Street Food

စားသုံးသူများရဲ့ review ကောင်းတွေနဲ့ “BKK Kuay Teow” ဆိုင်က ကွေ့သယို

November 14, 2022

ကွေ့သယိုကြိုက်တဲ့ foodie လေးတွေအတွက် review ကောင်းကောင်းလေးတွေရထားတဲ့ “BKK Kuay Teow” ဆိုတဲ့ဆိုင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
 
ဘန်ကောက်ရဲ့ Street Food လဲဖြစ်ပြီး ယိုးဒယား အရသာစစ်စစ် ကွေ့သယိုကို ကြိုက်သူများအတွက် ယိုးဒယားထိ သွားစရာ မလိုဘဲ ရန်ကုန်မြို့ထဲမှာပဲ တန်တန်လေးနဲ့ အရသာရှိရှိ ဝယ်ယူသုံးဆောင်လို့ရမှာပဲဖြစ်ပါတယ်။
 
ဘန်ကောက်က ကွေ့သယို အရသာတွေအတိုင်းကို တစ်ထပ်တည်းနီးပါး တူညီမှုကို ခံစားရပြီး အရမ်းလည်း ဈေးမကြီး အရမ်းလည်းဈေးပေါတယ်လို့ မထင်ရတဲ့ ဈေးနှုန်း သတ်မှတ်ချက်တစ်ခုကြောင့်ပဲ BKK ကွေ့သယိုဆိုင်ဟာ အချိန်တိုအတွင်း နာမည်ကြီးလာတာပဲဖြစ်ပါတယ်။
 
ဒီဆိုင်မှာရနိုင်တဲ့ ကွေ့သယို Menu တွေကတော့ -
- ကွေ့သယိုအသုပ်(ကြက်) (ဝက်)
- ကြက်စတူး ကွေ့သယို
- ဝက်အူစုံ Soup
- ဝက်သွေး ကွေ့သယို 
- ဝက်ကွေ့သယို
- တုန်ယမ်းကွေ့သယို
- ဝက်အူစုံ Soup တို့ အပြင် ထိုင်းအစားအစာ အထောင်းမျိုးစုံကိုလည်း ရရှိမှာဖြစ်ပါတယ်။

ဒီဆိုင်မှာဆိုရင် အရည်ကြည်နဲ့ အုန်းသီးခွံထဲမှာ ရေခဲမုန့်တွေကို ထည့်ထားတဲ့ အရသာရှိလှတဲ့ ရေခဲမုန့်တွေကိုလည်းသုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ဘန်ကောက်မှာ shopping ကအပြန် မောမောနဲ့ ကွေ့သယို ဝင်စားကြတဲ့ Feeling လေးကိုလဲရရှိမှာဖြစ်ပါတယ်။ 
 
ဒါ့ကြောင့်ကွေ့သယို ကောင်းကောင်းစားချင်သူတွေ အနေနဲ့ကတော့ အရသာရှိလှပြီး ဈေးနှုန်းသင့်တင့်တဲ့ BKK ကွေ့သယို ဆိုင်လေးကို သွားရောက် ဝယ်ယူစားသုံးကြည့်ကြဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။
 
ဆိုင်အမှတ်(၁)  : အမှတ် (၉၅)၊ လှည်းတန်းလမ်းမ၊ ကျောင်းရှေ့မှတ်တိုင် မျက်နှာချင်းဆိုင်၊ ကမာရွတ်မြို့နယ်။ 
ဖုန်းနံပါတ် -  09770466494
ဆိုင်အမှတ်(၂)  : အမှတ် (၁၇၂)၊ ပင်လုံလမ်းမကြီး၊ ဆက်သွယ်ရေးမှတ်တိုင်အနီး၊ မြောက်ဒဂုံ။  
ဖုန်းနံပါတ် - 09441883655

FB Link >>> BKK Kuay Teow


Read 373 times.