Special Deals

ရန်ကုန်မြို့တွင်း ပို့ဆောင်ခ လုံးဝပေးစရာ မလိုတော့တဲ့ Yangon Door2Door

January 27, 2021

မြန်မာနိုင်ငံရဲ့ နာမည်ရ အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ Yangon Door2Door ဟာ ယခင်က ပို့ဆောင်ခအတွက် ကျသင့်ငွေကို မြို့နယ်အလိုက် ကောက်ခံခဲ့ပေမယ့် အခုဆိုရင် ရန်ကုန်မြို့တွင်း ဘယ်ကပဲမှာမှာ ပို့ဆောင်ခ အခမဲ့နဲ့ ပို့ဆောင်ပေးပြီလို့ သိရပါတယ်။

Yangon Door2Door ရဲ့ Order Box မှာ Promo Code “ LUVD2D “ ကို အသုံးပြုလိုက်ရုံနဲ့ ဘယ်အစားအသောက်ကိုပဲ မှာယူမှာယူ၊ အခမဲ့ ပို့ဆောင်ပေးနေတာဖြစ်ပြီးတော့ အနည်းဆုံး အော်ဒါကိုလည်း သတ်မှတ်ထားခြင်း မရှိတော့ပါဘူးတဲ့။

ဒါ့အပြင် လူကြိုက်များတဲ့ စားသောက်ဆိုင် တော်တော်များများကိုလည်း Yangon Door2Door ကနေ မှာယူရင် ပရိုမိုးရှင်းအနေနဲ့ 10% ကနေ 50% အထိ Discount တွေ ရရှိနိုင်ဦးမှာပါ။ အစားတလိုင်းတွေအတွက်တော့ လုံးဝ ရွှေပဲနော်။

Yangon Door2Door ကနေ မှာယူတာနဲ့ ပရိုမိုးရှင်းတွေ ရရှိနေတဲ့ ဆိုင်တွေထဲက လူကြိုက်များတဲ့ ဆိုင်တစ်ချို့ကိုလည်း ပြောပြပေးလိုက်ပါတယ်။

Pizza Company
>> ချိစ်ပုဇွန်ပီဇာ အကြီး (၁)ချပ်ဝယ်ယူတာနဲ့ Classic Pan ပီဇာ ဆိုဒ်လတ် (၁)ချပ်

Oishii
>> ငွေကျပ် (၃၀,၀၀၀)ဖိုးနဲ့အထက် မှာယူတာနဲ့ Saba Miso တစ်ခွက် Free

The Manhattan Fish Market
>> ငွေကျပ် (၁၀,၀၀၀)ဖိုးနဲ့အထက် မှာယူတာနဲ့ (၃,၀၀၀)ဖိုး လျှော့ဈေး

Corriander Leaf
>> Buy 1 Get 1 Free

Locale The Central
>> ကြိုက်တဲ့ Vegan Menu မှာယူတာနဲ့ 25% Off

မှာယူချင်တယ်ဆိုရင်တော့ Yangon Door2Door ရဲ့ Website www.yangondoor2door.com မှာ ဝင်ရောက်မှာယူနိုင်သလို ဖုန်း 09 797 205 454 ကိုလည်း ဆက်သွယ်နိုင်ပါတယ်။


Read 1586 times.