Special Deals

ရှယ်မိုက် ရှယ်တန်တဲ့ ဒီဇင်ဘာ ပရိုမိုးရှင်း ပေးနေတဲ့ ဆိုင် (၅) ဆိုင်

December 1, 2023

Payday နဲ့ Friday ဆုံရာ ထူးခြားတဲ့နေ့လေးမှာ အသာက်တလိုင်း ဘော်ဒါတွေအတွက်ရော အစားတလိုင်း Foodie တွေအတွက်ပါ ဒီဇင်ဘာ ပရိုမိုးရှင်းတွေ ပေးနေတဲ့ အကင်ဆိုင်တွေ၊ ဘားတွေကို မျှဝေပေးသွားပါမယ်။  ဒီဇင်ဘာတစ်လလုံး ရက်ရက်ရောရော ပေးသွားမယ့် ပရိုမိုးရှင်းတွေ ဖြစ်တဲ့အတွက် ဒီနေ့ TGIF မလုပ်ဖြစ်လည်း အားတဲ့ရက်မှ သွား Chill လို့ ရပါတယ်နော်။ 

၁။ Infinity Bistro

Infinity Bistro မှာ ဘီယာကြိုက်သူတွေအတွက် ၉,၀၀၀ ကျပ်တန် ဘီယာဘူဖေးပရိုမိုးရှင်းက ဒီဇင်ဘာတစ်လလုံးအတွက် ရှိနေပါပြီ။ အချိန်ကတော့ ညနေ ၆ နာရီကနေ ၈ နာရီအထိ သတ်မှတ်ထားတာကြောင့် ညနေရုံးဆင်းချိန်တွေမှာ ဘော်ဒါတွေနဲ့ ဆိုင်ထိုင်ရင်း စိတ်အပန်းဖြေဖို့ အကောင်းဆုံးပေါ့။ အသောက်ကြီးပဲ မဟုတ်ဘဲ အမြည်းလေးပါ ပါမှဆိုတဲ့ သူတွေအတွက် ၁,၅၀၀ ကျပ်တန် Special Menu တွေလည်း ရှိပါတယ်။ 

Reservation - 09 447 696 570, 09 775 919 100

Address - No.239, East, Shwegondaing Rd, Bahan Township, Yangon

၂။ DA DA Bar

DA DA Bar ကနေ စမ်းချောင်းက ဘော်ဘော်တို့အတွက် လုံး၀လက်မလွှတ်သင့်တဲ့ ဒီဇင်ဘာလရဲ့ အထူးပရိုမိုးရှင်းလေးကို စီစဉ်ပေးထားပါတယ်။ ၁၂/ စခန (နိုင်) ဖြစ်ကြောင်း မှတ်ပုံတင်ပြနိုင်တာနဲ့ 

  • All Food 

  • All Drinks ကို 20 % Discount ရရှိမှာ ဖြစ်ပါတယ်။ ပရိုမိုးရှင်းရက်ကတော့ ဒီဇင်ဘာ (၁) ရက်နေ့ကနေ (၇) ရက်နေ့အထိ ဖြစ်ပါတယ်။ 

Reservation - 09941310729

Address - အမှတ် (၂၆)၊ စမ်းချောင်းလမ်း၊ Sanchaung Garden Residence ရှေ့၊ ပဒုမ္မာလမ်းနှင့် စမ်းချောင်းလမ်းထောင့်၊ စမ်းချောင်းမြို့နယ်

Opening Hours - (1:00pm ~ 10:30pm)

၃။ Mr.Chef

ဒီဇင်ဘာအထူးအစီအစဉ်အနေနဲ့ Mr.Chef က Foodie တွေအတွက် 20% Off အထိ ပရိုမိုးရှင်းတွေ လုပ်ပေးထားပါတယ်။ ပရိုမိုးရှင်းအစီအစဉ်က ကိုယ့်နာမည်မှာ “ဆောင်း၊ နှင်း၊ အေး၊ ချမ်း” ဆိုတဲ့ စာလုံးထဲက ဘယ်နှစ်လုံးတူတူ ပရိုမိုးရှင်း ရရှိမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ (၁) ရက်နေ့ကနေ (၁၅) ရက်နေ့အထိ နာမည်မှာ “ဆောင်း၊ နှင်း၊ အေး၊ ချမ်း” ထဲက

