Bars & Pubs

ဂူအောင်းမယ့် ဘော်ဒါတွေအတွက် "The Cave" ရဲ့ ဆိုင်ဖွင့်ပွဲ Giveaway

August 24, 2023

"The Cave Bar" က လှည်းတန်းစံရိပ်ငြိမ်နားမှာ ဖွင့်ထားတာ တစ်ပတ်လောက်ပဲ ရှိသေးတဲ့ Bar အသစ် ဖြစ်ပါတယ်။ Bar ပုံစံက နာမည်အတိုင်း လှိုင်ဂူကြီးထဲ ရောက်သွားသလို Vibe မျိုးကို ခံစားရစေပါတယ်။ အမှာင်ခန်းထဲမှာ တဖျက်ဖျက်လက်နေတဲ့ နီယွန်ရောင်စုံမီးတွေနဲ့ မြူးမြူးကြွကြွ Live DJ သံစဉ်တွေကြား လွင့်ချင်တဲ့သူတွေအတွက် နေရာအသစ်လေးတစ်ခုပါ။ 

Bar ဖြစ်တဲ့အတွက် ယမကာတွေနဲ့ အမြည်းအစုံ ရပါတယ်။ သူ့ Bar ရဲ့ ထူးခြားချက်က ယမကာလုလင်တွေ အကြိုက်တွေ့မယ့် ကော့တေးခွက် အကိတ်ကြီးတွေပါ။ တစ်ခွက်သောက် တစ်ခါတည်း မှောက်ပေါ့နော်။ ပြီးတော့ ဆာကေး၊ ဘီယာနဲ့ ပန်းသီးစိမ်း (၃) မျိုးကို ပေါင်းစပ်ဖျော်ထားတဲ့ Adventure Bottle ကလည်း သူ့ဆိုင်ရဲ့ Signature လို့ ပြောလို့ရပါတယ်။ ဘူးပုံစံကိုက ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ တရုတ်သိုင်းကားတွေမှာ မြင်ဖူးနေကျ ခါးမှာ ချိတ်ထားတတ်ကြတဲ့ အရက်ဘူးပုံစံမျိုးလေးပါ။ 

     Advertisement

Click Here > Great Modern

ဆိုင်အသစ်ဖြစ်တဲ့အတွက် ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ပရိုမိုးရှင်းရော Giveaway အစီအစဉ်ရော ရှိပါတယ်။ ပရိုမိုးရှင်းကတော့ ရိုးရှင်းပါတယ်။ ဩဂုတ်လ (၂၅) ရက်နေ့အထိ Beer တစ်ခွက်ဝယ် တစ်ခွက်လက်ဆောင် ရမှာပါ။

Giveaway ကတော့ အောက်မှာ လင့်ခ်ချပေးထားတဲ့ Post အောက်ရဲ့ Comment မှာ အတူတူ သွားစားမယ့် သူငယ်ချင်း (၃) ယောက်ကို Mention လိုက်ရုံနဲ့  ပါဝင်ကံစမ်းလို့ ရပါပြီ။
>> https://shorturl.at/bfxA3 

Giveaway က အယောက် (၃၀) ကို ပေးမှာ ဖြစ်ပြီး ကံထူးတဲ့သူက The Cave ရဲ့ Beer Jar Set ကို ဖရီး ရရှိမှာဖြစ်ပါတယ်။ Beer Jar Set မှာ ဘာတွေပါလဲဆိုရင် Beer (၁) Jar နဲ့ အာလူးချောင်းကြော်၊ ကြက်ရေခွံကြော်၊ ငါးအသားလုံး၊ ငါးမုန့်ကြော်၊ ပြောင်းဖူးကင် (၅) မျိုး ပြည့်လျှံနေအောင် ထည့်ပေးထားတဲ့ The Cave Snack တို့ဖြစ်ပါတယ်။ Giveaway ကံထူးရှင် အယောက် (၃၀) ကို မနက်ဖြန် "The Cave" ရဲ့ ပေ့ချ်မှာ ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။  

ဒီဆိုင်က နေ့လယ် (၁၁) နာရီလောက်တည်းက စဖွင့်တာမလို့ အိမ်မပိုင်ဘဲ ဂေါ်လီလုပ်ချင်သူတွေအတွက် နေ့ခင်းဘက်ထဲက သွားကဲလို့လည်း ရပါတယ်။ The Cave Bar & Restaurant ရဲ့ လိပ်စာကတော့ လှည်းတန်း၊ အင်းစိန်လမ်းမပေါ်က စံရိပ်ငြိမ် (၅) လမ်းထဲကို ဝင်လိုက်တာနဲ့ လမ်းအစလေးမှာတင် ဆိုင်ကို တွေ့ရှိမှာ ဖြစ်ပါတယ်။

09794764077

Monday ~ Sunday

11:00 AM ~ 9:30 PM


Read 469 times.