Best Cuisine

တိလေးတွေပါ ခေါ်သွားလို့ရတဲ့ Korea Restaurant

January 16, 2023

ရာသီဥတုက ဆောင်းရာသီလဲဖြစ် ကိုရီယားမှာ အေးသလောက်မအေးပေမယ့် အငွေအသက်လေးကတော့ ဆောင်းတွင်းအငွေ့အသက်လေးဖြစ်နေတာကြောင့် ကိုရီးယားအစားအစာတွေရဲ့ ပူပူစပ်စပ်အရသာကိုမှ စားချင်တယ်ဆိုရင်တော့ Gomar Kitchen ဆိုတဲ့ ကိုရီးယားစားသောက်ဆိုင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

နေရာကျယ်ဝန်းပြီး အရသာကောင်တဲ့ ကိုရီးယားအစားအစားတွေကို သုံးဆောင်ချင်တယ်ဆိုရင်တော့ ဆိုင်ခွဲတွေပါဖွင့်လှစ်ထားတဲ့ အခုပြောပြပေးမယ့်ကိုရီးယားစားသောက်ဆိုင်လေးကို ရွေးချယ်ဖို့အကြံပေးချင်ပါတယ်။

Click Here >>> King Metal

ကိုရီးယားကားတွေထဲကလို အလုပ်ကအပြန် အဖွဲ့လိုက် တစ်ခွက်တစ်ဖလားဝင်မော့ဖို့ Korea Vibe  အပြည့်နဲ့ သောက်လို့ကောင်းတဲ့ ဆိုင်လည်းဖြစ်ပါတယ်။ ဒီဆိုင်မှာသောက်မယ်ဆိုရင်တော့ Korea mood ဝင်စေမယ့်အပြင် ဘော်ဒါတို့အတွက် ဆိုဂျူနဲ့ သုံးထပ်သားကင်၊ ဘီယာနဲ့ ကြက်ကြော်တို့လို အတွဲအစပ်လေးတွေရစေပါတယ်။ ဖွင့်ထားတဲ့ဆိုင်နေရာလေးတွေကလည်း နေရာစုံကိုပြန်ကြမယ့် ကာကာတို့အတွက်  လမ်းကြောင်းသင့်တဲ့နေရာ ဖြစ်ပါတယ်။

Gomar Kitchen ရဲ့ Signature  ကိုရီးယားဟော့ပေါ့ဖြစ်တဲ့ Kimchi Stew  အရသာကလည်း balance ဖြစ်ပြီးသားကိုမှ အရသာပိုင်း အရမ်းကောင်းတဲ့ ဟင်းရည်လေးမို့ စားသုံးသူတွေကြားမှာ နာမည်ရပြီးသားလည်းဖြစ်ပါတယ်။ ကိုရီးယားရိုးရာအစားအစာအကုန်ရတဲ့အပြင် ကြက်ကြော်ပါ အရသာမျိုးစုံရတဲ့ Menu စုံတဲ့ ဆိုင်လည်းဖြစ်ပါတယ်။

ခေါက်ဆွဲမှ ခေါက်ဆွဲဆိုတဲ့ ကိုရီးယားအစားအစား Foodie လေးတွေအတွက်လည်း ကိုယ်ပိုင်ခေါက်ဆွဲစက်နဲ့ ကိုယ်တိုင် Homemade ထုတ်လုပ်ထားတဲ့ ကိုရီးယားစတိုင် ခေါက်ဆွဲလုံးလုံးအိအိလေးတွေကို သုံးဆောင်ရမှာဖြစ်ပါတယ်။ ခေါက်ဆွဲပြုတ်ကြိုက်သူတွေအတွက် Jjampong၊ ပဲခေါက်ဆွဲလေးမှ စားချင်သူတွေအတွက် Jjangmyeon၊ ကိုရီးယားခေါက်ဆွဲသုပ်လေး ထိထိမိမိစားချင်ရင်တော့ Bibim myeon တို့ရရှိမှာဖြစ်ပြီး Readymade ခေါက်ဆွဲမဟုတ်တာမို့ စိတ်ချလက်ချသာ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

အသောက်တစ်လိုင်းချင်းဂူးတို့အတွက်လည်း Gomar မှာရနိုင်တဲ့ အသောက်နဲ့ အမြည်းတွေကိုပြောပြပေးမှာ ဖြစ်ပါတယ်။ Gomar Kitchen မှာ မူးချင်ပါတယ်ဆိုတဲ့ အသောက်တစ်လိုင်းချင်းဂူးတို့အတွက်
- ဘီယာ
- ဆိုဂျူ
- မက်ကောလီ(ဆန်ချိုအေး/ဆန်အရက်) စတာတွေလည်းရရှိပါသေးတယ်။

တိချစ်သူလေးတွေအတွက်လည်း Gomar Kitchen ဆိုင်ခွဲ နှစ်ဆိုင်လုံးရဲ့ Outside Area မှာ အုဝုတို့ မြောင်တို့ကိုပါ ခေါ်လာနိုင်လို့ တိလေးတွေနဲ့အတူ လာရောက်အားပးလို့ရမှာပဲဖြစ်ပါတယ်။

ဒါကြောင့် Premium Korean Taste နဲ့ Quality Time ကို ချစ်ရသူ၊ မိသားစု၊ ဘော်ဒါတွေနဲ့ အေးအေးဆေးဆေးလေး ကုန်ဆုံးချင်တယ်ဆိုရင်တော့ Gomar Kitchen ကိုသွားရောက် မြည်းစမ်းကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

(ဝေဇယန္တာ Branch)
Address: အမှတ် (၁၀၀)၊ (၃)ရပ်ကွက်၊ ဝေဇယန္တာလမ်းမကြီး ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်
Ph: 09765542280 ၊ 09783838313

(ကျိုက်ဝိုင်း Branch)
Address: အမှတ် (၂၅) ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ် ( CB Bank အနီး၊ ရဲရန်အောင် မှတ်တိုင် )၊ ရန်ကုန်။
Ph: 09403509880 ၊ 09783838313

Fb Link >>> Gomar Kitchen

The Myanmar Restaurant Guide

 


Read 672 times.