိန်ဂေဟာ မျက်နှာချင်းဆိုင် ) 
09787841500
Opening Hours - ( 11 am ~ 10 pm ) 

၂။ Mr.Chef
အောက်တိုဘာ (၁) ရက်နေ့ကနေ (၁၅) ရက်နေ့အထိ Mr.Chef ရဲ့ ဆိုင်ခွဲတိုင်းမှာ အောက်ပါ ဘယ်ထမင်းကြော် မီနူးကိုမဆို ဆိုင်မှာ ထိုင်စား (သို့) ပါဆယ် ဝယ်မယ်ဆိုရင် ၁၀% လျှော့စျေး ရရှိမှာ ဖြစ်ပါတယ်။ 

- အမေရိကန်ထမင်းကြော်
- Mr Chef အထူးထမင်းကြော်
- မလေးရှားထမင်းကြော်
- ဝက်ခေါက်ပင်စိမ်းထမင်းကြော်
- ဂုံးကြက်ဥထမင်းကြော်
- တရုတ်ထမင်းကြော်

Mr Chef ဆိုင်က ရှော့ပင်းမောလ်တွေမှာလည်း ရှိလို့ လစာထုတ်ရက် စျေးဝယ်ထွက်ရင်း ၁၀% ပရိုမိုးရှင်း ယူပြီး ဗိုက်ဝင်ဖြည့်လို့ ရပါတယ်။  

ရန်ကုန်မြို့
Mr.Chef (Sule) - အမှတ် ၂၂၂၊ ဆူးလေဘုရားလမ်း၊ ကုံးထက်ကြက်ဆီထမင်းဆိုင် အပေါ်ထပ်၊ကျောက်တံတားမြို့နယ်။ (09 778558842)
Opening Time – 9AM to 8PM

Mr.Chef (City Mall St.John) - Level 3, St.John City Mall , ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ လမ်းမတော်မြို့နယ်။ (09 940668999)
Opening Time – 9AM to 9PM

Mr.Chef (Terminal-M) - Level 2, Terminal-M Leisure Mall, အမှတ် ၃လမ်းမကြီးနှင့် ခရေပင်လမ်းထောင့်၊ မင်္ဂလာဒုံမြို့နယ်။ (09 777077940)
Opening Time – 9AM to 7PM

Mr.Chef (Hledan) - Level 4, ဂမုန်းပွင့် (စံရိပ်ငြိမ်) စင်တာ၊ လှည်းတန်း၊ ကမာရွတ်မြို့နယ် (09 7777 18253)
Opening Time – 9AM to 7PM

Mr.Chef(MM Plaza) - Level 3, Myanmar Plaza Shopping Mall, ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်။ (09 77744 8681)
Opening Time - 9AM to 8PM

Mr.Chef (North Oakala) - အမှတ် ၆၀၅၊ သုဓမ္မာလမ်းမကြီး၊ င ရပ်ကွက်၊ မြောက်ဥက္ကလာဝိုင်းအနီး၊ City Mart ဘေး၊ မြောက်ဥက္ကလာပ မြို့နယ် (09 7777 96243)
Opening Time – 10AM to 10PM

Mr.Chef Express (Time City) - Inside Local Kitchen Food Court,Level-4, Jewelry Mall, Time City၊ စမ်းချောင်းမြို့နယ် (09 778765513)
Opening Tine - 9AM to 7PM

မန္တလေးမြို့ 

Mr.Chef (Mandalay) - မြေညီထပ်၊ Mingalar MaSoeYein Cineplex ၊ လမ်း ၈၀၊ ၂၆x၂၇ ကြား၊ မန္တလေးမြို့။ (09 942558999)
Opening Time - 10AM to 8PM

Mr.Chef (Mingalar Mandalay) -
Level - 3, Ocean Super Center, Mingalar Mandalay, ချမ်းမြသာစည်၊ မန္တလေးမြို့။
(09 788 339 184)

လားရှိုးမြို့ 
Mr.Chef (Lashio) - ၂/၆/၁၅၁ ဒေါနလမ်းနှင့် မြတ်လေးလမ်းထောင့်၊ ရပ်ကွက် ၂ ၊ လားရှိုးမြို့။ (09 777670019)
Opening Time – 9AM to 9PM

၃။ ဓလေ့ BBQ

ဒီဆိုင်လေးက လူငယ်တွေ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး အေးဆေး Chill လို့ ရမယ့် အာသောကလမ်းထဲက ဓနိတဲအိမ်ပုံစံ အကင်ဆိုင်လေးပါ။ October လမှာ မွေးတဲ့သူတိုင်းအတွက် အထူးအစီစဉ်လေး ဓလေ့မှာ ပြုလုပ်ပေးထားပါတယ်။ အဲ့တာကတော့ ကိုယ့်အဖွဲ့ထဲမှာ October Born တစ်ဦးပါတာနဲ့ တစ်ဖွဲ့လုံးစာ ၁၀% လျှော့စျေး ခံစားနိုင်မှာ ဖြစ်ပါတယ်။

