Special Deals

(၂) ရက်တည်းသာ ရမယ့် Mr.Chef ရဲ့ Buy 1 Get 1 ပရိုမိုးရှင်း

October 12, 2023

ဒီတစ်ခါတော့ မုန့်လည်းစားချင်တယ် အပြင်ထွက်ရမှာလည်း ပျင်းတယ်ဆိုတဲ့ အစားတလိုင်းတို့အတွက် ပရိုမိုးရှင်းလေး လာပါပြီ။ အောက်တိုဘာလ (၁၂) ရက်နေ့နဲ့ (၁၃) ရက်နေ့အတွက် Mr.Chef ရဲ့ တစ်ပွဲဝယ် တစ်ပွဲလက်ဆောင် ရမယ့် ပရိုမိုးရှင်း အစီအစဉ် ရှိပါတယ်။

Mr.Chef မှာ Asian Fusion အစားအစာတွေ၊ ပေါ့ပေါ့ပါးပါး Appetizer တွေ၊ တစ်ယောက်စာ One Portion တွေ၊ Noodle တွေ၊ မြေအိုးထမင်းတွေ၊ ချဉ်ချဉ်စပ်စပ် အသုပ်လေးတွေ/အထောင်းတွေ၊ ကိုရီးယားအစားအစာတွေ၊ Army Stew၊ မာလာရှမ်းကော၊ ဟော့ပေါ့နဲ့ သောက်စရာ ကော်ဖီ၊ Milk Tea တို့အပြင် ဖျော်ရည်မျိုးစုံလည်း ရပါတယ်။ 

Advertisement >> Zebra

Foodpanda App က BOGO Promotion အောက်မှာ ရှိတဲ့ မီနူးတွေကို သတ်မှတ်ရက် (၂) ရက်အတွင်း မှာလိုက်တာနဲ့ အလားတူ ဟင်းပွဲ နောက်တစ်ပွဲ လက်ဆောင် ရရှိမှာဖြစ်ပါတယ်။ ပရိုမိုးရှင်း ပေးထားတဲ့ မီနူးထဲမှာ မာလာရှမ်းကော၊ ဟောပေါ့၊ Army Stew တို့အပြင် တခြား စားစရာနဲ့ သောက်စရာ မီနူးအမျိုးအစား စုစုပေါင်း (၁၀၀) ကျော် ပါဝင်ပါတယ်။  

အရင်တုန်းက နှစ်ယောက် အ၀စားတစ်ပွဲက အခုဆို လေးယောက်တောင် ၀၀လင်းလင်း စားလို့ရတော့မှာ ဖြစ်တဲ့အတွက် သူများတွေ လက်မဦးခင်လေး ကိုယ်ကအရင် လက်သွက်ဖို့ လိုပါမယ်နော်။ 


Read 300 times.