၁ လုံး တူရင် - 5% Off

၂ လုံးတူရင် - 10% Off

၃ လုံးတူရင် - 15% Off

၄ လုံးစလုံးတူရင်တော့ - 20% Off ကို ရရှိမှာဖြစ်ပါတယ်။

ပရိုမိုးရှင်းယူဖို့ ဆိုင်မှာ ဘေလ်မရှင်းခင် ကိုယ့်နာမည်ပါတဲ့ မှတ်ပုံတင်ဖြစ်ဖြစ်၊ လိုင်စင်ဖြစ်ဖြစ်၊ ကျောင်းသားကတ်ဖြစ်ဖြစ် ပြဖို့တော့ လိုပါမယ်။ ဆိုင်ခွဲတိုင်းမှာ ဒီပရိုမိုးရှင်းရှိမှာ ဖြစ်တဲ့အတွက် ကိုယ်နဲ့ နီးစပ်ရာဆိုင်မှာ သွားစားလိုက်တော့နော်။ 

ရန်ကုန်မြို့

=======

Mr.Chef (Sule) - အမှတ် ၂၂၂၊ ဆူးလေဘုရားလမ်း၊ ကုံးထက်ကြက်ဆီထမင်းဆိုင် အပေါ်ထပ်၊ကျောက်တံတားမြို့နယ်။ (09 778558842)

Opening Time – 9AM to 8PM

Mr.Chef (City Mall St.John) - Level 3, St.John City Mall , ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ လမ်းမတော်မြို့နယ်။ (09 940668999)

Opening Time – 9AM to 9PM

Mr.Chef (Terminal-M) - Level 2, Terminal-M Leisure Mall, အမှတ် ၃လမ်းမကြီးနှင့် ခရေပင်လမ်းထောင့်၊ မင်္ဂလာဒုံမြို့နယ်။ (09 777077940)

Opening Time – 9AM to 7PM

Mr.Chef (Hledan) - Level 4, ဂမုန်းပွင့် (စံရိပ်ငြိမ်) စင်တာ၊ လှည်းတန်း၊ ကမာရွတ်မြို့နယ် (09 7777 18253)

Opening Time – 9AM to 7PM

Mr.Chef (PinLon) - အမှတ် ၂၂၅၊ ပင်လုံလမ်းမကြီး၊ ၃၀ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။ (စစ်တောင်းစီးတီးမတ်အနီး) (09-763391636)

Opening Time – 10AM to 10PM

Mr.Chef(MM Plaza) - Level 3, Myanmar Plaza Shopping Mall, ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်။ (09 77744 8681) 

Opening Time - 9AM to 8PM

Mr.Chef (North Oakala) - အမှတ် ၆၀၅၊ သုဓမ္မာလမ်းမကြီး၊ င ရပ်ကွက်၊ မြောက်ဥက္ကလာဝိုင်းအနီး၊ City Mart ဘေး၊ မြောက်ဥက္ကလာပ မြို့နယ် (09 7777 96243)

Opening Time – 10AM to 10PM

Mr.Chef Express (Time City) - Inside Local Kitchen Food Court,Level-4, Jewelry Mall, Time City၊ စမ်းချောင်းမြို့နယ် (09 778765513)

Opening Time - 9AM to 7PM

မန္တလေးမြို့ 

========

Mr.Chef (Mandalay) - မြေညီထပ်၊ Mingalar MaSoeYein Cineplex ၊ လမ်း ၈၀၊ ၂၆x၂၇ ကြား၊ မန္တလေးမြို့။

(09 942558999)

Opening Time - 10AM to 8PM

လားရှိုးမြို့ 

=======

Mr.Chef (Lashio) - ၂/၆/၁၅၁ ဒေါနလမ်းနှင့် မြတ်လေးလမ်းထောင့်၊ ရပ်ကွက် ၂၊ လားရှိုးမြို့။

(09 777670019)

