Special Deals

ငွေရွှင်တုန်းလေး အ၀ကြိတ်ဖို့ ပရိုမိုးရှင်းတွေပေးနေတဲ့ ဆိုင် (၆) ဆိုင်

June 2, 2023

သောကြာနေ့လည်းဖြစ်၊ လစာထုတ်ထားတာလည်း သိပ်မကြာသေးဘူးဆိုတော့ အဝသောက်၊ အဝစားဖို့ အချိန်လေးရောက်လာပြီပေါ့။ လက်ထဲငွေရွှင်တုန်းလေး စျေးတန်တန်နဲ့ စားချင်တာတွေ အ၀ကြိတ်မယ့် အစားသရဲလေးတွေအတွက် ဇွန်လ အလယ်လောက်ထိ ပရိုမိုးရှင်းတွေ ရှယ်ပေးနေတဲ့ ဆိုင် (၆) ဆိုင်ကို ညွှန်ပြပေးလိုက်ပါတယ်။    

၁။။ ချယ်ရီသေးလေး Restaurant

လစာလေးလည်း ထုတ်ပြီးပြီဆိုတော့ တစ်လတာ ကြိုးစားထားတဲ့ ကိုယ့်ကိုယ်ကို ချစ်ပေးသင့်တာပေါ့။ ဒီဆိုင်လေးမှာ ဇွန် (၁၆) ရက်နေ့အထိ စီချွမ်အရသာစစ်စစ် Signature ငါးကင်ကို မှာယူပါက အအီပြေ၊ အစပ်ပြေ၊ အမောပြေဖို့အတွက် နှစ်သက်ရာ အသီးဖျော်ရည် တစ် Jar ကို လက်ဆောင်ရရှိမှာ ဖြစ်ပါတယ်။ 

တက္ကသိုလ်ရိပ်သာလမ်းသစ်နှင့် ကမ္ဘာအေးဘုရားလမ်း ထောင့်၊ Jewel Hotel အောက်ထပ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

09 409 000 880

(9:00 AM) to (9:00 PM)

Fb Link > https://www.facebook.com/cherrytheelayrestaurant

၂။ Black Canyon

ဒီတစ်ခါတော့ Black Canyon ရဲ့ Set Menu Promotion လေးကို ပြောပြချင်ပါတယ်။ မိသားစု၀င် ငါးယောက်‌လောက်အထိ အတူတူ စားလို့ရမယ့် Family Set Menu၊ အချစ်ဆုံးသူငယ်ချင်းတွေ ဒါမှမဟုတ် ကိုယ်ရဲ့ ချစ်သူနဲ့အတူတူ စားလို့ရမယ့် Couple Set Menu တို့ကို ပရိုမိုးရှင်းပေးသွားမှာ ဖြစ်ပါတယ်။  ၅၀,၀၀၀ ကျပ်တန် Family Set Menu ကို ၄၂၈၀၀ ကျပ်နဲ့ ရမှာဖြစ်ပြီး ၃၁၅၀၀ ကျပ်တန် Couple Set Menu ကို ၂၆,၈၀၀ ကျပ်နဲ့ ရမှာပါ။ ဒီ Set Menu Promotion ကို Black Canyon ရဲ့ ဆိုင်ခွဲတိုင်းမှာ ရရှိနိုင်ပါတယ်။ ပရိုမိုးရှင်းကာလကတော့ ဇွန် (၁၅) ရက်နေ့အထိ ဖြစ်ပါတယ်။

 

 

Junction City Outlet

09 25 222 111 2

Room No. 505, 5th Floor, Junction City, Corner of Bogyoke Aung San Road and Shwe Dagon Pagoda Road, Kyauktada Township, Yangon, Myanmar.

Sayar San Outlet

 09 25 222 111 3

No. 55, Sayarsan Road, Bahan Township, Yangon, Myanmar.

Times City Outlet

09 2625 999 20

No. 218, Ground Floor, Times City Complex, Between Hantharwaddy Road and Kyun Taw Road, 7 Qtr., Kamayut Township, Yangon, Myanmar.