သူ့ဆိုင်မှာ ဘာတွေ နာမည်ကြီးလဲဆိုရင် ၃၀၀ ကျပ်က စရွေးလို့ရတဲ့ စီချွမ်အကင်တွေ၊ မာလာရှမ်းကော စားရတာ ရိုးနေပြီဆိုတဲ့သူတွေအတွက် စီချွမ်အရသာ Dry Pot၊ ပူပူရှိန်းရှိန်းလေးနဲ့ သောက်လို့ကောင်းတဲ့ Signature Soup တို့ရှိပြီး ခရမ်းသီးကြက်ဥကင်တို့၊ ပြည်ကြီးငါးဥကင်တို့ကိုလည်း မီနူးအဆန်းလေးမလို့ လူအစားများကြပါတယ်။ သောက်စရာအနေနဲ့ Cold Drinks တွေ ရပြီး ယမကာလုလင်တွေအတွက်တော့ အပြင်က ပုလင်းဆွဲလာလို့ ရပါတယ်။ Bottle Charges ပေးစရာ မလိုပါဘူး။ 

၄။ The Valley Cafe & Restaurant

ဒီဆိုင်ကတော့ မြန်မာမနက်ခင်း အစားအစာတွေ၊ နေ့လည်စာ မြန်မာ ထမင်းနဲ့ ဆီပြန်ဟင်းတွေ၊ ငပိရည်၊ တို့စရာအစုံအလင်၊ အသုပ်တွေ၊ အဆာပြေမုန့်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အသီးဖျော်ရည်တွေ ရပါတယ်။ သူ့ဆိုင်က မြန်မာဟင်းလျာတွေ၊ မြန်မာရိုးရာအစားအသောက်တွေကို Luxury Vibe နဲ့ Fine Dining ပုံစံ စားချင်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ ဆိုင်ပါ။

ဆိုင်အပြင်အဆင်နဲ့ အရှိန်အဝါကြောင့် အစားအသောက်စျေးကတော့ အနည်းငယ် ကြီးပါတယ်။ ဒါပေမဲ့ ဘယ် Food မီနူးမဆို ၃၅% အထိ ပရိုမိုးရှင်း ပေးနေတဲ့ အောက်တိုဘာ (၁) ရက်နေ့ကနေ (၈) ရက်နေ့အတွင်း ဆိုင်မှာ သွားစားမယ်ဆိုရင်တော့ တန်သွားပါပြီ။

Parami Valley Residences, Parami Road, Between Pyay Road and Mindhama Road, Hlaing Township, Yangon
09 949 216819  

၅။ Sate Kyite Seafood

ကမ်းခြေမသွားသေးဘဲ နီးနီးနားနားက ပြည်သူ့ဥယျာဉ်ဝင်းထဲမှာ ရှိတဲ့ ကမ်းခြေ Vibe နဲ့ ပင်လယ်စာ လတ်လတ်ဆတ်ဆတ်တွေ ရောင်းတဲ့ စိတ်ကြိုက်ပင်လယ်စာဆိုင်ကို အရင်သွားကြည့်လိုက်ပါဦးနော်။ သူ့ဆိုင်မှာ ဗိုက်ပူကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ်တွေအတွက် ပုဇွန်ကင်တစ်ပွဲ လက်ဆောင်ပေးနေသလို သီတင်းကျွတ် အထူးပရိုမိုးရှင်းအစီအစဉ်လည်း ရှိပါတယ်။ 

October လအတွင်း စိတ်ကြိုက်ပင်လယ်စာဆိုင်ကို ၄၂ လက်မကျော်တဲ့ ဗိုက်ပိုင်ရှင် လာတယ်ဆိုရင် ပုဇွန်ကင်တစ်ပွဲလက်ဆောင် ပေးမှာပါ။ ဒါ့အပြင် သီတင်းကျွတ် ပရိုမိုးရှင်းအနေနဲ့ ၂၅,၀၀၀ ကျပ်ဖိုးနဲ့အထက် စားတိုင်း Promotion Point 1 point ရရှိမှာဖြစ်ပြီး 

- 3 points ရတာနဲ့ ကင်းပွန်သံပုရာပေါင်း ၁ ပွဲ
- 7 points ရရင် ပုစွန်ကင်တစ်ပွဲ
- 11 points ရရင်တော့ Boiling Seafood တစ်ပွဲ လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ 

ပြည်သူ့ဥယျာဉ်ဝင်း၊ ရွှေတိဂုံဘုရားအနောက်ဘက်မုခ်၊ (Myanmar Culture Valley Shopping Center)အနီး၊ ဦးဝိစာရလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့
09260800500


Read 552 times.