Cafes & Restaurant

စီချွမ်စတိုင် မာလာရှမ်းကောနဲ့ Foodie တွေရဲ့ အသည်းကို ဆွဲကိုင်ထားတဲ့ Chilli Pot

December 18, 2020

အစားအသောက်ဆိုတာ လူနဲ့တည့်ပါတယ်။ မိန်းကလေးတွေနဲ့ဆို ပိုတောင်တည့်ပါသေးတယ်။ ပရိုမိုးရှင်းလေးပါ ရှိနေသေးတယ်ဆိုရင် တည့်ပြီးရင်းတောင် တည့်နေပါသေးတယ်။

မြန်မာလူမျိုးတွေရဲ့ ချဉ်၊ ငန်၊ စပ် ကြိုက်ချက်ကတော့ ပြိုင်စံရှားပဲဗျို့။ ဒီလို ပြိုင်စံရှား Foodie တွေအတွက် အစပ်အဟပ်လည်း တည့်ရမယ်။ ဈေးနှုန်းကလည်း သင့်လျော်ရမယ်။ အရသာကလည်း လျှာပေါ်မှာ စွဲနေစေမယ့် အစားအစာတွေကို ရောင်းချပေးနေတဲ့ ဆိုင်လေးတစ်ဆိုင်ကို ပြောပြချင်ပါတယ်။

Chilli Pot in Junction Square | Myanmar Digital News

လူကြိုက်များတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်တဲ့ Chilli Pot ဖြစ်ပါတယ်။ ဒီဆိုင်မှာ စီချွမ်စတိုင် မာလာရှမ်းကော အပြင် ရာသီအလိုက် သစ်သီးဖျော်ရည်နှင့် အချိုရည်တွေလည်း ရပါသေးတယ်။ မာလာရှမ်းကောကို ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်၊ မှို၊ အသားအမျိုးမျိုး စတာတွေကို Foodie စိတ်ကြိုက် ရွေးချယ်ပြီးတော့လည်း စားသုံးနိုင်ပါသေးတယ်။ 

Image may contain: food and text

ဆိုင်ရဲ့ အဓိက လူကြိုက်များတဲ့ Menu ကတော့ Mala Seafood ပဲ ဖြစ်ပါတယ်။ Chilli Pot မှာ အအေးလေးသောက်ရင်း မာလာရှမ်းကောကို ထမင်းလေးနဲ့ စားရတဲ့ အရသာက ဘာဆို ဘာနဲ့မှ မလဲနိုင်တာ အမှန်ပါပဲ။

ဆိုင်မှာ ညစာစားချင်လို့ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း အစုအဖွဲ့တွေ (သို့) ချစ်သူ စုံတွဲတွေ အတူတူ စားချင်လို့ပဲ ဖြစ်ဖြစ် ရွေးချယ်သင့်တဲ့ ဆိုင်ဖြစ်ပါတယ်။

ဆိုင်ရဲ့ အပြင်အဆင်တွေက Foodieတွေကို သက်တောင့်သက်သာ ဖြစ်စေပြီး စားရတာ အဆင်ပြေပါတယ်။ Average Price က ၈၀၀၀ကျပ်သာ ဖြစ်လို့ အရသာရှိတဲ့ အစားအစာတွေကို လူတိုင်းနီးပါး စားသုံးခွင့်ရတာက ဒီဆိုင်လေးရဲ့ ထူးခြားချက်ဖြစ်ပါတယ်။

Image may contain: food

ဆိုင်ဖွင့်ချိန်က မနက် (၁၁)နာရီကနေ ည(၉)နာရီထိ ပိတ်ရက်မရှိဖွင့်ပါတယ်။ ဆိုင်မှာ Cash ပေးချေမှု အပြင် JCB၊ KBZ Pay၊ Master Card၊ MPU၊ Union၊ VISA စတာတွေနဲ့လည်း ပေးချေနိုင်ပါသေးတယ်။

ကိုဗစ်ကာလမှာ ဆိုင်ထိုင်စားခွင့်ပိတ်ထားတာကြောင့် Takeawayနဲ့ Delivery Service‌ တွေကတော့ ရှိနေပါသေးတယ်။

Yangon Door2Door၊ Food Mall၊ Foodpanda၊ Food2u စတဲ့ Food Delivery Service‌ တွေကလည်း မှာယူနိုင်ပါတယ်။

No photo description available.

နောက်ပြီး Chilli Pot က Discount အနေနဲ့ Food Mall ကနေမှာရင် 30% OFF ပေးဦးမှာ ဖြစ်ပါတယ်။ ဒီပရိုမိုးရှင်းလေးက ဒီဇင်ဘာလ (၁၈)ရက်နေ့ကနေ (၂၀)ရက်နေ့ထိပဲဆိုတော့ အခွင့်ရေးကို လက်မလွတ်ရအောင် မြန်မြန်မှာဖို့တော့ လိုမယ်နော်။

Chilli Pot Menu - https://bit.ly/3h9f6k9

ဆိုင်ခွဲတွေကတော့ -

  • နဝဒေးဆိုင် - 11:00 AM to 7:00 PM 
  • ရတနာလမ်း (တောင်ဥက္ကလာ)ဆိုင် - 11:00 AM to 7:00 PM 
  • Junction Square ဆိုင် - 10:30 AM to 6:30 PM 
  • စံရိပ်ငြိမ် ဂမုန်းပွင့်ဆိုင် - 11:00 AM to 6:00 PM 

ဖုန်း - 09964223874 ကိုလည်း ဆက်သွယ်နိုင်သလို Facebook Page Messenger ကလည်း ဆက်သွယ်နိုင်ပါတယ်။ 

Chilli Pot ဆိုင်ခွဲတွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို အတိအကျ သိချင်ရင်တော့ >> https://bit.ly/3nubScZ

Image may contain: food

By The Myanmar Restaurant Guide

Chilli Pot


Read 996 times.