Cafes & Restaurant

ကမ္ဘာပေါ်က ထူးခြားဆန်းပြား စားသောက်ဆိုင်များ

February 6, 2023

အရင်က စားသောက်ဆိုင်တွေကို အစားအသောက် အဓိကထား ရောင်းချဖို့အတွက် ဖွင့်ခဲ့ပေမယ့် ယခု နောက်ပိုင်းမှာတော့ လာရောက် စားသုံးသူ များပြားစေဖို့နဲ့ ဆွဲဆောင်နိုင်စေရန် ထူးထူးဆန်းဆန်း စားသောက်ဆိုင် ဒီဇိုင်းအပြင်အဆင်တွေကို ယနေ့ခေတ်မှာ တီထွင် ပြုလုပ်လာကြတာ တွေ့ရပါတယ်။

ဒီတခါ ဖော်ပြချင်တာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ပုံမှန်စားသောက်ဆိုင်တွေနဲ့ မတူဘဲ ထူးခြားဆန်းပြားတဲ့ စားသောက်ဆိုင်များ အကြောင်းပဲ ဖြစ်ပါတယ်။

(1) Labassin Waterfall - Philippines
ဖိလစ်ပိုင်နိုင်ငံက Villa Escudero Resort မှာ ရှိတဲ့ Labassin waterfall စားသောက်ဆိုင်ဟာ ရေတံခွန်တစ်ခုရဲ့ အောက်ကြမ်းပြင်မှာ တည်ရှိတာ ဖြစ်ပါတယ်။ စားပွဲခုံတွေဟာ ရေထဲမှာ တည်ရှိနေတာ ဖြစ်ပြီး ဒီစားသောက်ဆိုင်ကို ဖိလစ်ပိုင်ရိုးရာ စားသောက်စရာတွေ မြည်းစမ်းလိုတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အကြိုက်တွေ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

(2) The Grotto - Thailand
ဒီစားသောက်ဆိုင်ကတော့ ထိုင်းနိုင်ငံမှာ တည်ရှိပြီး Phra Nang ကမ်းခြေက သဘာဝအတိုင်း တည်ရှိနေတဲ့ ထုံးကျောက်ဂူထဲမှာ ကဗျာဆန်ဆန် တည်ဆောက်ထားတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။ ဒီစားသောက်ဆိုင်ဟာ Rayavadee Resort ရဲ့ စားသောက်ဆိုင် ဖြစ်ပေမယ့် ဒီ Resort မှာ တည်းခိုခြင်း မရှိတဲ့ ခရီးသွားတွေလည်း လာရောက် စားသောက်လို့ ရတယ်လို့ သိရပါတယ်။ ဒီစားသောက်ဆိုင်ရဲ့ နာမည်ကြီးဟင်းလျာကတော့ ပုစွန်ကင်ဖြစ်ပြီး တစ်ခါတစ်ရံမှာ ဧည့်သည်တွေကို လက်ဆောင်အဖြစ် အချိုပွဲနဲ့ ဧည့်ခံပါသေးတယ်။

(3) Ice Restaurant - Finland
ဖင်လန်နိုင်ငံ ဆန်တာကလော့ကျေးရွာမှာ ရှိတဲ့ ဒီစားသောက်ဆိုင်ဟာ ကမ္ဘာလှည့်ခရီးသွားတွေကို အမြဲ ဆွဲဆောင်ထားနိုင်ပါတယ်။ ဆန်တာကလော့ဆိုတဲ့ ရွာနာမည်ကို ဖတ်ပြီး ခရစ်စမတ်ဖိုးဖိုးကို မြင်ရမယ်တော့ မထင်ပါနဲ့။ ဒီစားသောက်ဆိုင်ဟာ တစ်ဆိုင်လုံးကို ရေခဲတွေနဲ့ ပြင်ဆင်ထားပြီး နာမည်ကျော် အရက်များကိုလည်း ရောင်းချပါတယ်။

(4) Nyotaimori Restaurant - Japan
ဒီစားသောက်ဆိုင်ကတော့ အမျိုးသားတွေ နှစ်သက် သဘောကျမှာ သေချာပါတယ်။ ဒီလို စားသောက်ဆိုင်တွေဟာ ဂျပန်နိုင်ငံ အနှံ့အပြားမှာ တည်ရှိနေပြီး “Nyotaimori” ဆိုတာ “အမျိုးသမီး ခန္ဓာကိုယ်ပေါ် အစားအသောက်တင်ကာ တည်ခင်းခြင်း” လို့ အဓိပ္ပါယ်ရပါတယ်။ 

အစားအစာများကို အမျိုးသမီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထားရှိပြီး တည်ခင်းသုံးဆောင်ရတာ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာတော့ အမျိုးသမီး စားသုံးသူတွေအတွက် အမျိုးသားများ ခန္ဓာကိုယ်ပေါ်မှာ အစားအစားများနဲ့ ဧည့်ခံတဲ့ စားသောက်ဆိုင်တွေလည်း ရှိနေပြီလို့ သိရပါတယ်။

(5) Ithaa - Maldives
ဒီစားသောက်ဆိုင်ကတော့ ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ဆောက်ထားတဲ့ ရေအောက်စားသောက်ဆိုင် ဖြစ်ပါတယ်။ ရေသတ္တဝါတွေကို ကြည့်ချင်ပေမယ့် ရေငုပ်ရမှာ ကြောက်တဲ့သူတွေအတွက် အသင့်တော်ဆုံး စားသောက်ဆိုင်တစ်ခုလည်း ဖြစ်ပါတယ်။

(6) Grotta Palazzese - Italy
ထိုင်းနိုင်ငံ တစ်နိုင်ငံမှာပဲ ဂူထဲမှာ စားသောက်ဆိုင်ဖွင့်တာ မဟုတ်ပါဘူး။ အီတလီနိုင်ငံမှာလည်း ဒီလို စားသောက်ဆိုင် ရှိပါသေးတယ်။ ဒီဆိုင်ဟာ Adriatic ပင်လယ်မျက်နှာပြင်ထက် ပေ ၈၂ ပေ မြင့်တဲ့ ကျောက်ဆောင်ပေါ်က ဂူထဲမှာ တည်ရှိတာပဲ ဖြစ်ပါတယ်။

Ref: Brightside.com

The Myanmar Restaurant Guide


Read 429 times.