Special Deals

Heineken တစ်တာဝါ လက်ဆောင်ရမယ့် "ဗာရာဏသီ" ဆိုင်ဖွင့်ပွဲ ပရိုမိုးရှင်း

July 25, 2023

ဒီဆိုင်က တက္ကသိုလ်ရိပ်သာလမ်းသစ်မှာ မကြာသေးခင်ကမှ ဖွင့်လှစ်လိုက်တဲ့ ဆိုင်အသစ်လေးပဲဖြစ်ပါတယ်။ ဆိုင်နာမည်ကို  "ဗာရာဏသီ" လို့ မှည့်ထားပြီး ဆိုင်အပြင်အဆင်ကို နာမည်နဲ့လိုက်ဖက်အောင် ရှေးခေတ်မြန်မာ အဆောင်အယောင်တွေနဲ့ ပြင်ဆင်ထားတာကြောင့် နန်းဆန်ပြီး လှပါတယ်။ 

စျေးကြီးပေမဲ့ မြန်မာဟင်းလျာတွေကို အရသာရှိရှိ သုံးဆောင်နိုင်မယ့် ဆိုင်လေးဖြစ်ပါတယ်။ Bar မဟုတ်တဲ့အတွက် ဆူညံသံတွေ၊ မျက်စိနောက်စရာတွေ မရှိပါဘူး။ ဒါကြောင့် လူငယ်တွေတင်မဟုတ်ဘဲ လူကြီးတွေပါ စားရင်းသောက်ရင်း အေးဆေးထိုင်လို့ရပါတယ်။

Advertisement

Click Here > CTS Co.,Ltd

ဒီဆိုင်မှာက အချိန်တွေ ခွဲပြီး မနက်စာ၊ နေ့လည်စာ၊ ညနေစာ၊ ညစာတို့ကို တည်ခင်းကျွေးမွေးပါတယ်။ ဒီဆိုင်မှာ ရနိုင်တဲ့ မီနူးတွေ မပြောခင်မှာ ပရိုမိုးရှင်းအကြောင်းကို အရင် ပြောပြပေးပါမယ်။ အပေါင်းအဖော်တွေနဲ့ ပျော်ရွှင်စရာ ညနေခင်းလေးကို "ဗာရာဏသီ" မှာ အသက်သွင်းနိုင်ဖို့ 6/7/2023 ကနေ 31/7/2023 အထိ တစ်ရက်စီအတွက် ဦးဆုံး Reservation တင်တဲ့ ဝိုင်း ၁၀ ဝိုင်းကို Heineken တစ်တာဝါ လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ 

ပရိုမိုးရှင်းကာလက ဇူလိုင် (၂၆) ရက်နေ့ကနေ (၃၁) ရက်နေ့အထိ ပေးထားတာဆိုတော့ ရုံးအပြန်မှာပဲ ဝိုင်းဖွဲ့မလား၊ ပိတ်ရက်မှာ ဘော်ဒါတွေနဲ့ Chill မလား၊ နှစ်မျိုးစလုံးအတွက် အဆင်ပြေပါတယ်။

ဆိုင်ဖွင့်ချိန်က (နံနက် ၇:၀၀ - ည ၁၁:၀၀) အထိ ဖြစ်ပါတယ်။ 

နံနက်စာ တည်ခင်းချိန် - ၇:၀၀ - ၁၁:၀၀
နေ့လည်စာ တည်ခင်းချိန် - ၁၁:၀၀ - ၂:၀၀
ညနေစာ တည်ခင်းချိန် - ၂:၀၀ - ၅:၀၀
ညစာ တည်ခင်းချိန် - ၅:၀၀ - ၁၁:၀၀ အထိဆိုပြီး အသီးသီး အချိန်သတ်မှတ်ထားပါတယ်။

ဆိုင်မှာ ရနိုင်တဲ့ မီနူးတွေကတော့ မနက်စာမှာဆိုရင် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲတို့အပြင် ရှမ်းစာ၊ မန္တလေးစာ၊ အိန္ဒိယစာတို့ စီစဉ်ပေးထားပါတယ်။ နေ့လယ်စာနဲ့ ညစာအတွက် မြန်မာဆီပြန်ဟင်းတွေ၊ အရွက်ကြော်၊ အသုပ်၊ အသားကင်၊ အသားကြော်၊ ထမင်းကြော်နဲ့ ဟင်းချို/စပ်အရည်တွေ သုံးဆောင်နိုင်ပါတယ်။ သောက်စရာအနေနဲ့ အပူ၊ အအေး၊ ကော်ဖီ၊ လက်ဖက်ရည် အစုံရပါတယ်။ မီနူးကတ်နဲ့ စျေးနှုန်းတွေကို အောက်က လင့်ခ်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

လိပ်စာ - No. 35(B) New University Avenue Road, Bahan Tsp, Yangon
ဖုန်း - 09409191144
Fb link - https://www.facebook.com/profile.php?id=100093238527903


Read 390 times.