Best Cuisine

ပြည်ပနိုင်ငံတွေ သွားတဲ့အခါ မြည်းစမ်းကြည့်သင့်တဲ့ ကမ္ဘာ့အကောင်းဆုံး နာမည်ကြီး စားသောက်ဆိုင် (၅) ဆိုင်

January 27, 2023

မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲ၊ ကုမ္ပဏီညစာစားပွဲ၊ ချစ်သူနဲ့ ရိုမန့်တစ်ဆန်တဲ့ ညစာစားပွဲ စတဲ့ နေ့ထူး နေ့မြတ်တွေ ကျင်းပပြုလုပ်တဲ့အခါ လူအများစုက မိမိအိမ်မှာ မလုပ်ကြဘဲ နာမည်ကြီး စားသောက်ဆိုင်တွေမှာ ကျွေးမွေးဧည့်ခံကြတာ တွေ့ရပါတယ်။

နာမည်ကြီး စားသောက်ဆိုင်တွေကို ရွေးချယ်တဲ့အခါမှာလည်း ဆိုင် Decoration ပုံစံ၊ ပင်လယ်စာ စားသောက် ဆိုင်လား၊ ဥရောပအစားအစာတွေကို အဓိကထားရောင်းချတဲ့ ဆိုင်လား၊ ဘူဖေးသုံးဆောင်လို့ရမယ့် စားသောက် ဆိုင်မှာ တည်ခင်းဧည့်ခံမှာလား ဆိုတာ သေချာ ရွေးချယ်လေ့ ရှိကြပါတယ်။

Click Here >>> Rhino

မြန်မာနိုင်ငံမှာလည်း နာမည်ကြီး စားသောက်ဆိုင် အများအပြားရှိသလို တစ်ခြားနိုင်ငံတွေမှာလည်း နာမည်ကြီး စားသောက်ဆိုင်‌အသီးသီး ရှိကြပါတယ်။ ကမ္ဘာလှည့်ခရီးသွားတဲ့အခါ အောက်မှာ ဖော်ပြပေးမယ့် နိုင်ငံတွေကစားသောက်ဆိုင်တွေကို ရောက်ရှိရင် အရသာရှိတဲ့ အစားအစာတွေကို ကိုယ်တိုင် မြည်းစမ်းကြည့်နိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်။

(1) Noma Restaurant (ဒိန်းမတ်)

Noma စားသောက်ဆိုင်ရဲ့ ပိုင်ရှင်ကတော့  René Redzepi ဖြစ်‌ပြီး ကြယ်သုံးပွင့် စားသောက်ဆိုင် ဖြစ်ပါတယ်။ ဒီစားသောက်ဆိုင်ကို ၂၀၀၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ဒိန်းမတ်ရိုးရာအစားအစာတွေကို သူ့ကိုယ်ပိုင်နည်းလမ်းနဲ့ တီထွင်ချက်ပြုတ်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ ၂၀၂၁ ခုနှစ်ရဲ့ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင် ၅၀ ထဲမှာလည်း နံပါတ် ၁ နေရာကို ရရှိခဲ့ပါတယ်။ ဒီဆိုင်ရဲ့ အတွင်းပိုင်း ပြင်ဆင်ထားတာလေးကလည်း တကယ့်ကိုမှ နှစ်လိုဖွယ် ဖြစ်နေတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

 

(2) Odette Restaurant (စင်ကာပူ)

ဒီစားသောက်ဆိုင်လေးကိုတာ့ Julien Royer ဆိုသူက ၂၀၁၅ ခုနှစ်က စင်ကာပူနိုင်ငံမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ကြယ်နှစ်ပွင့်အောက် စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။ Odette စားသောက်ဆိုင်ဟာ  ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ အာရှရဲ့ အကောင်းဆုံး စားသောက်ဆိုင် ၅၀ စာရင်းမှာ နှစ်နှစ် ဆက်တိုက် နံပါတ် ၈ နေရာကို ရရှိခဲ့ပါတယ်။ Gin Mare Art of Hospitality Award ဆုကို ပိုဆိုင်ခဲ့သောဆိုင်လည်း ဖြစ်ပါတယ်။ 

