Special Deals

Foodpanda ရဲ့ Music Show ကို ကြည့်ရင်း (၅၀,၀၀၀) တန် ဘောင်ချာကုဒ်လက်ဆောင် ရယူမယ်

December 12, 2020

ဒီနေ့မှာတော့ Foodpanda ရဲ့ တစ်နှစ်ပြည့်မွေးနေ့ပွဲကြီး အထိမ်းအမှတ်အဖြစ် Music Live Show အစီအစဥ်ကို ကြည့်ရုံနဲ့ ထူးခြားတဲ့ လက်ဆောင်တွေ ၊ လျှော့စျေး ဘောင်ချာကုတ်တွေ အပြင် အခြား စိတ်လှုပ်ရှားစရာ အစီအစဥ်တို့ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Show ပွဲမှာ ပါဝင်မယ့် သူတွေကတော့ Foodpanda ရဲ့ Brand Ambassador ဖြစ်သူ အောင်လအန်ဆန်နှင့်အတူ Shwe Htoo ၊ Tin Zar Maw၊ Paul Austin ၊ Eternal Gosh ၊ Cham Myae Mg Cho စတဲ့ နာမည်ကြီး အနုပညာရှင်တွေ ဖြစ်ပါတယ်။

Show ပွဲ ပြုလုပ်နေတဲ့ အတောအတွင်းမှာ အစားအသောက်ချစ်သူတွေအတွက် ပျော်စရာကောင်းတဲ့ ဂိမ်းအစီအစဉ်လေးတွေကို အနုပညာရှင်တွေ ကိုယ်တိုင် ပြုလုပ်ပေးမှာ ဖြစ်ပြီး  KFC နဲ့ Gong Cha တို့ကနေ ချက်ချင်းမှာစားလို့ ရမယ့် အမိုက်စား ၅၀% လျှော့ဈေးဘောက်ချာကုတ်တွေကိုလည်း မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် The Manhattan Fish Market ၊ Monster Cheese ၊ Chilli Pot စတဲ့ နာမည်ကြီးဆိုင်(၃)ဆိုင်ကနေ စိတ်ကြိုက်မှာစားလို့ရမယ့်  (၅၀,၀၀၀) တန် ဘောက်ချာကုတ် လက်ဆောင်တွေလည်း ပေးမှာဆိုတော့ အစားအသောက်ချစ်သူတွေအတွက် ပျော်စရာကောင်းနေပြီနော်။

ဒီလိုဘောင်ချာကုတ်လက်ဆောင်တွေ ကံထူးနိုင်မယ့် အပြင် Music Live Show ကျင်းပနေတဲ့ အစီအစဉ်တစ်လျှောက်လုံး (၃၀,၀၀၀) ကျပ်တန်ဘောက်ချာကုတ် လက်ဆောင်တွေကိုလည်း ပေးသွားမှာ ဖြစ်တဲ့အတွက်   LIVE ကြည့်ရုံနဲ့   စားချင်တာမှာစားလို့ရမယ့် ဘောက်ချာကုတ်လက်ဆောင်တွေလည်း ရမယ်၊ ပျော်စရာ အစီအစဥ်တွေလည်း မြင်တွေ့ရအုံးမှာ ဖြစ်တဲ့အတွက် Live ကို ကြည့်ဖို့တော့ မမေ့ကြနဲ့နော်။

Music Live Show ပြသမယ့် အချိန်ကတော့ ဒီနေ့ည ဒီဇင်ဘာလ (၁၂) ရက်နေ့ ၊ ညနေ(၆)နာရီအချိန်မှာ Food Panda ရဲ့ Facebook Page ကနေ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက်ကြည့်ရှုရန်လင်ခ့်>>>https://bit.ly/2JVZKDg

ဒီလို ပျော်စရာကောင်းတဲ့အစီအစဥ်တွေကို ကိုယ့်သူငယ်ချင်းတွေ ၊ ချစ်ရတဲ့သူတွေ သိရှိနိုင်ဖို့အတွက် လက်တို့ပြီးတော့ ပြောပြလိုက်ကြပါအုံးနော်။


 

  

 


Read 1045 times.