Cafes & Restaurant

New Year မှာ လတ်ဆတ်တဲ့ Seafood အကင်စားချင်တယ်ဆိုရင် ဒီဆိုင်မှာရပြီနော်

December 28, 2022

အခုပြောပေးမယ့်ဆိုင်လေးကတော့ ငွေဆောင်တို့ ချောင်းသာတို့အထိ သွားစရာမလိုဘဲ ရန်ကုန်မှာပဲ ပင်လယ်စာတွေကို လတ်လတ်ဆတ်ဆတ်နဲ့ ကင်စားချင်လား၊  ချက်စားချင်လား အရသာမျိုးစုံနှင့် စိတ်ကြိုက်စားလို့ရမယ့် အင်းယားကန်ဘောင်မှာ ဖွင့်ထားတဲ့ Raw25 Fresh Seafood Distribution ဆိုတဲ့ ဆိုင်ပဲဖြစ်ပါတယ်။

ဒီဆိုင်မှာဆိုရင် အခြားစားသောက်ဆိုင်တွေလို အကင်ဆို အကင်သီးသန့်ကြီးမဟုတ်ဘဲ ကိုယ်တိုင်စားချင်တဲ့ ပုံစံကို ချက်ခိုင်းလို့ရတဲ့ ဆိုင်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ပင်လယ်စာတွေကို အိမ်မှာပဲ ကိုယ်တိုင်ချက်စားချင်သူတွေ အတွက်လည်း ပင်လယ်စာအစိမ်းတွေလဲ ရောင်းချပေးနေပါတယ်။

Menu အသစ်တွေဖြစ်တဲ့ ရှယ်နံရိုးကင်မ်ချီဟင်းရည်နှင့် Spicy Octopus လဲရရှိမှာဖြစ်လို့ ပင်လယ်စာတွေ ကိုလတ်လတ်ဆတ်ဆတ်စားချင်ရင်တဲ့ သူတွေအတွက် ဒီဆိုင်လေးကိုရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။

ဆောင်းလေတိုက်လို့ အေးချမ်းတဲ့ New Year မှာလည်း မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ဖြစ်ဖြစ်၊ ချစ်ရသူနဲ့ဖြစ်ဖြစ် အင်းယားကန်ဘောင်က Raw25 Fresh Seafood Distribution ဆိုင်လေးမှာ အလတ်ဆတ်ဆုံး Korea BBQ များကို သင့်တင့်တဲ့ဈေးနဲ့ သုံးဆောင်နိုင်ပြီးဖြစ်ပါတယ်။ 

လတ်ဆတ်တဲ့ ပင်လယ်စာတွေပါရတဲ့အပြင် အသောက်တစ်လိုင်းလေးတွေအတွက်လည်း ကော့တေးတာဝါ၊ ဘီယာတာဝါလဲရရှိမှာဖြစ်ပါတယ်။ 

Seafood ကို အများကြီးမဟုတ်ဘဲ တစ်ချောင်းချင်းစားချင်တဲ့သူတွေအတွက် gramလိုက်မဟုတ်ဘဲ အသက်သာဆုံးစျေးနှုန်း အကောင်းဆုံး quality ကိုရမယ့်အပြင် 10 ချောင်းဝယ် 1ချောင်း+အနှစ်ဆော့စ်(Free) ရမှာဖြစ်ပါတယ်။

ပင်လယ်စာဆိုင်များအတွက် လက်ကားဈေးသီးသန့်နဲ့ နယ်မြို့များအတွက် ကားဂိတ်အရောက်လည်းပို့ ပေးပါသေးတယ်။

Address - အင်းယားလမ်း၊ အင်းယားပန်းခြံ (ကန်ဘောင်အဝင်)၊ ရန်ကုန်။
Ph: 09-768900040
Fb Link >>> Raw25 Fresh Seafood Distribution

The Myanmar Restaurant Guide


Read 413 times.