Special Deals

KKS B.B.Q ရဲ့ (၁၅) နှစ်ပြည့် အထိမ်းအမှတ် Big Promotion

December 14, 2023

KKS B.B.Q ဆိုင်ရဲ့ (၁၅) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီဇင်ဘာ (၁၅) ရက်နေ့ကနေ (၁၇) ရက်နေ့အထိ စာသုံးသူတိုင်းကို ဘယ်လောက်ဖိုးစားစား ဗလာမပါ ကံစမ်းခွင့်ရမယ့် Lucky Draw အစီအစဉ်ကို ပြုလုပ်ပေးထားပါတယ်။ ဆုမဲတွေမှာ ၁ သိန်းကျပ်တန် Package Voucher တွေအပြင် ဘယ်လိုအမိုက်စား Promotion တွေ ပါဝင်မလဲဆိုတာ အောက်မှာ ဆက်ကြည့်လိုက်ကြနော်။ 

KKS B.B.Q ဆိုင်ကတော့ ရန်ကုန်မြို့ရဲ့ နာမည်ကြီး BBQ ဆိုင်တွေထဲက တစ်ဆိုင်အပါအဝင် ဖြစ်ပါတယ်။ ဆိုင်ခွဲအနေနဲ့ (၈) မိုင်မှာ တစ်ဆိုင်၊ ရွှေတောင်ကြားမှာ (၁) ဆိုင် (၂) ဆိုင် ရှိပါတယ်။ သူ့ဆိုင်မှာ အဓိက ရတာက ထိုင်းအစားအစာဟင်းပွဲတွေ၊ BBQ နဲ့ Hotpot တို့ ဖြစ်ပါတယ်။ သောက်စရာအနေနဲ့ Soft Drinks၊ Fresh Juice နဲ့ Beer ရပါတယ်။ အချိုပွဲအနေနဲ့ အသီးရေခဲသုပ်၊ ရေခဲမုန့်တို့ ရပါတယ်။

Advertisement

Click Here > Myanmar Hong Bao

KKS B.B.Q  ဆိုင်က BBQ ဘူဖေးဆိုင်တော့ မဟုတ်ပါဘူး။ ကိုယ်စားနိုင်သလောက် BBQ Set လိုက်တွေ မှာပြီး ဘတ်ဂျတ်ချိန်ပြီး စားနိုင်ပါတယ်။ BBQ မီနူးထဲမှာ Premium Quality Meat နဲ့ Imported Seafood လတ်လတ်ဆတ်ဆတ်တို့ကို ရွေးချယ်နိုင်မယ့်အပြင် အသီးအရွက်အစုံအလင်၊ မှိုနဲ့ ပဲလိပ်တို့လည်း ရှိပါတယ်။

အသားတွေမှာဆို ကိုရီးယားဆော့စ်နဲ့ အရသာကို အသားထဲ စိမ့်ဝင်နေအောင် ကိုရီးယားစတိုင် သေချာလေး နှပ်ထားတာ ဖြစ်ပါတယ်။ BBQ မီနူးအတွက် Hotpot အရည် အရသာ  (၃) မျိုးရှိတဲ့အထဲက ကိုယ်ကြိုက်နှစ်သက်ရာ Soup တစ်မျိုးကိုလည်း ရွေးချယ်နိုင်ပါတယ်။

- KKS Original Soup

- Tom Yum Soup

- Mala Soup

ဆိုင်အပြင်အဆင်က ခမ်းခမ်းနားနားရှိပြီး ကျယ်ဝန်းတာကြောင့် မိသားစုတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ စုပြီး Lunch Date၊ Dinner Date စားကြတာ များပါတယ်။ သီးသန့်ဆန်တဲ့ Private Room တွေလည်း ရှိပါတယ်။ ကျယ်ဝန်းတဲ့ ကားပါကင်လည်း ရှိတဲ့အတွက် ကားနဲ့ သွားမယ်ဆိုလည်း အဆင်ပြေပါတယ်။

(၁၅) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ စားသုံးသူတွေအတွက် Lucky Draw အစီအစဉ်မှာ ပေးသွားမယ့် ဆုမဲတွေကတော့ -

- ၁ သိန်းကျပ်တန် Package Voucher အစောင် (၃၀) (STK Branch အတွက် ၁၅ စောင် + 8 Mile Branch အတွက် ၁၅ စောင်)

- တစ်နှစ်ပတ်လုံး ဘယ်အချိန်လာစားစား 10% off Discount ရမယ့် Gold Membership တွေ

- ချက်ချင်းနှိုက် ချက်ချင်းရရှိမယ့် 5%, 10%, 15%, 20%, 30% off Discount ခံစားခွင့်များ အစရှိတဲ့ ဗလာမပါ ဆုမဲပေါင်းများစွာ ပါဝင်သွားမှာဖြစ်ပါတယ်။

8 mile ဆိုင်မှာရော Shwe Taung Kyar ဆိုင်မှာပါ Lucky Draw အစီအစဉ်လေးရှိနေမှာဖြစ်တဲ့အတွက် ကိုယ်နဲ့ နီးစပ်ရာဆိုင်မှာ သွားစားလိုက်တော့နော်။ Lucky Draw မှာ ပါဝင်နိုင်ဖို့ ဘယ်လောက်ဖိုးစားရမယ်ဆိုတာမျိုး လုံး၀ မသတ်မှတ်ထားပါဘူး။ သွားစားမယ့်ရက်က ဒီဇင်ဘာ (၁၅) ရက်နေ့ကနေ (၁၇) ရက်နေ့အတွင်း ဖြစ်ဖို့တော့ လိုပါမယ်။ 

Open Daily 11:00 am to 10:30 pm

KKS Thai Food & B.B.Q (8 Mile Branch)

No. 7, Kabar Aye Pagoda Road,

Mayangone Township, 8 Mile, Yangon.

Tel: 09 797 99 88 00

KKS Thai Food & B.B.Q (Shwe Taung Kyar Branch)

L1, Shwe Taung Kyar Street,

Bahan Township, Yangon.

Tel: 09 42 0000 808


Read 250 times.