Opening Time – 9AM to 9PM 

Advertisement

Click Here > Queen Empire

၄။ Second Home - Korean BBQ Restaurant

Second Home ကတော့ Foodie တွေအတွက် ဒီဇင်ဘာလတစ်လလုံး ပရိုမိုးရှင်းအပြင် ခရစ်မတ်လက်ဆောင်လေးပါ ပြင်ဆင်ပေးထားပါတယ်။ 

Weekdays > တနင်္လာကနေ သောကြာနေ့အထိက BBQ Set နဲ့ New Menu ကြိုက်တာစား 10% လျှော့စျေးရှိပါတယ်။

Weekends > စနေ/တနင်္ဂနွေကတော့ အချိုပွဲ ကြိုက်တာစား 10% လျှော့စျေး ရှိပါတယ်။

All Days > ဘယ်နေ့ပဲ သွားစားစား ၃၅,၀၀၀ ကျပ်ဖိုး ကျော်သွားတာနဲ့ ဗလာမပါ ခရစ်မတ်လက်ဆောင် မဲလိပ်လေးနှိုက်လို့ရပါမယ်။ လက်ဆောင်တွေကတော့ ချိုချဉ်/ ဂျယ်လီ/ ချောကလက်/ မုန့်/ ခေါက်ဆွဲထုတ်/ Korean snacks စသဖြင့် စားစရာတွေ၊ Gift Voucher တွေ၊ Facial mask/ ကလစ်/ ခွက်/ ဓါတ်ဗူးတို့လို အလှအပနဲ့ အသုံးအဆောင် ပစ္စည်းလေးတွေ စသဖြင့် စုစုပေါင်း လက်ဆောင်ပစ္စည်း အခု (၅၀၀) လောက်တော့ ပါဝင်ပါမယ်။

နောက်ဆုံးအနေနဲ့ December Born လေးတွေအတွက်ကတော့ Free Ice-cream လက်ဆောင်ရှိပါမယ်။

Open Daily - 10:30 am to 8:30 pm

Address - အမှတ် (၁၂၇) ငုဝါလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်

Phone - 09 251 797 991

၅။ ရန်ကုန်အကင်ဆိုင်

ရန်ကုန်အကင်ဆိုင်မှာ Lunch နဲ့ Dinner (၂) မျိုးလုံးအတွက် ဒီဇင်ဘာ အထူးပရိုမိုးရှင်း ရှိပါတယ်။ သူ့ဆိုင်က အကင်နဲ့ ဟော့ပေါ့ဘူဖေးဖြစ်ပြီး Lunch အတွက် တစ်ယောက် ၁၅,၀၀၀ ကျပ်နဲ့ Dinner အတွက် တစ်ယောက် ၁၈,၀၀၀ ကျပ်ဆိုပြီး စျေးသတ်မှတ်ထားပါတယ်။ ပရိုမိုးရှင်းကတော့ (၅) ယောက် သွားတာနဲ့ (၁) ယောက် ဖရီးကြိတ်ရမှာပါ။ Lunch အတွက် စားသုံးချိန်ကို ၁ နာရီခွဲ ပေးပြီး Dinner အတွက် ၂ နာရီ ပေးထားပါတယ်။ 

ပါဝင်မယ့် Menu တွေကတော့ -

နေ့လည်စာ (Lunch) အတွက်

Premium ကြက်မဲလွှာ (ချို/စပ်)

ကြက်သားလွှာ (ချို/စပ်)

ကြက်တောင်ပံ  (ချို/စပ်)

ဝက်လိုင်းသား  (ချို/စပ်)

ဝက်ဂုတ်သား  (ချို/စပ်)

ဝက်သုံးထပ်သား  (ချို/စပ်)

ပုဇွန်

ပြည်ကြီးငါး

ကြက်သားပြား

Sausageချောင်းတို(CPချောင်းတို)

