Special Deals

ကလေးရှိတဲ့ ဖေဖေ/မေမေတို့ Pool Bar မှာ 15% Off နဲ့ Chill လို့ရပြီ

November 21, 2023

သဃင်္န်းကျွန်းဘက်ရောက်တုန်းလေး ရေကူးရင်း ဘီယာအေးအေးလေးနဲ့ အကင်စုံ မြည်းချင်သူတွေအတွက် Shambála Pool Bar မှာ နိုဝင်ဘာလ လကုန်အထိ ပရိုမိုးရှင်းတွေ ရှိပါတယ်။ အထူးသဖြင့် သားသား၊ မီးမီး ရှိတဲ့ ဖေဖေ၊ မေမေတို့နဲ့ ပင်လယ်ပျော် သင်္ဘောသားတွေအတွက် အထူးသီးသန့်ပရိုမိုးရှင်းလေး ဖြစ်ပါတယ်။

ပရိုမိုးရှင်းက နှစ်ခုဖြစ်ပြီး သတ်မှတ်ရက်ကတော့ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ဖြစ်ပါတယ်။ ဖေဖေ၊ မေမေတို့အတွက်က ကိုယ့်ကလေးရဲ့ ကျောင်းသားကတ်လေးဖြစ်ဖြစ် ကျောင်းသားကတ်လေးကို ဖုန်းနဲ့ ဓာတ်ပုံရိုက်လာတာဖြစ်ဖြစ်ကို ပြလိုက်ပြီဆိုတာနဲ့ တစ်ဝိုင်းလုံးစာ စုစုပေါင်း ကျသင့်ငွေရဲ့ 15% Off ကို ရရှိမှာ ဖြစ်ပါတယ်။

photo_2023-02-02_20-48-08.jpg

Advertisement

Click Here >> Max Cool Engineering

ဆိုင်ကို ကျောင်းသားအရွယ် သားသား၊ မီးမီးတို့ကို ခေါ်လာမယ်ဆိုရင်တော့ ကျောင်းသားကတ် ပြစရာ မလိုတော့ပါဘူး။ နောက်ပြီးတော့ တစ်ဝိုင်းမှာ ကျောင်းသားကတ် တစ်ကတ်ထက် ပိုပြီး ပြနိုင်ရင်လည်း 15% Off ထက် ပိုမရနိုင်ပါဘူးနော်။ ဒီပရိုမိုးရှင်းက အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့လယ် ၁၂ နာရီကနေ ညနေ ၄ နာရီအထိ ဖြစ်ပါတယ်။ 

နောက်ထပ်ပရိုမိုးရှင်းကတော့ ပင်လယ်ပျော် သင်္ဘောသားတွေအတွက် 7% Off ရမယ့် ပရိုမိုးရှင်းပါ။ ဘယ်ဝိုင်းမှာမဆို သင်္ဘောသားတစ်ယောက်ပါတာနဲ့ စုစုပေါင်းကျသင့်ငွေရဲ့ 7% Off ကို ရရှိမှာ ဖြစ်ပါတယ်။ သင်္ဘောသားဆိုတဲ့ သက်သေအနေနဲ့ SID card (သို့) CDC (သို့) Seaman PP ကို ရိုက်ထားတဲ့ ပုံလေးပဲ ပြဖို့ လိုပါတယ်။ တစ်ဝိုင်းလုံးမှာ သင်္ဘောသားတစ်ယောက်ထက် ပိုပါလည်း ပရိုမိုးရှင်းကတော့ 7% Off ပါပဲ။ ဒီပရိုမိုးရှင်းကတော့ အပတ်စဉ် တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ နေ့လည် ၁၂ နာရီကနေ ည ၁၁ နာရီအထိ ဖြစ်ပါတယ်။ 

မှတ်ချက် - ကလေးကျောင်းသားကတ်လည်း ပြနိုင်သလို သင်္ဘောသားလည်း ဖြစ်တယ်ဆိုရင်တောင် ပရိုမိုးရှင်းကတော့ တစ်ခုပဲ ရပါမယ်။

ရေပါ တစ်ခါတည်း ကူးချင်သူတွေအတွက်တော့ လစဉ်မန်ဘာကြေး ၅၀,၀၀၀ ကျပ် သွင်းပြီး ကူးလို့ရသလို ဆိုင်ရောက်မှာ ရေကူးချင်စိတ်ပေါက်လာတာဆိုရင် ကလေး - ၅,၀၀၀ ကျပ်၊ လူကြီး - ၈,၀၀၀ ကျပ် ပေးရပါတယ်။ ရေကူးကန်ဖွင့်ချိန်ကတော့ မနက် ၇ နာရီကနေ ည ၈ နာရီအထိ ဖြစ်ပါတယ်။ Unplugged ရှိတဲ့ နေ့တွေဆို ရေကူးကန်က ည ၆ နာရီ ၄၅ မိနစ်အထိပဲ ဖွင့်ပါတယ်။ 

Private ဆန်ဆန် Car Parking ကျယ်ကျယ်ဝန်းဝန်းနဲ့ Pool Bar မှာ ရေကူးရင်း Relax လုပ်ချင်တဲ့သူတွေအတွက် ဆိုင်အပြင်အဆင်၊ အစားအသောက် မီနူးတွေနဲ့ လိပ်စာကို အောက်ကလင့်ခ်မှာ အသေးစိတ် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

>> https://www.restaurantguide.com.mm/article/-chill-shambala-bar.html


Read 347 times.