Up to 60% OFF

အစားတလိုင်းတို့အတွက် မုန့်စျေးတန်း Food Court ရဲ့ 50% Off ပရိုမိုးရှင်း

January 1, 2024

နှစ်သစ်ကူးညမှာ ပျော်တာတွေ များပြီး ဒီနေ့မနက် မထနိုင်တဲ့သူတွေ ရှိကြလား? ရှိတယ်ဆိုရင် အပြင်မထွက်ဘဲ အိမ်မှာနေရင်း စားချင်တာတွေ မှာစားဖို့ မုန့်စျေးတန်း Food Court ရဲ့ စျေးတစ်ဝက် သက်သာမယ့် ပရိုမိုရှင်း အစီအစဉ်အကြောင်း မျှဝေပေးချင်ပါတယ်။

ပရိုမိုးရှင်းကတော့ မုန့်ဈေးတန်း (Mont Zay Tan) ဆိုင်ခွဲတိုင်းမှာ ရတဲ့ ဘယ်မီနူးမှာမှာ GrabFood ကနေမှာရင် 50% Off တစ်ဝက်လျှော့စျေးကို ရရှိမှာ ဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလကတော့ ဇန်နဝါရီ (၃) ရက်နေ့အထိ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ စည်းကမ်းသတ်မှတ်ချက်တော့ အနည်းဆုံး ၆,၀၀၀ ကျပ်ဖိုးနဲ့ အထက် မှာယူမှ 50% Off ပရိုမိုးရှင်းကို ရရှိမှာပါ။

Advertisement

Click Here > 1st San Chain Oo

မုန့်စျေးတန်းမှာ ဘာတွေ ရလဲဆိုရင် မြန်မာအစားအစာတွေအပြင် တရုတ်အစားအစာ၊ ကိုရီးယားအစားအစာ၊ အိန္ဒိယအစားအစာ၊ Fast Food စတဲ့ ကမ္ဘာအနှံ့က အစားအစာအားလုံးကို တစ်နေရာတည်းမှာ ရရှိပါတယ်။ အဲဒီအစားအစာတွေအပြင် လူငယ်တွေ အကြိုက် မာလာရှမ်းကော၊ မောက်ချိုက်၊ ဒင်မ်ဆမ်း၊ ဆူရှီ၊ ပီဇာ၊ Bubble Tea၊ Ice Cream တွေပါ အကုန်ရပါတယ်။ နိုင်ငံကူးလက်မှတ်တွေ၊ ဗီဇာတွေနဲ့ လေယာဉ်လက်မှတ်တွေ မလိုဘဲ ကမ္ဘာအနှံ့က အစားအသောက်တွေကို မုန့်စျေးတန်းမှာ ရနိုင်ပါတယ်။

တစ်နှစ်ပတ်လုံး ကြိုးစားခဲ့သမျှ၊ ပင်ပန်းခဲ့သမျှကို အိမ်ကနေ စားချင်တဲ့ မုန့်တွေ လှမ်းမှာရင်း စျေးတန်တန်နဲ့ စိတ်ကြိုက် စားသုံးနိုင်ဖို့ ဒီပရိုမိုးရှင်းကို အရယူလိုက်တော့နော်။ 

ဖုန်း - 09 957 011602

Store 1 - City Mall St.John
3rd Floor, Corner of Pyay Road & Min Ye Kyaw Zwa Road, Yangon

Store 2 - MICT Park
Building 19, Second Floor, MICT Park, Hlaing Campus, Hlaing Township, Yangon

Store 3 - Pinlon Hospital
No. 9/1, Saya San Road, 27th Quarter, North Dagon Township, Yangon


Read 257 times.