Best Cuisine

ထိုင်းရိုးရာအစားအစာတွေ စုံလင်တဲ့ Meetup Thai Cuisine & Cafe

November 23, 2022

ထိုင်းအစားအစာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ယိုးဒယားအထောင်းတွေကို အရသာရှိရှိ သုံးဆောင်လို့ရမယ့် Meetup Thai Cuisine & Cafe ဆိုတဲ့ဆိုင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ထိုင်းရိုးရာအစားသောက်နှင့်ပတ်သတ်ပြီး တစ်နေရာထဲမှာ စုံစုံလင်လင်ရရှိတဲ့ ဆိုင်လေးလည်းဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉နာရီမှ ည ၉နာရီအထိပဲ ဖြစ်ပါတယ်။

အပြင်မှာရာသီတုက အရမ်းကိုပူတော့ ဆိုင်ပုံစံလေးကလဲထိုင်ချင်စရာကောင်းပြီး အဲကွန်းခန်းလေးထဲမှာ အေးဆေးလေးထိုင်စားလို့ရမယ့်ဆိုင်လေးပဲဖြစ်ပါတယ်။

ဒီဆိုင်ဟာဆိုရင် ထိုင်အစားအစာအပြင် နေ့လည်စာအတွက် ဗိုက်ပြည့်ပြီး အရသာရှိရှိစျေးသက်သက်သာသာ သုံးဆောင်လို့ရမယ့် ဆိုင်လဲဖြစ်ပါတယ်။

ဒီဆိုင်လေးမှာ လူမေးအများဆုံးနဲ့ အရောင်းရဆုံးဖြစ်တဲ့ ယိုးဒယားအထောင်ပွဲတွေကတော့
- သင်္ဘောသီးတောထောင်းအစပ်
- သင်္ဘောသီးမုန့်ဖတ်ထောင်း
- ပဲကြာဇံအစုံထောင်း
- အပ်မှိုထောင်း
- ကြက်တောင်ပံထောင်း
- ကြက်ခြေထောက်ထောင်း တို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် ကွေ့သယို၊ မာလာရှမ်းကော၊ တုန်ယမ်းထမင်းကြော်၊ ကင်မ်ချီ ထမင်းကြော်၊ ကြက်ပင်စိမ်းထမင်းနှင့် အခြား ဟင်းပွဲများလဲရရှိမှာဖြစ်ပါတယ်။

သောက်စရာအနေနဲ့ကတော့ Soda Drink နဲ့ ရွေးချယ်စရာ Hot Item Drink Menu တွေလဲရှိပါတယ်။ တိတ်ဆိတ်ပြီး အေးအေးဆေးဆေး ဆိုင်ထိုင်စားချင်တဲ့သူတွေအတွက်တော့ တကယ်ကို relax ဖြစ်စေမယ့်ဆိုင်လေးဖြစ်ပြီး မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ Date ပြီး အမှတ်တရ ဓာတ်ပုံလှလှလေးတွေရိုက်ရင် တကယ်ကို အမှတ်တရဖြစ်စေမယ်ဆိုင်လေးလည်းဖြစ်ပါတယ်။

Wifi Free လဲစီစဉ်ပေးထားတာဖြစ်လို့ အလုပ်နှင့် ပတ်သက်ပြီး အေးဆေးထိုင်ချင်တယ်ဆိုရင်တော့ တကယ်ကို အဆင်ပြေစေတဲ့ဆိုင်လေးဖြစ်ပါတယ်။ Delivery နှင့်လဲမှာယူသုံးဆောင်လို့ရပါတယ်။ Online Order များအတွက် တစ်နာရီကြိုတင်ဖုန်းဆက်ပြီး မှာယူလို့ရပါတယ်။

ဒါ့ကြောင့် စျေးနှုန်းသက်သာပြီး တကယ်ကို အေးဆေးတိတ်ဆိတ်တဲ့ စမ်းချောင်းမြို့နယ်က Meetup Thai Cuisine & Cafe ဆိုတဲ့ဆိုင်လေးမှာ ထိုင်ကြည့်ကြဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

ဆိုင်လိပ်စာ - ပ/၁၇၊ ပဒုမ္မာလမ်း၊ စမ်းချောင်းမြို့နယ် (စမ်းချောင်း Spirit နောက်ကျောဘက်)၊ ရန်ကုန်။ 
Contact For Order : 09762637092
Order To Viber  - 09762637092
FB Link >>> 
 


Read 343 times.