Cafes & Restaurant

Halloween Night မှာ Promotion တွေပေးနေတဲ့ ဆိုင် (၅) ဆိုင်

October 28, 2022

အခုပြောပြပေးမယ့်ဆိုင်တွေကတော့ Halloween night မှာ promotion ပေးထားတဲ့ဆိုင်လေးတွေကို ပြောပြပေးမှာဖြစ်ပါတယ်။

(1) CUBA 4
ပထမဆုံးပြောပြပေးမယ့်ဆိုင်ကတော့ ဗိုလ်တစ်ထောင်မြို့နယ် Urban Asis Center မှာဖွင့်ထားတဲ့ CUBA 4 ဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်။

ဒီဆိုင်ရဲ့ Promotion အစီအစဉ်လေးကတော့ အောက်တိုဘာ ၂၈ ရက်နေ့ကနေပြီး ၃၀ ရက်နေ့အထိ ဝင်ကြေးအခမဲ့ စီစဉ်ပေးထားမယ့်အပြင် Package ဖောက်တဲ့ ဝိုင်းတိုင်းအတွက် Halloween လက်ဆောင်လေးတွေလည်း ပေးသွားမှာဖြစ်ပါတယ်။

အဲ့ဒီလက်ဆောင်လေးတွေကို အောက်တိုဘာ ၃၁ ရက်နေ့မှာပြန်ယူလာပြီး CUBA ကိုထပ်ရောက်လာခဲ့ရင် 15% Discount အပြင် VIP card တွေပါထုတ်ပေးသွားမှာပါ။ ဒီအစီအစဉ်တစ်ခုတည်းပဲ မဟုတ်ဘဲ နောက်ထပ် အစီအစဉ်ကတော့ ပထမဆုံး ရောက်လာတဲ့ ဘော်ဒါအယောက် ၁၀၀ အတွက်လည်း CUBA ရဲ့ Halloween Drink ကို Welcome drink အနေနဲ့တိုက်သွားမှာဖြစ်ပါတယ်။ 
Address - 48th Street, Urban Asis Center, Botahtaung, Yangon, Myanmar
Phone No. - 09 675 834 426

FB Link >>> CUBA 4

(2) The Envoy Bar & Bistro
အခုပြောပြပေးမယ့်ဆိုင်ကတော့ ဗိုလ်အောင်ကျော်လမ်း အောက်ဘလောက်မှာ ဖွင့်ထားတဲ့ The Envoy Bar & Bistro ဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်။ ဒီဆိုရဲ့ Promotion အစီအစဉ်ကေတော့ Promotion လေးကတော့ လာမယ့် 25.10.2022 ကနေ စမှာပဲဖြစ်ပါတယ်။

ဘယ်လိုအစီအစဉ်လေးတွေလဲဆိုတော့ Any Liquor (by the Glass) ထဲက မည်သည့် အရက်မဆို 3 ခွက်ဝယ် ၁ ခွက် လက်ဆောင် ဖြစ်ပါတယ်။ ဘီယာTower  ကို ယူမယ်ဆိုရင်လဲ  ကန်ဇွန်းခရုဆီ ရယ်၊ ငါးမုန့်ခြောက်ကြော်ရယ်၊ ကြက်သားစမူဆာ စတဲ့သုံးမျိုးကိုတော့ FOC  ရမှာဖြစ်ပါတယ်။
Address - No.108, Bo Aung Kyaw Street,  Lower Block, Botahtaung Township,Yangon.
Phone No. - 09 261 039 736

FB Link >>> The Envoy Bar & Bistro

(3) Freesia Bar
နောက်ထပ်တစ်ဆိုင်ကတော့ ဗဟန်းမြို့နယ်မှာရှိတဲ့ Freesia Bar ပဲဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ Promotion အစီအစဉ်ကတော့ ဝင်ကြေးအခမဲ့ ဖြစ်တဲ့အပြင် ဒီအစီစဉ်မှာ 
- Free Welcoming Drink ၊  
- ဗလာမပါ Lucky Draw၊ 
- Unplugged Music နှင့် 
- စိတ်လှုပ်ရှားစရာ Activities များပါဝင်မှာ ဖြစ်ပါတယ်။ 
ဝင်ပေါက် မှာ စဉ်ထားသော Shot Counter မှာ ဓာတ်ပုံရိုက်ပြီး Facebook မှာ Check In လုပ်ပါက ၁၀% discount ခံစားခွင့်လည်း ရရှိဦးမှာဖြစ်ပါတယ်။
Address - No.164, West Shwe Gon Dine Street, Bahan Township, Yangon
Phone No. - 09 964 665 790

FB Link >>> Freesia Bar

(4) La Pie Sa
ဒီဆိုင်ကတော့ Times City Complex ကမာရွတ်မြို့နယ်မှာဖွင့်ထားတဲ့ La Pie Sa ဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်။

ဒီဆိုင်ရဲ့ Promotion အစီအစဉ်ကတော့ အောက်တိုဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၃၁ ရက်အထိ ကြိုက်နှစ်သက်ရာ Cocktails ကို 50% Off  ပေးသွားမှာ ဖြစ်ပါတယ်။
Address - Ground Floor, Time City, Yangon, Myanmar Yangon
Phone No. - 09 964 348 881

FB Link >>> La Pie Sa

(5) Gravity Restaurant & Bar
အခုနောက်ဆုံးပြောပြပေးမယ့် ဆိုင်ကတော သန်လျင်မှာဖွင့်ထားတဲ့ Gravity Restaurant & Bar ဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်။

ဒီဆိုင်ရဲ့ Promotion အစီအစဉ်ကတော့ 9900 တည်းနဲ့ ရှုးရှဲသရဲကြီးငါးကင်ဝယ်ပြီး Beer 1 tower ရမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။

31st , October တစ်ရက်တည်းကိုမှ very limited ( first 20 tables ) ကပဲ ဒီ Promotion လေးကို ရရှိနိုင်မှာဖြစ်လို့ မြန်မြန်သွားပြီး Chill လို့ရအောင် လမ်းညွှန်ပေးလိုက်ပါတယ်။
Address - Star City Golf Link, Yangon
Phone No. - 09 779 230 617

Fb Link >>> Gravity Restaurant & Bar

 

Myanmar Restaurant Guide
 


Read 296 times.