Cafes & Restaurant

ထိုင်ဝမ်စတိုင်လ် Street Food တွေစားရင်း Happy Spin Wheel အစီစဉ်လေးမှာ ကံစမ်းကြမယ်

November 8, 2022

မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းဘော်ဒါတွေနဲ့ ထိုင်ဝမ်စတိုင်လ် Street Food တွေစားချင်တယ်ဆိုရင်တော့ Mr.Cow Taiwanese Food & Bbq ဆိုတဲ့ဆိုင်မှာ သွားရောက်မြည်းစမ်းကြည့်ဖို့ တင်ပေးလိုက်ပါတယ်။

Mr.Cow မှာရနိုင်တဲ့ Taiwanese အရသာစစ်စစ်အစားအသောက်များကို တစ်နေရာတည်းမှာ အစုံအလင် သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။ Mr. Cow ရဲ့ စားသုံးသူ Foodie လေးတွေ အဆင်ပြေစေဖို့ Mr.Cow ဆိုင်ခွဲတွေရဲ့ လိပ်စာတွေကိုလဲ ဖော်ပြပေးလိုက်ပါတယ်။

Mr.Cow မှာရရှိနိုင်တဲ့ Menu တွေကတော့Taiwanese အရသာစစ်စစ် အကင်၊ လူဝေ့၊ ထိုင်ဝမ်ထမင်း၊ လက်လုပ်ခေါက်ဆွဲနဲ့ချက်ထားတဲ့အမဲသားဂျုံခေါက်ဆွဲ၊ Smoothiနဲ့ အခြား Signature ဖျော်ရည်များ  အစရှိသော အရသာရှိတဲ့ ထိုင်၀မ် အစားအသောက်များကို မှာယူသုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။
 
ဒါ့အပြင် ဘီယာအေးအေးလေးနဲ့ မြည်းဖို့ ထိုင်ဝမ်စတိုင်လ် အကင်နှင့် ထိုင်ဝမ်နာမည်ကြီး light food လေးတွေလဲ စုံစုံလင်လင်ရရှိမှာဖြစ်ပါတယ်။ အပြင်ကနေပုလင်းဝယ်ပြီး Mr.Cow မှာ လာ Chill ချင်သူတို့အတွက်ကတော့ Mr.Cow က အရသာရှိတဲ့ အစားအသောက်များကို 40,000 ကျပ်ဖိုးနဲ့အထက် မှာယူတာနဲ့ Bottle Charges Free ရမှာပါ။ ဆိုင်အပြင်အဆင်ကလည်းအေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာရှိပြီး ကားပါကင်ကလဲ အလုံအလောက်ရှိတာမို့ ကားထားဖို့အတွက်လဲ စိတ်ပူစရာမလိုပါဘူး။

အခုထပ်ပြောပေးမှာကတော့ Mr.Cow ရဲ့ 4th November ကနေ 15th November အထိ Mr.Cow ရဲ့ အလုံဆိုင်မှာ Happy Spin Wheel ကံစမ်းခွင့်အစီအစဉ်လေးပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ တန်ဆောင်တိုင် Happy Spin Wheel ကံစမ်းခွင့်အစီအစဉ်မှာ  49,900 ကျပ်ဖိုး ပြည့်အောင် မှာယူအားပေးတိုင်း Happy Spin Wheel (1) ကြိမ်လှည့် ကံစမ်းခွင့်ရရှိမှာဖြစ်ပါတယ်။

Mr.Cow ရဲ့ တန်ဆောင်တိုင် Happy Spin Wheel မှာ ကံစမ်းနိုင်မယ့် Coupon တွေကတော့-
- ဘီယာ (၁) ခွက်
- Free Member Card
- ထိုင်၀မ်၀က်သားထမင်း (၁) ပွဲ
- Brown Sugar Bubble Milk Tea (၁) ခွက်
-  Mini Pizza (၁) ချပ် 
- Chicken Cutlet (or) Pork Cutlet (၁) ပွဲ
-  Appetizer အရံဟင်း (၁) ပွဲနှင့်
-  15% Discount Cupon တွေပါရရှိမှာဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ promotion အစီအစဉ်ကတော့ အလုံဆိုင်ခွဲ တစ်ခုတည်းမှာပဲရရှိမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ထိုင်ဝမ်အစားအသောက် စစ်စစ်ကိုမှ စားချင်းတဲ့ Foodie တွေအတွက် Happy Spin Wheel ကံစမ်းခွင့် အစီအစဉ်လေးလဲလွတ်မသွားအောင် မြန်မြန်သွားရောက်မြည်းစမ်းကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

ဆိုင်ခွဲ (၁) အလုံဆိုင် - အမှတ် (၅)၊ Yangon International Hotel ဝန်း၊ အလုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - 09 898 090 097
ဆိုင်ခွဲ(၂) UAC ဆိုင် - မဟာဗန္ဓုလလမ်း နဲ့ ၄၇လမ်းထောင့်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။ 
ဖုန်းနံပါတ် - 09 898 090 096 
Fb Link >>> Mr.Cow Taiwanese Food & Bbq(烤大爷)


Read 296 times.