Best Cuisine

Free Delivery အပြင် 10% Off ပါရမယ့် NK Korean & Japanese Food House

November 30, 2020

ကိုရီးယားက တော့ပုကီလား၊ ဂျပန်ပြည်က ဆူရှီလား၊ နှစ်နိုင်ငံလုံးမှာရှိတဲ့ Foodie တို့အကြိုက် စားသောက်ဖွယ်ရာတွေကို တစ်ဆိုင်ထဲ မှာယူလို့ရမယ့် ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဆေးကျောင်းသားလေးတွေကတော့ ဒီဆိုင်ကို ရင်းနှီးပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။ ဆိုင်လေးက မြောက်ဥက္ကလာပ၊ ‌ဆေးတက္ကသိုလ်(၂) ရှေ့မှာ ဖွင့်လှစ်ထားတဲ့ NK Korean & Japanese Food House ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။

Samgyupsal 101: How to Maximize Your KBBQ Experience - Discover MNL

ဒီဆိုင်လေးမှာတော့ ချင်းဂုတို့အကြိုက် ကိုရီးယားအစားအစာတွေ ဖြစ်တဲ့ တော့ပုကီ၊ ကိုရီးယား ထမင်းသုတ်၊ သုံးထပ်သားကင်၊ ပဲခေါက်ဆွဲ၊ ငါးအူချောင်း စတာတွေအပြင် အခြားသော ကိုရီယား ရိုးရာ စားစရာ မျိုးစုံ ရရှိနိုင်ပါတယ်။ ဒါ့အပြင် ဂျပန်ပြည်ရဲ့ Trademark ဖြစ်တဲ့ ဆူရှီကိုလည်း အမျိုးအစား စုံစုံလင်လင် ရရှိနိုင်တယ်နော်။

ဒီဆိုင်လေးရဲ့ နာမည်အကြီးဆုံး ဟင်းလျာတွေထဲက တစ်ခုကတော့ Korean Army Stew လေးပဲ ဖြစ်ပါတယ်။ ဒီဟင်းပွဲလေးကတော့ ခေါက်ဆွဲ၊ ကင်မ်ချီ၊ ကြက်သား (သို့) ဝက်သား၊ အပ်မှို၊ တော့ပုကီ၊ ငုံးဥ၊ ချိစ်နဲ့ အသားလုံးတွေကို Sauce တွေနဲ့ အိုးကြီးထဲ ထည့်ပြုတ်ပြီး ပူပူနွေးနွေး စားရတာမျိုး ဖြစ်ပါတယ်။

Korean Army Base Stew | Budae Jjigae

ဒီဟင်းပွဲလေးက တစ်ပွဲကို ၁၂,၅၀၀ ကျပ် ပေးရပြီး လူ(၄)ယောက် (အစားကြီးရင် ၃ယောက်)အထိ စားလို့ရတာမို့ အရမ်းတန်ပြီး လူကြိုက်များတဲ့ ဟင်းပွဲလေးပါပဲ။ ဒီဟင်းပွဲမှာ ကြက်သားနဲ့ ဝက်သားအပြင် ပင်လယ်စာတွေနဲ့လည်း စားလို့ရပါတယ်နော်။

ဒီဆိုင်မှာ ရရှိနိုင်မယ့် နောက်ထပ် နာမည်ကြီး ကိုရီးယား အစားအစာတစ်မျိုးကတော့ သုံးထပ်သားကင် ပါပဲ။ ကိုရီးယားမြေမှာလိုမျိုး အကင်လေးကို ကင်မ်ချီနဲ့ ဆလပ်လေး ထုပ်ပြီး စားပြီး ဆိုဂျူလေး မော့လိုက်ရရင်ဖြင့် KDrama ထဲ ရောက်သွားသလို ခံစားသွားရမှာ အသေအချာပါပဲ။ (ဆိုင်မှာတော့ ဆိုဂျူ မရောင်းဘူးနော်)

