Cafes & Restaurant

နှစ်သစ်မှာ ပရိုမိုးရှင်းတွေပေးနေတဲ့ Hotpot ဆိုင် (၅) ဆိုင်

January 5, 2023

နှစ်သစ်မှာ လူသစ်စိတ်သစ် အားအင်အပြည့်နဲ့ ပန်းတိုင်ကို လျှောက်လှမ်းနိုင်ဖို့ နှစ်သစ်ပရိုမိုးရှင်းတွေ ပေးနေတဲ့ ဒီ Hotpot ဆိုင်လေးတွေမှာ charging သွားသွင်းလို့ရအောင် The Myanmar Restaurant Guide Website က တင်ပေးလိုက်ပါတယ်။

Click Here >>> Bawgawadi Co., Ltd.

(1) Spicy Hot Pot
ပထမဆုံး ပြောပြပေမယ့်ဆိုင်လေးကတော့ ဆရာစံလမ်း SP bakery ရှေ့မှာဖွင့်ထားတဲ့ Spicy Hot Pot ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့ နှစ်သစ်ပရိုမိုးရှင်းအစီအစဉ်လေးကတော့ ပုံမှန်စားချိန်ထက် 30 မိနစ် အပိုလက်ဆောင်နှင့် ဘီယာ Buy 1 Glass Get 1 Glass Free တို့ရရှိမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်လေးကတော့ မနက် ၁၁ နာရီမှ ညနေ ၄ နာရီ အတွင်းဖြစ်ပြီး ကျသင့်တဲ့စျေးနှုန်းကတော့ 18,900+ ကျပ်ဖြစ်ပါတယ်။ (မန်ဘာကတ်အသုံးပြုမရပါ)
 
နောက်ထပ်ပရိုမိုးရှင်းအစီအစဉ် ပုံစံလေးကတော့ ညနေ ၄နာရီမှ ည၁၀ အတွင်းဖြစ်ပြီး ကျသင့်တဲ့စျေးနှုန်း ကတော့ 21,800+ ကျပ်ပဲဖြစ်ပါတယ်။ (မန်ဘာကတ်အသုံးပြုလို့ရပါတယ်) 

January လမွေးနေ့ရှင်လေးများအတွက် Birthday Month Promotion - 5% ရရှိမှာဖြစ်ပါတယ်။ (မှတ်ပုံတင်နှင့်မန်ဘာကတ် ယူလာရပါမယ်)

ဒါ့အပြင်ဘီယာတစ်ခွက် 2000 ကျပ် အပြင် Beer Free Flow အတွက် 4000 Ks ‌ထပ်ဆောင်းပေးပြီး သောက်နိုင်တဲ့ အစီအစဉ်လေးလဲရှိပါသေးတယ်။ 

၈မိုင်ဆိုင်ခွဲလိပ်စာ - အမှတ်(၃၃)၊ ကျိုက်ဝိုင်းဘုရားလမ်း(၈မိုင် AKA အကင်ဆိုင် အောက်ထပ်)၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
Ph: 09 454545 788, 09 454545 799 

ဆရာစံဆိုင်ခွဲလိပ်စာ - အမှတ် (၅၉)၊ ဆရာစံလမ်း(SP bakery ရှေ့)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
Ph: 09 778 711 711, 09 779 711 711 711
Fb Link >>> Spicy Hot Pot

(2) SuKi Hot Pot Buffet Style
ဒီဆိုင်လေးကတော့ တစ်ခြား hotpot ဆိုင်တွေနဲ့မတူတစ်မူထူးခြားတဲ့ Suki ရဲ့ အမယ်စုံ Home made အချိုပွဲတွေပါရရှိပြီး သန့်ရှင်း လတ်ဆတ်တဲ့ သဘာဝပါဝင်ပစ္စည်းတွေနဲ့ပြုလုပ်ထားတာကြောင့် ကလေးတွေပါ စားသုံးနိုင်တယ်ဆိုတော့ မိသားစုတွေအတွက် ပိုအဆင်ပြေစေတဲ့ SuKi Hot Pot Buffet Style ဆိုတဲ့ Hotpot ဆိုင်ပဲဖြစ်ပါတယ်။

ဒီဆိုင်ရဲ့ ပရိုမိုးရှင်းအစီအစဉ်လေးကတော့ January လမှာ ဟော့ပေါ့နဲ့ အကင်ကို အချိန်ကြည့်စရာမလိုဘဲ အဝစားလို့ရမယ့် Special Promotion အစီအစဉ်ပဲဖြစ်ပါတယ်။ 

ပရိုမိုးရှင်းပုံစံကတော့ ရုံးပိတ်ရက်တွေမဟုတ်ပဲ တနင်္လာနေ့မှ ကြာသာပတေးနေ့ အတွင်းကို နေ့လည် ၁၁နာရီမှ ည ၉နာရီအတွင်း unlimited time ပရိုမိုးရှင်းပုံစံကို တစ်နေကုန်အောင်ရရှိမှာဖြစ်ပါတယ်။ 
ဒါ့အပြင် သောကြာ၊ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ ၃ နာရီကြာ အေးဆေးစားနိုင်ပြီး + 1 hour bonus ပရိုမိုးရှင်းကိုလဲ ရရှိအုံးမှာဖြစ်ပါတယ်။

