Best Cuisine

မူကထ BBQ ဆိုတာ ဘာလဲ၊ ဘယ်ဆိုင်တွေမှာ စားလို့ရလဲ…?

September 6, 2022

မူကထဆိုတာ ထိုင်းလို ဝက်သားကင်တဲ့အိုးလို့ ခေါ်ပြီး နောက်တစ်နည်းအားဖြင့် ဝက်သားပြား၊ ကြက်သားပြားတွေကို သံဒယ်အိုးခုံးပေါ်မှာ အပူပေး စားသောက်ကြတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းကလာတဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ 

 

မူကထ ဆိုတာဘာလဲ….?
မူကထ ဆိုတာ ထိုင်းဘာသာစကားမှ ဆင်းသက်လာပြီး ဝက်သားကို မူ လို့ ခေါ်ပြီး သံဒယ်အိုး ကို ကထ လို့ အသံထွက်တာ ဖြစ်ပါတယ်။ ထိုစကားလုံးနှစ်လုံးကို ပေါင်းစပ်ပြီး မူကထ (หมูกระทะ) ခေါ် ဝက်သားကင်တဲ့ အိုး ဆိုပြီ ဖြစ်လာတာ ဖြစ်ပါတယ်။

သူရဲ့စားသောက်ပုံစတိုင်လ်ကတော့ ကိုးရီးယား BBQ အကင်နဲ့ တရုတ် Hot Pot စတိုင်လ်တို့နှင့်လဲ ဆင်တူပါတယ်။ အသားလွှာတွေကို စကင်ပြီဆိုတာနဲ့ အိုးအပေါ်မှာ ဝက်သားစားတဲ့သူတွေကတော့ ဝက်ဆီတုံး၊ ဝက်သား မစားတဲ့သူတွေအတွက်ကတော့ ထောက်ပတ်ခဲကို အရည်ပျော်ကျအောင် အရင်အိုးပေါ်တင်ပြီးကင် စားရမှာဖြစ်ပါတယ်။ 

ဒီလုပ်လုပ်ခြင်းအားဖြင့် အိုးမှာ အသားပြား နဲ့ အသားကင်တွေကို အိုးမှာ ကပ်တူ တူတာမဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။  မူကထအိုးကို အများစုကတော့  မီးသွေးအိုး နဲ့ အသုံးပြုကြပါတယ်။ 

 

ဒီနေရာမှာ ဘာကြောင့် မီးသွေးအိုးကို အသုံးပြုရတာလည်း…?

ဟုတ်ပါတယ်။ မီးသွေး မီးဖိုး အသုံးပြုခြင်းက မိမိ ကင်တဲ့အသားပြား (သို့) အသားကင်တွေကို မျှတတဲ့အပူရှိန် တစ်ခုရဲ့အောက်မှာ  ကြတ်အောင်ပြုလုပ်ပေးတဲ့အတွက် အရသာမှာလည်း တမူးထူးခြားတဲ့ အရသာမျိုးကို ရရှိနိုင်မယ့် အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကောင်းမျိုးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လတ်ဆတ်ပြီးအရသာရှိလှတဲ့ အသားရဲ့ နူးညံ့မှုနဲ့ အရသာတွေက မူကထ ရဲ့ ထူးခြားမှုတွေပဲ ဖြစ်ပါတယ်။ 

သံဒယ်အိုးပတ်ပတ်လည်က မြောင်းလေးထဲကိုတော့ ကြက်ပြုတ်ရည် (သို့) ဝက်ရိုးပြုတ်ရည် ဟင်းရည်အချို ခပ်ပေါ့ပေါ့ကိုထည့်ပြီး ဟော့ပေါ့အဖြစ်လဲ စားသုံးကြတာကိုတွေ့ရပါတယ်။ အသားအလွှာတွေကို ကင်တဲ့အခါ ထွက်လာတဲ့ အဆီအချို့က ဟင်းရည်မြောင်းထဲကိုပဲ ကျသွားတတ်ပါတယ်။ အဲဒါကြောင့် အရည်ခပ်ပေါ့ပေါ့ကိုပဲ သုံးကြတာဖြစ်ပါတယ်။ 

ဟော့ပေါ့အရည်က ကြာကြာစားလေလေ ပျစ်နှစ်ပြီး အရသာအရမ်းရှိတဲ့ ဟင်းရည်ကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ကိုယ်ကြိုက်နှစ်သက်ရာ အသားလုံး အသီးရွက်များကိုထည့်ပြီး စားသုံးလို့လည်း ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မူကထ  BBQကို သွားမစားခင် မူကထ BBQ ဆိုတာ ဘာလဲ ၊ မူကထ BBQ ကို ဘယ်လို စားသုံးရတာလည်း ဆိုတာ သိရှိအောင် ဖော်ပြပေးခြင်း ဖြစ်ပါတယ်။ 

ဒါ့အပြင် ရန်ကုန်မြို့တွင်း လူကြိုက်များပြီး review  ကောင်းကောင်းတွေရထားတဲ့ မူကထ ဘူဖေး ဆိုင်တွေရဲ့လိပ်စာနှင့် ဖုန်းနံပါတ်တွေကိုလဲ အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

(1) ဆုံမှတ် မူကထ ဘူဖေး

လိပ်စာ - သံသုမာလမ်း (မြန်မာ့ဂုဏ်ရောင်အိမ်ယာရှေ့)၊ မေတ္တာညွန့်ရပ်ကွက် (ကြက်ဘဲဈေးအနီး)၊ ရန်ကုန်။
ဖုန်းနံပါတ်  - 09965412435 

May be an image of crustacean, food and indoor

 

 

 

 

 

 

 

(2) Ooh မူကထ ဘူဖေး

လိပ်စာ - ကုန်သည်လမ်းမ​​ပေါ် ၊ 64 လမ်းထိပ်၊ ဗိုလ်တ​ထောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ်  - 09777773523, 09444443523 

May be an image of hot pot

 

 

 

 

 

 

 

(3) ဂေါ်  မူကထ ဘူဖေး

လိပ်စာ - စမ်းချောင်းလမ်း (Corner Community အရှေ့၊ ပဒုမ္မာပန်းခြံလမ်းနဲ့နီး)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09940877661

May be an image of hot pot and indoor


 

 

 

 

 

 

 

(4) Kim Pot House မူကထ ဘူဖေး

လိပ်စာ - အမှတ် ၆၀၊ ပန်းလှိုင်လမ်း (ဟုမ်းလမ်း) အောက်ကြည့်မြင်တိုင်လမ်းနှင့် ဗဟိုလမ်းကြား (ဟုမ်းလမ်း ဘူတာအနီး)၊ ရန်ကုန်။
ဖုန်းနံပါတ် - 09970731174, 09970731175

May be an image of hot pot and indoor

#MyanmarRestaurantGuide


Read 3705 times.