Special Deals

Halloween Special ပရိုမိုးရှင်းတွေ ပေးနေတဲ့ ‌Bar တွေ ရှာနေလား?

October 27, 2023

တစ်နှစ်မှာ တစ်ခါသာ ကျရောက်တဲ့ Halloween ညကြီးမှာ အိမ်ထဲမှာပဲ ငြိမ်နေလို့ မဖြစ်ဘူးလေ။ ဒီတော့ ညစ်နေတာတွေ လစ်သွားအောင် Halloween မှာ ဘော်ဒါတွေ စုံပြီး ပါတီဖို့ နဂိုထက် ပိုထူးခြားတဲ့ Halloween Theme အပြင်အဆင်နဲ့ အလန်းလွန် အလွန်လန်း ပရိုမိုးရှင်းတွေ ရှိတဲ့ ဒီ Bar တွေသာ သွားလိုက်တော့နော်။

၁။ Taverna

Halloween Party အတွက် Taverna က ပရိုမိုးရှင်းကို အောက်တိုဘာ (၂၇) ရက်နေ့ကနေ (၃၁) ရက်နေ့အထိ (၅) ရက် စီစဉ်ပေးထားပါတယ်။ ပရိုမိုးရှင်းကတော့ ဆိုင်မှာ ရှိသမျှ စားစရာ၊ သောက်စရာ ဘာမှာမှာ 10% Off ရရှိမယ့်အပြင် Halloween Special Signature Cocktail (၃) မျိုးကို ၆,၅၀၀ ကျပ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ Cocktail တွေက Halloween Party ကာလအတွင်းမှာသာ မြည်းစမ်းခွင့်ရမယ့် Limited Edition တွေဖြစ်ပါတယ်။ Cocktail ၃ မျိုးကိုတော့ - 

- Devil's Delight 

- Crimson Peak 

- Bloodshot Elixir လို့ အမည်ပေးထားပါတယ်။ 

နောက်ထပ်အထူးအခွင့်အရေးကတော့ Costume Dress-up နဲ့ လာမယ့် Customer တစ်ယောက်ချင်းစီကို Halloween Cocktail (၃) မျိုးထဲက ကြိုက်နှစ်သက်ရာ (၁) ခွက် လက်ဆောင်ပေးသွားမှာပါ။

ဖုန်း - 09457775287

လိပ်စာ - အမှတ် ၅(ခ) ပြည်တော်အေးရိပ်သာလမ်း(The Central Condoအနီး)၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်

ဆိုင်ဖွင့်ချိန် - နေ့စဉ် 12:00PM ~ 11:00PM

၂။ အသဲကွဲပြတိုက်

Halloween မှာ အပြီကဲဖို့ နေရာရှာနေရင်တော့ အသဲကွဲပြတိုက်က နောက်ထပ် ရွေးချယ်စရာပါ။ အောက်တိုဘာ (၂၇) ရက်နေ့ကနေ (၃၁) ရက်နေ့အထိ အမိုက်စား Live Music Band နဲ့အတူ Halloween ပရိုမိုးရှင်းတွေလည်း ရှိပါတယ်။ 

ငွေ ၁၄,၉၉၀ ကျပ်တည်းနဲ့ Beer (Heineken & Tiger) (၂) နာရီ အဝသောက် ဘီယာဘူဖေး အစီအစဉ် ရှိသလို Beer (1) Tower ယူတိုင်း အရသာရှယ်မိုက်၊ ရှယ်မြည်းလို့ကောင်းတဲ့ ကြက်စုံရှယ်ကင် တစ်ပွဲ လက်ဆောင်ပေးသွားမှာပါ။ 

ဖုန်း - 09 778 787 868

လိပ်စာ - No.104. Sanchaung garden condo. Sanchaung street. Sanchaung Tsp, Yangon

၃။ Freesia 

ရန်ကုန်မြို့ရဲ့ Chill လို့ ကောင်းတဲ့ Rooftop Bar တွေထဲက တစ်ခုပါပဲ။ Halloween ပွဲကို အားလုံးအတွက် FREE ENTRY ပြုလုပ်ပေးသွားမှာဖြစ်တဲ့အပြင် 

- Free Welcoming Drinks 

- Lucky Draws

- Live Music နဲ့

- တခြားသော စိတ်လှုပ်ရှားစရာ Activities တွေကိုပါ စီစဉ်ပေးထားပါတယ်။ 

Lucky Draw အစီအစဉ်ထဲမှာ -

1.Infused Gin 

2. Mont Clair Red Wine

3. Sapphire Cocktail  

4. Heineken Draught 250ml  

5. Freesia Shooter 

6. Shi Sha  

7. Cocktail Tower cocktail  

8. Beer Tower  

9. Candies တို့ပါဝင်ပါတယ်။

Halloween Event နေ့နဲ့ အချိန်ကတော့ အောက်တိုဘာ (၂၈) နေ့ကနေ (၃၁) ရက်နေ့အထိ (၆) နာရီမှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဖုန်း - 09964665790

လိပ်စာ - No.164, West Shwe Gone Dine Road, Bahan Tsp.

၄။ The ‌Bash Yangon

Halloween Party မှာ The Bash ရဲ့ ပုံမှန်အပြင်အဆင် Table တွေမဟုတ်ဘဲ Halloween အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ Boiler Room ပုံစံ ပြင်ဆင်ပေးထားပါတယ်။ Rooftop Bar လည်း ဖြစ်သလို အမိုက်စား DJ တွေနဲ့ ကခုန်လွင့်မျောလို့ ရတဲ့ ‌Bar တစ်ခုပါ။ 

Entry Fees - Walk in: 15,000 MMK

စျေးကြီးပေးသောက်နေရတဲ့ Cocktail တွေကို The Bash မှာ (၁) ယောက် (၁) သောင်းနဲ့ ဘူဖေးသောက်လို့ရပါတယ်။ မူးလည်း မူး၊ သောက်လို့လည်း တန်တဲ့ Shots (၆) မျိုးကို Time Limit ၃ နာရီအတွင်းမှာ စိတ်ကြိုက်အ၀သောက်ပါ။

Reservation - 09 5096069

Opening Hour - 2PM to 11 PM

Address - အမှတ် ၁၄၄၊ ဓမ္မစေတီလမ်းမပေါ်၊ အင်းယားလမ်းနဲ့ လင့်လမ်းကြား၊ ဗဟန်း 

အပေါ်က Bar တွေကို သွားဖို့ဆိုရင် နေရာကောင်းရဖို့နဲ့ Table မရတာမျိုး မဖြစ်ရအောင် ကြိုတင်ဘိုကင်လုပ်ပြီးမှ သွားကြဖို့ အကြံပြုလိုက်ပါတယ်။


Read 514 times.