Cafes & Restaurant

၅၉၀၀ ကျပ်တည်းနဲ့ Pizza Hut မှာ Lunch Set စားကြမယ်

January 9, 2023

ရုံးစဖွင့်တဲ့နေ့လေးမှာ Lunch မထည့်လာမိတဲ့ foodie လေးတွေအတွက် Pizza Hut Myanmar ကအရမ်းတန်ပြီး ၅၉၀၀ ကျပ်ထဲနဲ့ Lunch Set promotion လေးရှိတယ် ဆိုတာကို တင်ပေးလိုက်ပါတယ်။ 

ပရိုမိုးရှင်းပုံစံလေးကတော့ Pizza နဲ့ Pepsi ၂မျိုးစလုံးရမှာဖြစ်ပြီး  Personal Pan ၄စိပ်ပါ ၆လက်မဝန်းကျင်နဲ့ (Pepsi, 7up, Marinda) အတွဲလေးကိုမှ ၅၉၀၀ ကျပ်နဲ့ သတ်မှတ်ထားတဲ့ ပီဇာဟတ် ဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။ 

ဒီLunch Setလေးကို ဘယ်ဆိုင်တွေမှာ ဝယ်ယူလို့ရလဲဆိုရင်တော့ Limited offerလေး ဖြစ်လို့ ၆မိုင်ခွဲ၊ စံရိပ်ငြိမ်(ဂမုန်းပွင့်)၊ ၉မိုင်၊ မြောက်ဒဂုံ၊ မန္တလေး (၇၇) လမ်းဆိုင်ခွဲတွေမှာ တင်္နလာမှ သောကြာအတွင်း မနက် ၁၀ နာရီခွဲမှ နေ့လည် ၂ နာရီအတွင်းဝယ်လို့ရမှာဖြစ်ပါတယ်။ Dine in & Takeaway ပဲရမှာပါ။

Fb Link >>> Pizza Hut Myanmar


Read 482 times.