Best Cuisine

ပင်လယ်စာတွေကို အရသာရှိရှိ ရှယ်ဆွဲလို့ရမယ့် seafood ဆိုင် (၅) ဆိုင်

September 13, 2022

ဒီနေ့ပြောပြပေးမယ့်ဆိုင်တွေကတော့  Seafood တွေကို အရသာရှိရှိနဲ့ ရှယ်ဆွဲလို့ရမယ့် seafood ဆိုင် (၅) ဆိုင်အကြောင်းနှင့် ဒီဆိုင်တွေမှာ ဘယ်လို promotion လေးတွေရလဲဆိုတာ တင်ပေးမှာပဲဖြစ်ပါတယ်။ မတူညီတဲ့ အရသာအသစ်အဆန်းလေးတွေကို ပုံစံအမျိုးမျိုးနဲ့ စားသုံးနိုင်ဖို့အတွက် ဆိုင်ကောင်းကောင်းလေးတွေကို သိဖို့ကလည်း အရေးကြီးပါသေးတယ်။ 

(1) Sate Kyite Seafood
ပထမဆုံးပြောပြပေးမယ့်ဆိုင်ကတော့ ဦးဝိစာရလမ်း၊ ဒဂုံမြို့နယ်မှာရှိတဲ့ လေညှင်းလေးခံရင်း ထိုင်လို့ကောင်း၊ စကားပြောလို့ကောင်းတဲ့ “Sate Kite Seafood” ဆိုင်လေးပဲဖြစ်ပါတယ်။ ဒီဆိုင်မှာ လတ်ဆတ်ပြီး အရသာရှိတဲ့ seafood ဟင်းပွဲတွေ၊ အချိုပွဲတွေကို သွားရောက်သုံးဆောင်ကြည့်စေချင်ပါတယ်။

ဒီဆိုင်ရဲ့ထူးခြားတဲ့ Promotion လေးကတော့ မျက်နှာမှာ မှဲ့ပါတဲ့သူတိုင်းကို ပင်လယ်စာအကင်နဲ့ အတူလာစားတဲ့သူအားလုံးအတွက် ဟင်းပွဲတွေကို 10% လျော့ပေးသွားအုံးမှာဖြစ်ပါတယ်။ 10% လျော့ပေမယ့် ဟင်းပွဲတွေကတော့ Sate Kite Seafood ရဲ့ Signature ဟင်းပွဲများဖြစ်တဲ့ 
(၁) အရောအနှော Seafood 
(၂)  Sk Platter
(၃) Only Prawn
(၄) Seafood Grilled Pallet
(၅) Sk’sOcean
(၆) Salmon အစိမ်းစား
(၇) မလေးရှားစတိုင်ငါးလိပ်ကျောက်ကင်
(၈) ရေချိုစီချွမ်
(၉) ဂဏန်းဟင်းပွဲများပဲ ဖြစ်ပါတယ်။

Facebook messenger မှတစ်ဆင့် အိမ်ရှေ့အရောက်လဲ မှာယူနိုင်ပါတယ်။

ဆိုင်လိပ်စာ - ရွှေတိဂုံဘုရားအနောက်ဘက်မုခ်၊ (Myanmar Culture Valley Shopping Center)အနီး၊ ဦးဝိစာရလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့
ဖုန်းနံပါတ် - 09 260 800 500
FB Link >>> Sate Kyite Seafood

 

(2) Seafood Paradise MM
နောက်ထပ်တစ်ဆိုင်ကတော့ Seafood Paradise ဖြစ်ပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်စာများကို နေရာကျယ်ကျယ်၀န်း၀န်းနဲ့ Singapore ရဲ့ လက်ရာအတိုင်း ချက်ပြုတ်ထားတဲ့ဟင်းလျာတွေကို သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။ 

ဒီဆိုင်ရဲ့ Promotion အစီအစဉ်လေးကတော့ ပင်လယ်စာများကို အတန်ဆုံး 35% OFF+ Member Card ရှိပြီးသူတွေအတွက် 5% OFF ထပ်ဆောင်းရမယ့် Big Promotion ကြီးဖြစ်ပါတယ်။ ဒါ့အပြင် စားဖိုမှူးကြီးရဲ့ 
လက်ရာမြောက်တဲ့ ဟင်းပွဲတွေကို 35% တောင် Discount ချထားတာဆိုတော့ အတန်ဆုံးဈေးနှုန်းတွေနဲ့ရမှာပါ။ Promotion ကာလက စက်တင်ဘာလ ၁၅ ရက်နေ့အထိပဲဖြစ်ပါတယ်။

ဆိုင်လိပ်စာ - အမှတ် (၄၅၉)၊ မြေညီထပ်၊ Novotel Yangon Max ဟိုတယ်၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 449 440 507, 09 449 440 508
FB Link >>> Seafood Paradise MM

 

(3) Seafood Box
Seafood Box ဆိုတဲ့ ပင်လယ်စာဆိုင်လေးမှာကတော့ ပင်လယ်စာတွေကို တွေ့နေကျ ရေပုံးလိုမျိုး သံပုံးနဲ့အပြည့်ထည့်ပေးပြီး အထဲမှာ ဂဏန်းတွေ၊ ပုစွန်တွေ၊ ပြည်ကြီးငါး၊ ဂုံးတွေ၊ ပြောင်းဖူးနဲ့ အာလူးတွေ အပြည့်ပါတဲ့ပင်လယ်စာဗန်း ပဲဖြစ်ပါတယ်။