Fb Link >  https://www.facebook.com/blackcanyonmyanmar

Advertisement

Click Here > White Unicorn

၃။ May95 Coffee & Food House

ဒီဆိုင်လေးမှာ ရှူးရှူးရှဲရှဲ အထောင်းတွေ၊ ထမင်းနဲ့ ဟင်းတွေ၊ မနက်စာ၊ ပီဇာ၊ အအေး၊ ကော်ဖီ အစုံရပါတယ်။ ပေးမယ့် ပရိုမိုးရှင်းကတော့ ဇွန်လ (၁၅) ရက်နေ့အထိ ညနေ (၄) နာရီကနေ (၇) နာရီအတွင်း တစ်သောင်းခွဲနဲ့ အထက် မှာယူစာသုံးသူများကို ၂၀% စျေးလျှော့ပေးသွားမှာဖြစ်ပါတယ်။ 

No 42(B), Baho Road, Btw Thukha St & Min St, Sanchaung Tsp, Yangon, Myanmar

09 42531 9470

Fb Link > https://www.facebook.com/may95coffeeandfoodhouse

၄။ Down Town Bar & Grill

ဘော်ဒါတို့အတွက် ရှယ်တန်တဲ့ Pay Day Promotion လေးရှိပါတယ်။ Down Town Bar & Grill ဆိုင်မှာ ဘီယာ (၁) တာဝါ ဝယ်တာနဲ့ Fried Prawn Ball နဲ့ Soup အမြည်း (၂) ပွဲကို လက်ဆောင်ရမှာပါ။ ပရိုမိုးရှင်းကာလကတော့ ဇွန်လ (၄) ရက်နေ့အထိပဲ ဖြစ်ပါတယ်။ ဘီယာလေးသောက်၊ အမြည်းလေးစား၊ သီချင်းလေးနားထောင်ရင်း Chill လို့ရပါပြီ။  

Open Daily : 12:00pm to 10:30pm

Reservation Ph No. 09440626693

Fb Link > https://shorturl.at/cAFI8

၅။ The Pizza Company

The Pizza Company ကတော့ ကြက်ဥချောင်းပီဇာကို အ၀ဆွဲဖို့ Medium Size 6 စိတ်ပါတဲ့ Extreme Cheese & Sausage Combo Set A နဲ့ B ကို စျေးချထားပါတယ်။ 

ပီဇာရယ်၊ Sausage ပါစတာ အစပ်လေးရယ်၊  ကြက်ကြော် (၆) တုံးပါတဲ့ Set A ကို ၄၉,၇၀၀ ကျပ်ကနေ ၄၂,၉၀၀ အထိ လျှော့ပေးထားပါတယ်။  ပါစတာ မပါတဲ့ Set B ကိုလည်း ၃၉,၀၀၀ ကျပ်ကနေ ၃၅,၉၀၀ ကျပ်အထိ စျေးလျှော့ပေးထားပါတယ်။ ဇွန်လ (၂) ရက်နေ့မှာ ပါဆယ်မှာစားစား၊ ဆိုင်မှာသွားစားစား ဒီပရိုမိုးရှင်းလေးကို ရမှာဖြစ်ပါတယ်။

Fb Link >  https://www.facebook.com/ThePizzaCompanyMyanmar 

၆။ Seoul K 7-Levels Korean Spicy Noodle

ဒီတခေါက်ကတော့ Seoul K က အနမ်း (၁) ပွင့်ကို ၅၀% Discount ရမှာပါ။ ယောကျ်ားလေး LGBT အတွဲလေးတွေအတွက် အထူးစီစဉ်ပေးထားတာဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့ ကောင်လေး နှုတ်ခမ်းကို အနမ်း (၁) ပွင့် ပေးရုံနဲ့ ၅၀% Discount လက်ဆောင် ရယူနိုင်ပါတယ်။ 

၅၀% Discount လက်ဆောင်တွေကတော့ -

- Any 2 Noodles, 

- Any 2 Takoyaki or Kimbap and

- Any 2 Drinks ဖြစ်ပါတယ်။ ပရိုမိုးရှင်းကတော့ (၆) လပိုင်း (၆) ရက်နေ့မှာ စီစဉ်ပေးထားပါတယ်။

No(20-22), Gyo Phyu Road, Mingalar Taung Nyunt,, Yangon, Myanmar

09 740 920209

FB Link > https://www.facebook.com/seoulk7levelskoreanspicynoodle


Read 719 times.