ဒီစားသောက်ဆိုင်မှာ ပြင်သစ်အစားအစာ ဂျပန်အစားအစာနဲ့ အရှေ့တောင်အာရှ အစားအစာ မျိုးစုံကိုလည်း မြည်းစမ်းကြည့်နိုင်ပါသေးတယ်။ ဆိုင်ရဲ့ ပြင်ဆင်မှုပုံစံ Decoration Design ကလည်း တကယ်ကို အနုစိတ်လွန်းလှပြီး အနုပညာလက်ရာ မြောက်လွန်းလှတာကြောင့် Luxury ဆန်တဲ့ ခံစားချက်မျိုးလည်း ပေးပါသေးတယ်။

 

(3) Den Restaurant (တိုကျို)

နောက်ထပ်ပြောပြမယ့် စားသောက်ဆိုင်ကတော့ Den Restaurant ဖြစ်ပါတယ်။ စာဖိုမှူး Zaiyu Hasegawa က အသက် ၁၈ နှစ်အရွယ်မှာစာဖိုမှူး ပညာကို စတင်လေ့လာခဲ့ပြီး အသက် ၂၉ နှစ်အရွယ်မှာ ဒီစားသောက်ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ The World's 50 Best Restaurants 2019 မှာ Art of Hospitality Award ဆိုတဲ့ ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဂျပန်ရိုးရာအစားစာတွေကို တည်ခင်းဧည့်ခံတာ ဖြစ်တဲ့အတွက်ကြောင့် ဂျပန်နိုင်ငံကို အလည်သွားတဲ့အခါ Den စားသောက်ဆိုင်က အစားအစားတွေကို မြည်းစမ်းကြည့်ဖို့ မျှဝေပေးလိုက်ပါတယ်။

 

(4) Lido 84 Restaurant (အီတလီ)

Lido 84 စားသောက်ဆိုင်ကတော့ အီတလီမြောက်ပိုင်းက အရမ်းလှတဲ့ Garda ရေကန်အစွန်းမှာ တည်ရှိပြီး Riccardo နဲ့ Giancarlo Cmanini တို့ ညီအစ်ကိုနှစ်ဦးက ဦးဆောင် ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။ Aspire Lifestyles က ဦးဆောင်ပြုလုပ်တဲ့အကောင်းဆုံးစားသောက်ဆိုင် အခု  ၅၀ ရွေးချယ်ပွဲမှာ New Entry Award 2021 ကို အဆင့် ၁၅ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ 

ရေကန်နားမှာ တည်ဆောက်ထားတာဖြစ်တဲ့အတွက် အရသာရှိတဲ့ အစားအစားတွေကို စားသုံးရင်း ရိုမန့်တစ်ဆန်တဲ့ ရှုခင်းလေးကိုလည်း ကြည့်ရှုခံစားနိုင်ပါတယ်။ ပင်လယ်စာ ကြိုက်နှစ်သက်သူတွေ အနေနဲ့လည်း အီတလီရိုးရာ အစားအစာတွေအပြင် ပင်လယ်စာတွေပါ  အရသာရှိရှိ သုံးဆောင်နိုင်ပါသေးတယ်။

 

(5) Sühring Restaurant (ဘန်ကောက်)

နောက်ဆုံးပြောပြပေးမယ့် စားသောက်ဆိုင်ကတော့ အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ Mathias နဲ့ Thomas Sühring တို့က ဦးစီးဦးဆောင်ပြုကာ ဖွင့်လှစ်ထားတဲ့ Sühring Restaurant ဖြစ်ပါတယ်။ Sühring Restaurant  The World's 50 Best Restaurants 2022 ခုနှစ်တွင် အဆင့် ၇ ရရှိခဲ့တဲ့ စားသောက်ဆိုင်လည်း ဖြစ်ပါတယ်။ ဂျာမနီအစားအစာ၊ နယ်သာလန်အစားအစာနှင့် ထိုင်းအစားအစာတို့ကို တစ်နေရာတည်းမှာ သုံးဆောင်နိုင်မှာဖြစ်ပြီး ဆိုင်ပြင်ဆင်မှု ဒီဇိုင်းကလည်း ခမ်းနားတင့်တယ်လှပပြီး အစားအသောက်ကလည်း အရသာရှိလွန်းလှတဲ့အပြင် Plating အပြင်အဆင်ပိုင်းကလည်း စားရမှာကိုတောင် နှမြောရတဲ့အထိကို ဖြစ်စေပါတယ်။


Ref: theworlds50best

The Myanmar Restaurnat Guide


Read 508 times.