Cafes & Restaurant

Valentine’s Day မှာ ချစ်သူနဲ့အတူ သွားစားသင့်တဲ့ စားသောက်ဆိုင် (၅) ဆိုင်

February 8, 2023

ချစ်သူများနေ့လည်း နီးလာပြီဆိုတော့ ကိုယ်ချစ်ရတဲ့ ကောင်မလေးနဲ့အတူ အစားအသောက်ကောင်းလေးတွေ စားချင် သူတွေအတွက် ဘယ်ဆိုင်မှာစားရင်ကောင်းမလည်း စဉ်းစားစရာမလိုအောင် အစားအသောက်လည်း ကောင်းပြီး လူကြိုက်များတဲ့ စားသောက်ဆိုင် ၁၀ ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

Click Here >>>  KM Fashion Shop

(1) Noddi ကော်ရည်ခေါက်ဆွဲ
ကော်ရည်ခေါက်ဆွဲကြိုက်တဲ့ စုံတွဲလေးတွေအတွက် ကြည့်မြင်တိုင် ညစျေးအနီးမှာ ဖွင့်ထားပြီး Review ကောင်းလေးတွေ ရထားတဲ့ လူကြိုက်များပြီး အရသာ တကယ်ကောင်းတဲ့ Noodi ကော်ရည်ခေါက်ဆွဲဆိုင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီဆိုင်လေးကိုတော့ မနက် ၁၀နာရီမှ ည၈ နာရီခွဲထိ ဖွင့်ထားပြီး ဆိုင်လိပ်စာလေးက အမှတ် (၆၅) ကြည့်မြင်တိုင်ညစျေးအနီး၊ ကျောင်းကြီးလမ်း၊ မဟာသကျမုနိဘုရားအနီး၊ ကြည့်မြင်တိုင်ဘူတာ မှတ်တိုင်နားပဲ ဖြစ်ပါတယ်။ 

ဒီဆိုင်မှာနာမည်ကြီးတာကတော့ ကော်ရည်ခေါက်ဆွဲဖြစ်ပြီး ငပိထောင်နဲ့ တွဲဖက် စားသုံးရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကော်ရည်ထမင်းပေါင်း၊ ဖက်ထုပ်ကြော်နဲ့ တရုတ်အစားအစာတွေလည်း ရပါသေးတယ်။ သောက်စရာအနေနဲ့ကတော့ ရေနွေးကြမ်းကို ကိုယ်တိုင်ယူစနစ်နဲ့ Free Flow သောက်လို့ရမှာဖြစ်ပြီး အခြား Soft Drink အနေနဲ့ Coffee and Tea၊ ရှောက်ပျားပင်ပွား၊ ကီဝီပင်ပွား၊ Raspberry ပင်ပွားတို့ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

(2) VietLine Coffee
အေးအေးဆေးဆေး ကော်ဖီဆိုင်လေးထိုင်ပြီး ရိုမန့်တစ်ဆန်ချင်တဲ့ အတွဲလေးတွေအတွက်တော့ အစားအသောက်လည်းကောင်းပြီး သွားရလာရ လွယ်ကူတဲ့ လှည်းတန်း Center ဒုတိယထပ်မှာဖွ င့်ထားတဲ့ VietLine Coffee ဆိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။ ဆိုင်ခွဲပေါင်း ၄ ဆိုင် ရှိပြီး တစ်ခါထိုင်ဖူးတဲ့သူတိုင်း ထပ်ထပ်သွားချင်စရာကောင်းတဲ့ ဆိုင်လေးလည်း ဖြစ်ပါတယ်။ 

ဒီဆိုင်‌လေးမှာဆိုရင် Spring Roll အပြင် ကိုရီးယား Foodset လေးတွေလည်း ရရှိပါသေးတယ်။ V-Day နေ့မှာ ကောင်မလေးကို ဘာပေးရမလဲ စဉ်းစားရခက်နေတဲ့သူတွေအတွက်လည်း ကိုယ့်ချစ်သူအတွက် Food Box ပေးဖို့ ရည်ရွယ်ထားတယ်ဆိုင်ရင် ဒီဆိုင်လေးကမှာ ယူလို့ ရပါတယ်။ သောက်စရာကတော့ Smoothies၊ Soda၊ Fresh Juice၊ Milk Shake၊ Coffee and Tea တို့ပဲ ဖြစ်ပါတယ်။

