Special Deals

O Sushi-Classic ရဲ့ Sushi မီနူးတိုင်း 40% Off ပရိုမိုးရှင်း

October 17, 2023

O-Sushi လို့ ပြောလိုက်ရင်တော့ အချိန်ကန့်သတ်ချက်မရှိ စျေးတန်တန်နဲ့ အ၀စားလို့ရတဲ့ ဆူရှီဘူဖေးဆိုင်လို့ သိကြမယ်ထင်ပါတယ်။ သူ့ရဲ့ ဆိုင်ခွဲတွေထဲက တစ်ခုဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ ရတနာလမ်းက O Sushi-Classic မှာ သီတင်းကျွတ်ပရိုမိုးရှင်း အစီအစဉ် လုပ်ပေးထားပါတယ်။

ဂျပန်ဆိုင်ဖြစ်တဲ့အတွက် ဂျပန်အပြင်အဆင်အတိုင်း အောက်မှာ ထိုင်ရတဲ့ ဝိုင်းပုံစံတွေ၊ အကန့်တွေနဲ့ သီးသန့်ဝိုင်းတွေ ရှိပြီး ဆိုင်က အဆင့်အတန်းမြင့်တဲ့ ပုံစံမျိုးပါ။ ရွေးချယ်စရာ Sushi၊ Sashimi အမျိုးအမယ် စုံပြီး ဂျပန်အရသာအတိုင်း Luxury Feeling မျိုး ခံစားရစေမယ့် ဆိုင်ပါ။ 

ဆိုင်မှာ လူငယ်တွေအကြိုက် Insta Spot နေရာတွေလည်း ရှိတာမို့ ဂျပန်မီးပုံးလေးတွေ၊ ဆာကူရာပန်းလေးတွေနဲ့ တခြားသော ဂျပန်ရိုးရာ Theme လေးတွေကို နောက်ခံထားပြီး ဓာတ်ဖမ်းလို့ ရပါတယ်။ ဒါ့အပြင် ကီမိုနိုလေး ဝတ်ပြီး ဂျပန်ဆန်ချင်တယ်ဆိုလည်း ဆိုင်က အကို၊ အမတွေက စီစဉ်ပေးပါသေးတယ်။ Fees အနေနဲ့ ၀တ်စုံ‌ကြေး လုံး၀ ပေးစရာမလိုဘဲ Free ရိုက်လို့ရမှာ ဖြစ်ပါတယ်။ 

     Advertisement

Click Here > YC

သူ့ဆိုင်မှာ ၁,၀၀၀ ကျော်ဝန်းကျင်က စပြီး သိန်းကျော်အထိ Japan Cuisine မီနူးပေါင်း ၃၀၀ ကျော်တောင် ရှိတာမို့ စျေးနည်းတာဖြစ်ဖြစ်၊ စျေးကြီးတာဖြစ်ဖြစ် နှစ်သက်ရာ ရွေးချယ် စားသုံးလို့ ရပါတယ်။ နောက်ပြီး Sake၊ Beer၊ Champagne၊ Cocktails နဲ့ Cold Drinks တွေလည်း အစုံ ရပါတယ်။ 

သီတင်းကျွတ်ပရိုမိုးရှင်းအနေနဲ့ကတော့ ဆိုင်မှာ ဆူရှီနဲ့ ပတ်သက်တဲ့ ဘယ်မီနူးကိုမဆို 40% Off လျှော့စျေးနဲ့ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သောက်စရာ ဘာ Drinks သောက်သောက် ထက်ဝက်လျှော့စျေး 50% Off နဲ့ ရရှိမှာ ဖြစ်ပါတယ်။ 

ဆိုင်မှာ ထိုင်စားအတွက်ရော ပါဆယ်အတွက်ပါ ဒီပရိုမိုးရှင်းက အကျုံးဝင်မှာ ဖြစ်ပြီး ပရိုမိုးရှင်းရက်ကတော့ အောက်တိုဘာလ (၁၅) ရက်နေ့ကနေ (၃၁) ရက်နေ့အထိ ရက်အများကြီး ပေးထားတာ ဖြစ်ပါတယ်။ 

Sushi ကို Premium Taste နဲ့ ဂျပန်အရသာအတိုင်း ဆိုင်မှာ အေးအေးဆေးဆေး ထိုင်စားချင်တယ်ဆိုရင် ရွေးချယ်သင့်တဲ့ ဆိုင်တစ်ဆိုင်ပါ။ ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ သီတင်းကျွတ်ပိတ်ရက်မှာ အမှတ်တရကောင်းတွေ ဖန်တီးနိုင်ဖို့ O Sushi-Classic ရဲ့ ပရိုမိုးရှင်းအကြောင်း သတင်းကောင်းပါးပေးလိုက်ပါတယ်။

လိပ်စာ - No.10  (A/B)၊ Yadanar Road၊ 16/2 Quarter၊ Thingangyun Township၊ Yangon

ဘိုကင်လုပ်ရန် - 09 5057516 

ဆိုင်ဖွင့်ချိန် : 10:00AM - 10:00PM


Read 344 times.