Cafes & Restaurant

စက်တင်ဘာလရဲ့ Happy Hour Promotion အစီအစဉ်ရှိတဲ့ BBQ Buffet  ဆိုင်

September 19, 2022

အခုပြောပြပေးမယ့် ဆိုင်နာမည်လေးကတော့ မပြောင်းလဲပဲဆက်ရှိနေမယ့် စက်တင်ဘာလရဲ့ happy hour အစီစဉ်လေးနဲ့အတူရှိနေမယ့် Manpuku Buffet Style ဆိုတဲ့ BBQ ဆိုင်လေးပဲဖြစ်ပါတယ်။ September တစ်လလုံးရဲ့ Happy Hour အချိန်လေးက အပတ်စဉ် တနင်္လာ မှ ကြာသပတေး (အများပြည်သူရုံးပိတ်ရက်များမပါ) နေ့လည်၁၁နာရီမှ ညနေ၅နာရီအထိ အချိန်အကန့်အသတ်မရှိ လာရောက်သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။

 

Happy Hour ရဲ့ Last order မှာ (4:30pm) ဖြစ်ပြီး Beer, Lemon sour, mango sour free flow သောက်သုံးခွင့်ကို (၁) နာရီခွဲသတ်မှတ်ထားပါတယ်။ညနေပိုင်း Bonus mins အစီစဉ်ကတော့ အပတ်စဉ် တနင်္လာနေ့မှ ကြာသပတေးနေ့ ( 5pm to 9pm) အတွင်းလာရောက်စားသုံးသူများအတွက် အချိန်ပို +30mins ကို free အရယူလိုက်ပါ။ 

ပုံမှန်သတ်မှတ်စားသုံးချိန် (1:30hr) + 30mins Bonus ဖြစ်ပါတယ်။ Gazetted Holiday ရက်များတွင် Happy Hour /bonus mins အစီစဉ်များ မရှိပါ။ ဒါ့အပြင် အခုရက်ပိုင်းသွားစားမယ့် customer များအနေနဲ့ Manpuku အဝစား Package (၃) မျိုးကို စျေးနှုန်းလေးတွေ အနည်းငယ်ပြောင်းလဲမှုရှိပါတယ်။

(1.6.2022) ရက်နေ့မှ စတင်ပြီးပြောင်းလဲသွားမယ့် Manpuku အဝစား Package (၃) မျိုး စျေးနှုန်းလေးတွေကတော့

-Manpuku Package (17800ks)

-Silver Package (23800ks)

-Gold Package (28800ks) ဖြစ်ပါတယ်။

Package တိုင်းအတွက် Hot dish/side dish/appetizer/salad/soup/dessert/ice cream များကိုပါ စိတ်ကြိုက်တဝကြီး အရသာရှိရှိ သုံးဆောင်နိုင်ရန် ကျွမ်းကျင်စားဖိုမှူးကြီးများကိုယ်တိုင် ကျန်းမာရေးနဲ့ညီညွတ်စွာ ချက်ပြုတ် ပြင်ဆင်ပေးထားတာဖြစ်ပါတယ်။

လတ်ဆတ်တဲ့အသားကင်ကို ဂျပန်အရသာအတိုင်း တထပ်တည်းခံစားသုံးဆောင်ချင်ရင်တော့ ရန်ကင်းမြို့နယ်မှာရှိတဲ့ Manpuku Japanese BBQ Buffet ဆိုင်ကြီးမှာ သွားရောက်သုံးဆောင်ကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

ဆိုင်လိပ်စာ- အမှတ်(26/26B) အောင်ဇေယျလမ်း၊ရထားသံလမ်းအနီး၊ကျောက်ကုန်း၊ရန်ကင်းမြို့နယ်၊ရန်ကုန်မြို့

Fb Link >>> Manpuku Buffet Style

MyanmarRestaurantGuide


Read 296 times.