ကိုရီးယားစာတွေအပြင် ဆူရှီချစ်သူများအတွက် ဆူရှီအမျိုးအစားပေါင်း (၁၅) မျိုးနဲ့ အခြား ဂျပန်ရိုးရာ စားစရာတွေ ဖြစ်တဲ့ ပင်လယ်ရေညှိသုပ်၊ ရေဘဝဲကြော်၊ ပုဇွန်တန်ပူရာကြော်၊ ရှိရှားမို ငါးကင်၊ ဆာဘ ငါးကင်၊ ဆော်လမွန်ငါး၊ မီဆိုဟင်းချိုနဲ့ တစ်ခြားသော စားသောက်ဖွယ်ရာ မျိုးစုံကိုလည်း ရရှိနိုင်ပါသေးတယ်။

Homemade Sushi Rolls (Step-by-Step Guide, Recipe Tips & Video)

ဆူရှိအပြင် နာမည်ကြီးတာတော့ ရေဘဝဲကြော်လေးပါပဲ။ ဒီဆိုင်လေးမှာ စားစရာတွေအပြင် Drink Menu ကလည်း အစုံရှိတယ်နော်။ ဒါ့အပြင် ဈေးနှုန်းကလည်း ထင်မထားလောက်အောင် ချိုသာနေတာမို့ အစားတလိုင်းလေးတွေကတော့ ဒီဆိုင်လေးကို လုံးဝအကြိုက် တွေ့လိမ့်မယ်ဆိုတာ အသေအချာပါပဲ။

ဆိုင်လေးရဲ့ Menu အစုံနဲ့ ဈေးနှုန်းလေးတွေကို ဒီလင့်ခ် (https://bit.ly/2JkbFdn) လေးမှာ ဝင်ကြည့်လို့ ရပါတယ်။ လောလောဆယ်မှာ ကိုဗစ်ကာလ ဖြစ်တာကြောင့် ဆိုင်မှာထိုင်စားလို့တော့ မရသေးပါဘူးနော်။ Takeaway သို့မဟုတ် Delivery နဲ့ပဲ မှာလို့ ရပါသေးတယ်။  

Menu တွေလည်း ပြောပြပြီပြီဆိုတော့ အခု Foodie တို့ စိတ်အဝင်စားဆုံးဖြစ်တဲ့NK Korean & Japanese Food House ရဲ့ ဒီဇင်ဘာ ပရိုမိုးရှင်းလေးအကြောင်း လာပါပြီနော်။

ပရိုမိုးရှင်းလေးကတော့ ဒီဆိုင်လေးရဲ့ လူကြိုက်အများဆုံး ဟင်းပွဲတစ်ခုဖြစ်တဲ့ Korean Army Stew ကို ဒီဇင်ဘာတစ်လလုံး 10% Off နဲ့ မှာယူနိုင်မယ့်အပြင် သန်လျင်၊ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်များက လွဲပြီး တစ်ခြား ဘယ်မြို့နယ်ကမဆို ငွေကျပ် (၃၀,၀၀၀) ဖိုးနဲ့ အထက် မှာယူသူတိုင်း ပို့ဆောင်ခ အခမဲ့ (Deli Free) နဲ့ လိုက်လံပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

Army Stew

ဆိုင်နဲ့ အနီးတဝိုက်မှာ ရှိတဲ့ မြိုနယ်အချို့ကိုတော့ အခုမှာ အခုအရောက်ပို့ပေးနိုင်ပြီး ဆိုင်နဲ့ ဝေးတဲ့ မြို့နယ်တွေကိုတော့ တစ်ရက်ကြိုမှာလိုက်ရုံနဲ့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်လေးကတော့ မနက် (၁၀) နာရီကနေ ည (၈) နာရီအထိ ဖြစ်ပါတယ်။

ဆိုင်လေးရဲ့ လိပ်စာကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။
https://bit.ly/3o58rcP


Read 1260 times.