ဆိုင်လိပ်စာ - အမှတ် G-2 ၊ ဆိုဟိုဗိုလ်မြတ်ထွန်းတာဝါ၊ ဗိုလ်မြတ်ထွန်းလမ်း အောက်ဘလောက်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။ ((လမ်း 50 မှတ်တိုင်အနီး) အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ဗိုလ်တစ်ထောင် ကျောင်းရှေ့တည့်တည့်)
Ph: 09966766765
Fb Link >>> SuKi Hot Pot Buffet Style

(3) Seafood City Hot Pot
ဒီဆိုင်လေးကတော့ လူတိုင်းလဲသိပြီးသာဖြစ်မှာမှာ Seafood Hotpot နဲ့ ပတ်သက်လို့ အရမ်းနာမည်ကြီးတဲ့ Seafood City Hot Pot ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ ဒီဆိုင်လေးမှာပေးထားတ‌ဲ့ ပရိုမိုးရှင်း အစီအစဉ်လေးကတော့ January လမွေးနေ့ရှင်လေးတွေအတွက် Come 6 Pay 5 ပရိုမိုးရှင်း အားမွေးနေ့လက်ဆောင်ပေးထားတာပဲဖြစ်ပါတယ်။ 

ဒီပရိုမိုးရှင်းအစီအစဉ်ကို ရယူဖို့အတွက် လိုအပ်တာတွေကတော့ လူကြီးမွေးနေ့ရှင်ဆိုရင် မှတ်ပုံတင် (သို့မဟုတ်) လိုင်စင်၊ ကလေးမွေးနေ့ရှင်ဆိုရင် မွေးစာရင်း စတဲ့အထောက်ထားများကို ယူဆောင်လာခဲ့ရမှာဖြစ်ပါတယ်။

ဆိုင်လိပ်စာ - အမှတ် ၁၄၀/၁၄၁၊ မင်းဓမ္မလမ်း၊ (၄) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်။
Ph: 09 751118888
Fb Link >>> Seafood City Hot Pot

(4) Hot Pot City Ahlone
နောက်ထပ်ပြောပြပေးမယ်ဆိုင်လေးကတော့ hotpot ဆိုင်တွေထဲမှာ hotpot buffe နဲ့ ပတ်သက်လို့နာမည်ရ ပြီးသားဖြစ်ပြီး အလုံမြို့နယ်မှာ ဖွင့်ထားတဲ့ Hot Pot City Ahlone ဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်။ 

ဒီဆိုင်ရဲ့ပရိုမိုးရှင်းအစီအစဉ်လေးကတော့ January လမှာမွေးတဲ့ မွေးနေ့ရှင်တွေအတွက် ၅% Discount ရရှိမှဖြစ်ပြီး ဒီအခွင့်အရေးက (၁) ကြိမ်ပဲရရှိမှာမို့လို့ January လမွေးတဲ့ မန်ဘာကဒ်ပိုင်ရှင်တို့အတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ (မန်ဘာကဒ်နှင့်အတူ မှတ်ပုံတင်ပါယူဆောင်လာခဲ့ရမှာ ဖြစ်ပါတယ်။)

ဆိုင်လိပ်စာ - No(71/A), Corner of Thit Taw street and MinYe'Kyaw Swar street, Ahlone township, Yangon
Ph: 09 780888866
Fb Link >>> Hot Pot City Ahlone

(5) Hotpot Paradise
နောက်ဆုံးပြောပြပေးမယ့်ဆိုင်နာမည်လေးကတော့ Hotpot Paradise ဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ ပရိုမိုးရှင်းအစီအစဉ်ကတော့ ဒီဇင်ဘာလထဲက ပေးထားတဲ့ ပရိုမိုးရှင်းကို ဇန်နဝါရီ (၁၅) ရက်နေ့အထိတိုးပေးထားပြီး ဒီဆိုင်ကို လာရောက်စားသုံးသူမည်သူမဆို 22% Discount ရရှိမှာဖြစ်ပါတယ်။ ဒီပရိုမိုးရှင်းလေးကတော့ Regular Buffet ရော Seafood Lover ရော ခံစားခွင့်ရရှိမှာဖြစ်ပြီး Seafood Lover စားရင်လည်း  Meat တွေရော အကုန်စားလို့ရပါတယ်။ 

ဆိုင်လိပ်စာ - No.322,Upper Pazundaung Road, Makro Whole Sale Myanmar၊ Sat Sun Ward, Mingalar Taung Nyunt Tsp; Yangon
Ph: 09-777005067, 09-750800446, 09-777200702
Fb Link >>> Hotpot Paradise

ဒါကြောင့် နှစ်သစ်ရဲ့ လအစဖြစ်တဲ့ January လမှာ မိတ်ဆွေတွေ မိသားစုတွေနဲ့ ဟော့ပေါ့၊ အကင်ကို အဝစားရင်း အရံဟင်း အချိုပွဲတွေကို ဈေးတန်တန်လေးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် အေးဆေး စိတ်ကြိုက်သုံးဆောင်နိုင်ဖို့ အထက်ဖော်ပြပါ Hotpot ဆိုင် (၅) ဆိုင်မှာ သွားရောက်မြည်းစမ်းကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။
 

The Myanmar Restaurant Guide


Read 538 times.