Special Deals

မန္တလေးအလွမ်းပြေ ... အထမ်းမြီးရှည် ....

January 18, 2020

မနက်စာဆိုရင် အရသာသာကောင်းကောင်းလေးနဲ့ ရိုးရာအစားအစာလေးတွေကို ခုံမင်နှစ်သက်ကြသူများပါတယ်..

မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ မြီးရှည်၊ အီကြာကွေး .. စသဖြင့် မနက်စာလေးတွေက အများသူငှာ ကြိုက်နှစ်ကြတဲ့ အစားအစာတွေပေါ့.. ဒီလိုမျိုး အစားအစာကို ကောင်းကောင်းလေးတွေစားရမယ့် ဆိုင်တွေကို လည်းရွေးချယ်စားသုံးကြပါတယ်.. အယ့်ထဲ မှာ မင်မင်လည်း အပါအဝင်ပေါ့ ..

..

ဒီအထဲကမှ  မြီးရှည်၊ နန်းကြီးသုပ်တို့ စားမယ်ဆိုရင် မန္တလေးကို သတိရကြတယ်.. သတိရဆို မန္တလေးနဲ့ မြီးရှည်၊ နန်းကြီးသုပ် တို့ဆိုတာ တွဲလျက် ရှိသလိုတောင် ဖြစ်တည်နေတဲ့ အစားအစာလေးတွေပေါ့.. မန္တလေးရောက်ရင် ဒီအစားအစာလေးတွေကို စားကြတာက ကြိမ်းသေပဲ..မန္တလေးရဲ့ ဒေသ အစားအစာလေးတွေပေါ့ ..

..

" မန္တလေးက အထမ်းမြီးရှည် "..

..

မန္တလေး မှာ ဟိုအရင်ထဲက အထမ်းနဲ့ လိုက်ရောင်းတယ့် မနက်စာမြီးရှည်ပေါ့.. စားလို့ကောင်းသလို ပြီးပြည့်စုံတဲ့ မနက်စာတစ်ခုကိုလည်း သူကဖန်းတီးနိုင်တယ်လေ.. စားဖူးသူတွေ အသိပဲ.. ဒါပေမယ့် ဒါမျိုးတွေက စားချင်ရင်တောင် မန္တလေး မှာပဲရောင်းကြတဲ့ ဓလေ့တစ်ခုလိုဆိုတော့ ရန်ကုန်ကသူတွေဆိုရင်တော့ လွမ်းယုံပဲပေါ့..

..

ဒါပေမယ့် ခုမလွမ်းရ တော့ပါဘူး.. မန္တလေးက အထမ်းမြီးရှည် စစ်စစ်ကို မန္တလေးကိုမသွားရပဲ ရန်ကုန်မှာတင်စားလို့ရပြီ..လက်ရာအတွက်လည်း စိတ်ချဆို မန္တလေးမှာ experience ရှိတဲ့ chef တွေက စီမံချက်ပြုတ်တာ..ဒီတော့ မန္တလေးအရသာ စစ်စစ်ကို ခံစားလို့ရပြီပေါ့..

..

အာတော့ ဟုတ်ပါပြီ ဘယ်မှာတုန်း၊ ဘယ်ဆိုင်လဲ ????

..

ဆိုင်နာမည်က ဈေးချို ၅၅ ( Zay Cho 55)...

ဒဂုံမြို့နယ် ၊ ဗိုလ်ရာညွန်လမ်းထဲမှာ ဖွင့်ထားတဲ့ ဆိုင်လေး.. လိုင်းကားဆို ဆောက်လုပ်ရေးမှတ်တိုင်(ရွှေတိဂုံဘုရားလမ်း) နှင့် လပြည့်ဝန်းပလာဇာ ( အလံပြဘုရားလမ်း) နှင့် နီးပါတယ်..

..

မန္တလေးအလွမ်းပြေ ... အထမ်းမြီးရှည်  ကို မန္တလေး အရသာဖြင့်  ..

- ပွဲသေး ၁၅၀၀ ကျပ်

- ပွဲကြီး ၂၀၀၀ ကျပ် ဖြင့် စားသုံးနိုင်သလို ..

..

_ နန်းကြီးသုပ် 

_ နန်းလတ်သုပ်

_ နန်းပြားသုပ်

_ အုန်းနို့ခေါက်ဆွဲ

_ အကြော်စုံ

_ ကောက်ညှင်းပေါင်း

_ ဆီထမင်း

_ ငချိတ်ပေါင်း နှင့် ပဲပြုတ်

... တို့ ကိုလည်း စားသုံးနိုင်ပါတယ်...

_ ဈေးချို ၅၅ ကော်ဖီ

_ Thai Tea (ပလိန်း)

_ Thai Tea (မလိုင်)

တိုလည်း ဒီဆိုင်မှာ ရရှိပါတယ်..

..

သန့်ရှင်းလတ်ဆတ်တဲ့ မနက်စာလေးတွေနဲ့ မန္တလေးအရသာ လေးတွေကို ဒီဆိုင်မှာ ခံစားရရှိမှာပါ..

မနက်စာဆိုပေမဲ့ လည်း နေ့လည်စာအဖြစ် စားသုံးချင်သူတွေအတွက် ၂နာရီ အထိ ဆိုင်ဖွင့်ပါတယ်..နေ့လည်စာ အဖြစ်မှာယူမယ်ဆိုရင်တော့ ဗိုလ်ရာညွှန် အနီးတဝိုက်ကိုတော့ free delivery အနေဖြင့် ပို့ပေးပါတယ်..

..

ဒီဆိုင်လေးရဲ့ အားနည်းချက်ကတော့မနက်ဆိုလူအရမ်းများပြီး delivery service တော့မရှိသေးပါဘူး ..ဒါပေမယ့် နောက်ပိုင်း delivery system ကို တစ်ခြားနေရာတွေကပါ မှာယူနိုင်အောင် စီစဉ်နေပါတယ်တဲ့..

ဆိုင်ကိုတော့ ...

မနက် ၇နာရီကနေ နေ့လည် ၂ နာရီ ထိဖွင့်ပေးထားပါတယ်...

( အော် အရသာက ကောင်းသလားဆို ... ဟိုတစ်လောက မခိုင်လေး (ခိုင်သင်းကြည်) လာစားယုံတင် မဟုတ် ပါဆယ်တောင်ဆွဲသွားသေးတယ် ... ဟီး .. သူကြိုက်လို့နေမှာပေါ့ ..)

..

Zay Cho 55 (ဈေးချို ၅၅)

====================

Address-No - 55 ,Boyarnyunt Street,Yaw Min Gyi Ward,Dagon Town Ship,Yangon.

Ph -09 891 448882

www.facebook.com/Zay-Cho-55-ဈေးချို-၅၅

..

ကဲ မန္တလေးအလွမ်းပြေ ဖြစ်ဖြစ်.. မနက်စာကို အရသာကောင်းကောင်း စာချင်သူတွေ အတွက် မင်မင်ကတော့ ဒီဆိုင်လေးကို ညွှန်လိုက်ပြီနော်.. သွားစားကြည့်လိုက်ပါအုံး..


Read 1735 times.