Cafes & Restaurant

ကမ္ဘာပေါ်က အလှပဆုံးလို့ သတ်မှတ်ထားတဲ့ စားသောက်ဆိုင် (၆) ဆိုင်

November 29, 2020

အစားအသောက်ဟာ လူတွေအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်သလို လှလှပပ ဆိုင်အပြင်အဆင်ရှိတဲ့ စားသောက်ဆိုင်တွေဟာလည်း လူအတော်အများရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ 

လူတစ်ဦး ကျန်းမာဖို့ ကောင်းမွန်တဲ့ အစားအစာ လိုအပ်သလိုပါပဲ၊ ပြီးပြည့်စုံတဲ့ အစားအသောက်ကောင်း တစ်ခုဖြစ်ဖို့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့်လည်း နာမည်ကြီး စားသောက်ဆိုင်တွေဟာ သူမတူတဲ့ Decoration တွေနဲ့ စားသုံးသူတွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ 

ဒီကနေ့မှာတော့ လူအများက ကမ္ဘာ့အလှဆုံး စားသောက်ဆိုင်တွေအဖြစ် သတ်မှတ်ထားကြတဲ့ ဆိုင် (၆) ဆိုင်ကို ဗဟုသုတရဖွယ် ဖော်ပြပေးလိုက်ပါတယ်။

၁။ Eleven Madison Park, New York City

Coffee Gets First-Class Treatment at Eleven Madison Park | Time

နယူးယောက်မြို့မှာ တည်ရှိတဲ့ Eleven Madison Park ဆိုတဲ့ ဆိုင်လေးကတော့ ဆိုင်ထဲဝင်လိုက်တာနဲ့ Luxury Atmosphere ကို ခံစားရမှာ ဖြစ်ပြီး ဆိုင်ရဲ့ အပြင်အဆင်နဲ့ ဝန်ဆောင်မှုတွေက သင့်ကို ဘုရင်တစ်ယောက်လို ခံစားရစေမှာ ဖြစ်ပါတယ်။ ဒီဆိုင်လေးက ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင် စာရင်းတွေထဲမှာ အဆင့်(၁) ရရှိထားတဲ့ ဆိုင်လေးပါ။ 

၂။ Mirazur, Menton, France

Chef Mauro colagreco at Restaurant Mirazur in Menton south of France -  James Richardson Furniture

ပြင်သစ်မှာတည်ရှိတဲ့ Mirazur ဆိုတဲ့ ဆိုင်လေးကတော့ လှပတဲ့ ပင်လယ်ကမ်းရိုးတန်းကို နောက်ခံထားပြီး သူ့ရဲ့ ရိုးရှင်းပြီး လှပတဲ့ ဆိုင်အပြင်အဆင်ကြောင့် ကမ္ဘာ့အလှပဆုံး စားသောက်ဆိုင် စာရင်းထဲ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆိုင်လေးကတော့ ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင် စာရင်းမှာ နံပါတ် (၄) နေရာက ရပ်တည်နေတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။

၃။ White Rabbit, Moscow

The White Rabbit looking at Stalin's Seven Sisters - Liden & Denz

မော်စကိုမြို့က မိုးမျှော်တိုက်ကြီးတစ်ခုရဲ့ အပေါ်ဆုံးမှာ တည်ရှိတဲ့ White Rabbit ဆိုတဲ့ ဆိုင်ကတော့ ဖန်သားမျက်နှာကျက် ဆန်းပြားတဲ့ ဒီဇိုင်းကြောင့် နာမည်ကြီးနေတဲ့ ဆိုင်လေးတစ်ဆိုင်ပါပဲ။ မော်စကိုတစ်မြို့လုံးရဲ့ လှပတဲ့ ရှုခင်းတွေကို ဆိုင်ကနေ မြင်တွေ့နိုင်တဲ့အပြင် ခမ်းနားတဲ့ အပြင်အဆင်ကြောင့် ကမ္ဘာ့အလှပဆုံး စားသောက်ဆိုင်လေး တစ်ဆိုင်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်ပါတယ်။ 

၄။ Piazza Duomo, Alba, Italy

Ceretto's restaurant climbs World's 50 Best Restaurants rankings

အီတလီမှာ ရှိတဲ့ Piazza Duomo ဆိုတဲ့ ဆိုင်လေးကတော့ အင်မတန် ချစ်စဖွယ်ကောင်းတဲ့ အပြင်အဆင်ကို ပြုလုပ်ထားတာ ဖြစ်ပြီး ဆိုင်ထဲဝင်လိုက်တာနဲ့ Disney Land ရောက်သွားသလိုမျိုး ခံစားရစေမှာပါ။ ပုံထဲမှာ တွေ့ရတဲ့အတိုင်းပါပဲ။ တစ်ဆိုင်လုံးကို ပန်းရောင်ခြယ်ထားပြီး မျက်နှာကျက်မှာလည်း လက်ရာသေသပ်တဲ့ ပန်းချီတွေ ရေးဆွဲထားတာမို့ မိန်းကလေးတွေ အရမ်းသဘောကျနိုင်မယ့် ဆိုင်လေးတစ်ဆိုင်ပါ။ 

၅။ Steirereck, Vienna

Steirereck - Star Wine List

ဒီဆိုင်ကတော့ အင်မတန်ခေတ်ဆန်ပြီး လက်ရာသေသပ်တဲ့ ဒီဇိုင်းတွေနဲ့ ထူးထူးဆန်းဆန်း ဆိုင်လေးတစ်ဆိုင်ပါ။ ဆိုင်ရဲ့ အပြင် မျက်နှာပြင်တစ်ခုလုံးကို မှန်တွေနဲ့ ပြုလုပ်ထားပြီး အမှတ်မထင် ကြည့်လိုက်ရင် ဒီနေရာမှာ စားသောက်ဆိုင်တစ်ဆိုင် ရှိနေတယ်လို့တောင် ထင်ရမှာ မဟုတ်ပါဘူးနော်။ 

၆။ Alain Ducasse au Plaza Athénée, Paris

Swarovski Chandeliers At Alain Ducasse Au Plaza Athénée Chandelier

ဒီဆိုင်လေးကတော့ တော်ဝင်ဆန်တဲ့ လှပမှုတွေ လွှမ်းခြုံနေတဲ့ ဆိုင်လေးတစ်ဆိုင်ပဲ ဖြစ်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်တစ်ခုလုံးကို ရှေးဘုရင်မင်းများရဲ့ နန်းတော်ဆောင်လို ပြင်ဆင်ထားတာဖြစ်ပြီး စားသောက်ဖွယ်ရာတွေကိုလည်း ဘုရင့်စားတော်အုပ်လိုမျိုး ပြင်ဆင်ပေးလေ့ ရှိပါတယ်။


Read 1034 times.