သူငယ်ချင်း သုံးယောက်ကိုခေါ်ပြီး ၁၃,၀၀၀ ကျော်နဲ့ Sushi Buffet အဝစားကြမယ်
အခုပြောပေးမယ့် Sushi ဆိုင်နာမည်ကတော့ ဂျပန်နာမည်လှလှလေးနဲ့အတူ ပရိုမိုးရှင်းတွေပေးနေတဲ့ Hanabi Yangon Japanese Restaurant ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။
ဒီဆိုင်လေးရဲ့ လိပ်စာလေးကတော့ ၃၆ အလယ်လမ်း၊ ကျောက်တံတားမြို့နယ်ရဲ့ Technoland မျက်နှာချင်းဆိုင်မှာ ဖွင့်ထားပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီမှ ည ၈ နာရီအထိ ပိတ်ရက်မရှိ သွားရောက် သုံးဆောင်နိုင်ပါတယ်။
Click Here >>> Ever Plastic
ဆိုင်အတွင်းပိုင်း ပြင်ဆင်ပုံလေးကလည်း ဂျပန်နိုင်ငံက စားသောက်ဆိုင်မှာ ထိုင်စားရသလို ဂျပန် traditional ပုံစံလေးတွေနဲ့ ပြင်ဆင်ထားကိုလည်း တွေ့ရမှာပါ။ ဓာတ်ဖမ်းဝါသနာပါတဲ့ Foodie လေးတွေအတွက်ကတော့ Sushi Buffet လည်းစားရင် ဓာတ်ပုံကောင်းလေးတွေလည်း ရရှိဦးမှာဆိုတော့ ဒီဆိုင်လေးကို ရွေးချယ်ပြီး သွားရောက် မြည်းစမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်။
Hanabi Sushi ဆိုင်ရဲ့ ပရိုမိုးရှင်း အစီအစဉ်ကတော့ Sushi Buffet ကိုမှ (၄) ယောက်လာစားရင် ၃ ယောက်စာပဲ ပေးရမယ့် အစီအစဉ်လေးဖြစ်ပြီး ပရိုမိုးရှင်းကာလကလည်း ဇန်နဝါရီလကုန်အထိ ဖြစ်ပါတယ်။
ပရိုမိုးရှင်းပုံစံကတော့ အချိန်အကန့်အသတ်မရှိ ဘူဖေးစားဖို့ Sushi အမျိုးပေါင်း (၅၀) ကျော်ရွေးချယ်လို့ ရမှာဖြစ်တဲ့အတွက် သူငယ်ချင်း (၄) ယောက်အတူစုပြီး Sushi Buffet လာစားမယ်ဆိုရင် (၃) ယောက်စာသာ ရှင်းရမှာဆိုတော့ တစ်ယောက်ကို ၁၇,၉၀၀ အစား ၁၃,၀၀၀ ကျော်သာ ကျသင့်မယ့် အရမ်းတန်တဲ့ ပရိုမိုးရှင်းလေးပဲ ဖြစ်ပါတယ်။
ဒါ့အပြင် Sushi Buffet မှာ Sushi သီးသန့်မဟုတ်ပဲ Pork Steak, Kimchi Stew, Fried Chicken, Grilled Pork, Grilled Chicken စတဲ့ Side dish အစုံထပ်ဖြည့်ပေးထားတာကြောင့် စားနိုင်လေ တန်လေပဲ ဖြစ်မှာပါ။
Sushi Buffet စားမယ်ဆိုရင် ဆိုင်မလာခင် (၁) နာရီအလိုမှာ ကြိုတင်ဘိုကင်တင်ထားဖို့တော့ လိုပါတယ်။
ဒါကြောင့် အရသာရှိတဲ့ Sushi လည်းစားချင် Budget လည်း ချွေတာချင်တဲ့ Foodie လေးတွေအတွက်ကို ဒီဆိုင်လေးမှာ သွားရောက် မြည်းစမ်းကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။
The Myanmar Restaurant Guide