Cafes & Restaurant

အလုံမြို့နယ်မှာ ဆိုင်ခွဲအသစ်ဖွင့်ထားတဲ့ Mr Jerry BBQ and Hotpot

November 9, 2022

ကိုယ့်ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ အပန်းဖြေစားသောက်ဖို့ နေရာသစ်လေးတစ်နေရာ ကိုပြောပြပေးမှာဖြစ်ပါတယ်။

နေရာကတော့ လတ်ဆတ်တဲ့ အသားလွှာများနဲ့ Premium Cheese တွေ ရရှိနိုင်တဲ့ အလုံမြို့နယ်မှာ အသစ်ဖွင့်ထားတဲ့ Mr Jerry ဆိုင်သစ်လေးပဲ ဖြစ်ပါတယ်။ 

 ဒီဆိုင်သစ်လေးမှာ Time limit လေးကိုလည်း ၂ နာရီထိတိုးပေးထားပြီး ဈေးနှုန်းလေးက အပြီးအစီး 23000 ကျပ်ကျသင့်မှာဖြစ်ပါတယ်။ သန့်ရှင်းသပ်ရပ်ပြီး ကျယ်ဝန်းလှပတဲ့ အပြင်အဆင်တွေနဲ့ဆိုတော့ မိသားစုတွေအတွက် အပန်းဖြေစရာနေရာလေးတစ်ခု ဖြစ်တဲ့အပြင် သားသားမီးမီးလေးတွေပါတဲ့ မိသားစုတွေအတွက်လည်း ကလေးထိုင်ခုံလေး‌‌တွေကိုလည်းပြင်ဆင်ပေးထားပါသေးတယ်။

ဒါ့အပြင်  မိသားစုဝင်၊ သူငယ်ချင်းအပါင်းအသင်းတို့နဲ့ စားချင်တဲ့ အစားအစာတွေကို စိတ်အေးလက်အေး သုံးဆောင်နိုင်စေရန် ပြုလုပ်ပေးထားတဲ့ ကျယ်ဝန်းပြီး လုံခြုံစိတ်ချရတဲ့ Car Parking လဲရှိပါတယ်။ 
 
ဒါ့ကြောင့် ပျော်စရာအချိန်လေးတွေကို မိသားစု သူငယ်ချင်းအပေါင်းအသင်းတွေနှင့်အတူတကွ ဖြတ်သန်းဖို့အတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေပေးတဲ့ Mr. Jerry ဆိုင်သစ်လေးကို လမ်းညွှန်ပေးလိုက်ပါတယ်။

ဆိုင်အသစ်ရဲ့ ‌လိပ်စာလေးကတော့-
​ အမှတ် ၂၀၄ ၊ အောက် ကြည်မြင့်တိုင်လမ်း ၊ နှင်းဆီလမ်းနဲ့ သစ်တောလမ်းကြား ၊ အလုံမြို့နယ် အလုံစာတိုက် မှတ်တိုင်အနီးမှာ ဖြစ်ပါတယ်။
ဒီဆိုကိုရောက်ရှိမယ့် YBS ကားနံပါတ်လေးတွေကတော့  22,41,117,89,59,94,98 ကားတွေ ရောက်ပါတယ်။
ဖုန်း - 09400500139

Fb Link >>> Mr Jerry BBQ and Hotpot Ahlone


Read 1084 times.