ပွဲသေးတစ်ပွဲဆို အများကြီးပါလို့ ၃ ယောက်လောက်အဝစားလို့ရပါတယ်။ အရသာက ချဉ်ငန်စပ်ဖြစ်ပြီး အစပ်ကြိုက်သူတွေအတွက် အကြိုက်တွေ့မှာ အသေအချာပါ။ 

ဆိုင်အပြင်ဆင်ကလည်း လူငယ်အကြိုက်ဖြစ်ပြီး AirCon နဲ့ wifi free ပါရတော့ ထိုင်ရတာတော်တော်လေး အဆင်ပြေစေမယ့် ဆိုင်လေးပဲဖြစ်ပါတယ်။ Delivery လဲရရှိမှာဖြစ်ပြီး သံလျင်ထိပို့သလို ဆိုင်မှာလဲ ထိုင်စားလို့ရပါတယ်။

ဆိုင်လိပ်စာ - အမှတ် ၄၆၊ ပုသိမ်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 887 777 508
FB Link >>> Seafood Box

 

(4) စားတော်ပွဲ Seafood & Rakhine Cuisine
ဆိုင်နာမည်လေးကတော့ စားတော်ပွဲ Seafood & Rakhine Cuisine ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ ဒီဆိုင်မှာဆိုရင်တော့ seafood အပြင် ရခိုင်ဟင်းမျိုးစုံကိုလဲရရှိမှာဖြစ်ပါတယ်။ 

အစစအရာရာ စျေးတွေမြင့်တက်ပြီး ဘတ်ဂျက်ကြည့်နေရတဲ့ ဒီကာလမှာ 3500 ks  ကစတဲ့ ဘတ်ဂျက်ဟင်းပွဲတွေ ရရှိပြီး အေအေးဆေးဆေး ဆိုင်ထိုင်စားလို့ရမှာဖြစ်ပါတယ်။ ငွေလဲ အရမ်းမကုန်ဘဲ Budget ဟင်းပွဲလေးတွေ ရနိုင်တဲ့ ဆိုင်လေးလည်းဖြစ်ပါတယ်။

ဆိုင်လိပ်စာ (၁) - အမှတ်၉၂၊ ရွှေတောင်တန်းလမ်း အလယ်ဘလောက် (၁၄လမ်းနဲ့ ၁၅လမ်းကြား) လမ်းမတော်မြို့နယ်၊ ရန်ကုန်။ 
ဖုန်းနံပါတ် - 09 775 732 137

ဆိုင်လိပ်စာ (၂) - အမှတ် (A+B) မေဥယျာဉ်အိမ်ယာ၊ ရတနာလမ်းမကြီး (ကျိုက္ကဆံဘုရားဘေး) ၊သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 776 477 755
FB Link >>> စားတော်ပွဲ Seafood & Rakhine Cuisine

 

(5) The Seaside Taste
နောက်ဆုံးပြောပြပေးမယ့်ဆိုင်ကတော့ ဆိုင်ထိုင်လို့လဲကောင်းပြီး အေးဆေး relax လုပ်လို့ကောင်းတဲ့ The Seaside Taste ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။

ဒီဆိုင်ရဲ့အားသာချက်ကတော့ အနှစ်ချက်လေးဆို မဆလာချက်၊ tom yum ချက်၊ မာလာချက်ချဉ်စပ်ချက် ကြိုက်ရာရွေးချယ်ပြီး စားလို့ရပါတယ်။ ဒီဆိုင်က ပင်လယ်စာပဲ ရွေးလို့ရတာမဟုတ်ဘဲ ကြက်မဲ၊ ကြက်ဆင်၊ ဝက်သား၊ ဝက်ဘေကွန်၊ အမဲ၊ ဆိတ်၊ အသားလွှာတွေအပြင် ဝက်မှိုလုံး၊ ယိုးဒယား၊ အကင်စုံ၊ အရွက်စုံ ခေါက်ဆွဲတို့လည်းရရှိမှာဖြစ်ပါတယ်။

ဆိုင်လိပ်စာ - အမှတ် ၁၃၀၇၊ ၄ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံ (စျေးလေးမှတ်တိုင်အနီး)၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 799 928 128
FB Link >>> The Seaside Taste


ဒါ့ကြောင့် seafood သီးသန့်ကိုမှ စားချင်ပါတယ်ဆိုသူတွေကတော့ ဒီဆိုင်လေးတွေကို သွားစားကြည့်သင့်ပါတယ်နော်။ Seafood ကြိုက်နှစ်သက်တဲ့ သူတွေဆိုရင်တော့ ဒီဆိုင်လေးကို ရောက်အောင်သွားကြည့်ပြီး မတူညီတဲ့ အရသာ အသစ်သစ်တွေကို ခံစားကြည့်ကြပါလို့ အကြံပြုချင်ပါတယ်။ 
 

MyanmarRestaurantGuide


Read 507 times.