(3) Mr Jerry BBQ and Hotpot
အခုပြောပြပေးမှာက ဟော့ပေါကို အကင်လေးနဲ့ တွဲစားချင်တဲ့ စုံတွဲလေးတွေအတွက် Mr Jerry BBQ and Hotpot ဆိုင်လေးကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီဆိုင်လေးကတော့ နေရာကတော့ လတ်ဆတ်တဲ့ အသားလွှာများနဲ့ Premium Cheese တွေ ရရှိနိုင်တဲ့ ဟော့ပေါ့နဲ့ အကင် တွဲဖက်စားလို့ရတဲ့ ဆိုင်လေးပဲ ဖြစ် ပါတယ်။ 

ဟော့ပေါ့နဲ့ အကင်ကို ဘူဖေးစားသုံးရမှာဖြစ်ပြီး အခြားဟင်းလျာ Menu ပေါင်းများစွာအပြင် အချိုပွဲနှင့် သီးစုံ Mocktail လေးတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်ယူဆောင် စားသုံးနိုင်မှာ ဖြစ်ပါတယ်။ 

(4) Good Place Cafe
အခုပြောပြပေးမယ့် ဆိုင်လေးကတော့ မြောက်ဒဂုံမြို့နယ်ထဲမှာ ဖွင့်ထားတဲ့ Good Place Cafe ဆိုတဲ့ ကော်ဖီဆိုင်ပဲ ဖြစ်ပါတယ်။ ဆိုင်တည်နေရာလေးကတော့ အမှတ် ၃၂၄ ၊ ဘုရင့်နောင်လမ်းမ၊ ၃၁ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ 

ဒီဆိုင်မှာဆိုရင် ချစ်သူလေးနဲ့အတူ Coffee သောက်ရင်း အဆာပြေ စားသုံးဖို့ Cakes & Desserts အပြင် မြောက်ဒဂုံက နာမည်ကျော် ထင်းမီးဖိုပီဇာနှင့်အတူ Collaboration လုပ်ထားတာမို့ Coffee ချစ်သူတွေရော ပီဇာချစ်သူလေးတွေပါ လုံးဝ အဆင်ပြေ အကြိုက်တွေ့စေမယ့် ဆိုင်ဆိုရင်လည်း မမှားပါဘူး။ ဆိုင်အပြင်အဆင်လေးက ချစ်သူစုံတွဲလေးတွေ ကြိုက်မယ်ပုံစံလေး ဖြစ်ပြီး ဓာတ်ဖမ်းရတာ ဝါသနာပါသူတွေအတွက်လည်း နေရာကောင်းလေး ဖြစ်ပါတယ်။ 

(5) Po Tay Toe Mao Cai and BBQ
မာလာမောက်ချိုက်နှင့် ပူပူစပ်စပ်အရသာစားချင်တဲ့ Foodie စုံတွဲလေးတို့အတွက် သံသုမာလမ်းမကြီးပေါ်မှာ ဖွင့်ထားတာ မကြာသေးတဲ့ Po Tay Toe Mao Cai and BBQ ဆိုတဲ့ နာမည်ဆန်းဆန်းလေးနဲ့ ဆိုင်သစ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။ 

ဒီဆိုင်လေးကိုတော့ သွားရလာရ လွယ်ကူတဲ့ သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းမကြီးပေါ်မှာ ဖွင့်ထားတာဖြစ်ပြီး မာလာမောက်ချိုက်မှ မာလာမောက်ချိုက်ဆိုသူတွေအတွက် အဝေးကြီးသွားစရာ မလိုဘဲ အနီးလေးတင် သွားရောက် မြည်းစမ်းကြည့်လို့ရမှာ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန် နေ့လည် ၁ နာရီကနေ ည ၉ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ ဘီယာနဲ့ အကင် Chill ချင်တဲ့သူတွေအတွက်လည်း Bottle Charges လုံးဝ မယူတဲ့အပြင် ရေခဲပါ Free Flow Service ပေးဦးမှာ ဖြစ်ပါတယ်။
 

The Myanmar Restaurnt Guide


Read 410 times.