ကြက်ကြောလုံး

ဝက်သားပြား

ငါးဖယ်လုံး

ပြည်ကြီးငါးလုံး

ဂဏန်းချောင်း

ဂျပန်တို့ဟူး

အာလူး

ရုံးပတီသီး

ပြောင်းဖူးကြီး

ကန်ဇွန်းဥ

ကန်ဇွန်းရွက်

ဂေါ်ရခါးညွန့်

ကြွက်နားရွက်မှို

ဂေါ်ဖီ

မုန်လာဥနီ

မုန်ညှင်းစိမ်း

မုန်ညှင်းဖြူ

ပန်းပွင့်ဖြူ

ခေါက်ဆွဲခြောက်

ငုံးဥ

ဆလပ်ရွက် တို့ပါဝင်ပါတယ်။ 

ညနေစာ (Dinner) အတွက်

Premium ကြက်ဆင်အသားလွှာ(ချို/စပ်)(New)

Premium ယုန်အသားလွှာ(ချို/စပ်)(New)

Premium ကြက်မဲလွှာ  (ချို/စပ်)

ကြက်သားလွှာ (ချို/စပ်)

ကြက်တောင်ပံ  (ချို/စပ်)

ကြက်အသည်းအမြစ်

ဝက်လိုင်းသား  (ချို/စပ်)

ဝက်ဂုတ်သား  (ချို/စပ်)

ဝက်သုံးထပ်သား  (ချို/စပ်)

ဝက်နံရိုး  (ချို/စပ်)

ဝက်လျှာ  (ချို/စပ်)

ဝက်အသည်း  (ချို/စပ်)

အမဲပေါင်သား  (ချို/စပ်)

အမဲမိုးခိုသား  (ချို/စပ်)

အမဲဂုတ်သား  (ချို/စပ်)

ပုဇွန်

ပြည်ကြီးငါး

ကြက်သားပြား

Sausageချောင်းတို(CPချောင်းတို)

ကြက်ကြောလုံး

ကြက်မှိုလုံး

ဝက်သားပြား

ဝက်မှိုလုံး

ငါးဖယ်လုံး

ငါးတို့ဟူး

ပြည်ကြီးငါးလုံး

ပုဇွန်လုံး

ဂဏန်းချောင်း

ဂဏန်းလက်မ

ငါးအိုးစည်

ဂျပန်တို့ဟူး

အာလူး

အပ်မှို

ရုံးပတီသီး

ပြောင်းဖူးကြီး

ကန်ဇွန်းဥ

ကန်ဇွန်းရွက်

ထိုင်ဝမ်မုန်ညှင်း

ဂေါ်ရခါးညွန့်

ကြွက်နားရွက်မှို

ဂေါ်ဖီ

ကြာစွယ်

မုန်လာဥနီ

မုန်ညှင်းစိမ်း

မုန်ညှင်းဖြူ

ပန်းပွင့်ဖြူ

ခေါက်ဆွဲခြောက်

ငုံးဥ

ပိန်းဥ

ဆလပ်ရွက် တို့ပါဝင်ပါတယ်။

Hot Pot ဟင်းရည်အဖြစ် အချိုနဲ့ တုံယမ်းနှစ်မျိုးမှ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။.

အသင့်စားသုံးနိုင်မယ့် အရံဟင်းပွဲတွေအဖြစ် ငပိထမင်းကြော်၊ ကြက်ဥ​ကြာဇံ​ကြော်၊ ကြက်ခြောက်စပ်ကြော်၊ ပြောင်းဖူးကော်ပြန့်လိပ်​ကြော်၊ သီးစုံရွက်ကြော်၊ ယိုးဒယားသ​င်္ဘောသီးထောင်း (Lunch Only)၊ ဂဏန်းမဆလာချက် (Dinner Only) တို့ပါဝင်မှာဖြစ်ပါတယ်။

Coca Cola၊ Sprite၊ Max+ Orange၊ ရေခဲမုန့်မျိုးစုံနဲ့ ရာသီပေါ် အသီးတို့ကိုလည်း စိတ်ကြိုက် သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ 

Lunch Time - 11:00 AM - 3:00 PM

Dinner Time - 3:30 PM - 8:30 PM

Phone - အမှတ် ၂၂၆၊ လှိုင်မြို့နယ်၊ ဘာတာကားမှတ်တိုင် အနီး၊ ရန်ကုန်-အင်းစိန်လမ်းမပေါ်

Address - 09799465044


Read 503 times.