Best Cuisine

ဟော့ပေါ့နဲ့ မူကထကို Halal စားချင်သူတွေအတွက် Win Hotpot

January 30, 2023

မြေနီကုန်းက Halal စားချင်တဲ့ Foodie လေးတွေအတွက် ဖွင့်ထားတာလည်း မကြာသေးတဲ့ Win Hotpot ဆိုင်အသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီဆိုင်လေးက ရွှေဂုံတိုင်ဘက်ကလာရင် ဆင်းရတဲ့ မြေနီကုန်း ကားမှတ်တိုင် မျက်နှာချင်းဆိုင် VIP Salon အရှေ့တည့်တည့်မှာ တည်ရှိပြီး မနက် ၁၀ နာရီမှ ည ၉ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ 

ဆိုင်နေရာကလည်း အတွင်းမှာ သန့်ရှင်းသပ်ရပ်ပြီး ကျယ်ဝန်းတာကြောင့် Birthday Party၊ ကုမ္ပဏီ Staff Party စတဲ့ မိတ်ဆုံစားပွဲတွေလည်း ကျင်းပလို့ ရပါတယ်။ Hot Pot၊ မူကထ၊ မာလာမောက်ချိုက်နဲ့ ဒီဆိုင်မှာ ရရှိတဲ့ အစားအစာအားလုံးက Halal ဖြစ်တာကြောင့် လူမျိုးဘာသာမရွေး ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်။

Click Here >>>  Empire Chemicals

ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ တခြား Hot Pot ဆိုင်တွေနဲ့ မတူဘဲ ကိုယ်ပိုင်ခြံထွက်သီးနှံ လတ်လတ်ဆတ်ဆတ်တွေနဲ့ ကိုယ်တိုင်လုပ်တာပါပဲ။ ဟော့ပေါ့အနှစ်၊ မာလာအနှစ်တွေသာမက မာလာမောက်ချိုက်နဲ့ မာလာရှမ်းကောကအစ Ready Made အထုပ်တွေကို လုံးဝအသုံးမပြုဘဲ ချက်ပြုတ်ပေးထားတာ ဖြစ်တဲ့အတွက် ကျန်မာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို သုံးဆောင်ရမှာ ဖြစ်ပါတယ်။ 

 ဟော့ပေါ့ကို မူကထအကင်နဲ့ တွဲစားချင်တဲ့သူတွေအနေနဲ့ ရွေးချယ်သင့်တဲ့ ဆိုင်လည်း ဖြစ်ပါတယ်။ မူကထအကင် စားမယ်ဆိုရင်တော့ ဘူဖေးပုံစံမဟုတ်ဘဲ Set အလိုက် မှာယူ သုံးဆောင်နိုင်မှာ ဖြစ်ပြီး တစ် Set ကိုမှ အသားဆိုရင် ၂,၀၀၀ ကျပ်၊အသီးအရွက်ဆိုရင် ၁,၀၀၀ ကျပ်၊ ကြက်သား၊ အမဲသား၊ ပင်လယ်စာပွဲကြီးတွေ ဆိုရင်၉,၉၀၀ ကျပ်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ 

Hot Pot စားမယ်ဆိုရင် ဟင်းရည်အရသာကို မာလာဟင်းရည်နဲ့ တုံယမ်းအရသာနှစ်မျိုး ရွေးချယ် မှာယူနိုင်ပြီး တုံယမ်းအရသာက ပိုကောင်းတာကြောင့် မြည့်စမ်းကြည့်ဖို့လည်း အကြံပေးပါရစေ။ Hot Pot တစ် Set စာကိုမှ ၈,၉၀၀ ကျပ်ပဲ ကျသင့်မှာဖြစ်ပြီး ပါဝင်တဲ့ Toppen တွေကတော့ လတ်ဆတ်တဲ့ အသီးအရွက်အစုံ ကြက်သား၊ ပင်လယ်စာ၊ အသားလုံးအစုံ၊ ကြက်ဥ၊ ငုံးဥတို့ပဲ ဖြစ်ပါတယ်။ 

ဒီဆိုင်မှာဆိုရင် Hotpot နဲ့ မူကထအပြင် တခြားဟင်းပွဲတွေပါ ရရှိပါသေးတယ်။ Menu တွေကတော့ ရှုးရှုးရှဲရှဲ အစပ်ဟင်း၊ ယိုးဒယားအစားအစာ၊ ရခိုင်အစားအစာနဲ့ အကင်အထောင်းတွေဖြစ်ပြီး အခုဟင်းပွဲ အသစ်တွေပါ ထပ်တိုးထားပါတယ်။

ဒါကြောင့် စျေးလည်းသင့်ပြီး အရသာလည်းကောင်းတဲ့ လူမျိုးဘာသာမရွေး သုံးဆောင်လို့ အဆင်ပြေတဲ့ မြေနီကုန်းမှာဖွင့်ထားတဲ့ Win Hotpot ဆိုင်လေးကို လမ်းညွှန်ပေးလိုက်ပါတယ်။
 

The Myanmar Restaurant Guide


Read 699 times.