Eating Tips

ဆောင်းအဝင်ကို Eternal က ယူနန်ဟော့ပေါ့နဲ့အတူ ဖြတ်သန်းရအောင်

November 25, 2020

မန္တလေးဆောင်းဟာ ရန်ကုန်နဲ့မတူပဲ တော်တော်အေးပါတယ်။ဘယ်လောက် အေးသလဲဆို 

“ငွေနှင်းငယ်မှုန်

လေညင်းရယ် တသုန်သုန်နှင့်

ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့

မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့” ဆိုပြီးတော့ မန္တလေးမြို့ရဲ့ ဆောင်းရာသီ ဘယ်လောက်အေးကြောင်း အချုပ်တန်းဆရာဖေက ကဗျာစပ်ဆိုခဲ့ပါတယ်။ ဒီလို ဆောင်းတွင်းအေးအေးလေးမှာ ဘယ်အစားအစာနဲ့ အလိုက်ဖက်ဆုံးလို့ ထင်ကြလဲ?? ယူနန်ဟော့ပေါ့ပဲပေါ့..

ယူနန်ဟော့ပေါ့ ကောင်းကောင်းလေးကို စိတ်ချရတဲ့ Delivary နဲ့အိမ်အထိ လာပို့ပေးမယ့် ဆိုင်လေးကိုသိကြလား?? ဒီဆိုင်လေးကတော့ Eternal Chinese Restaurant လေးပဲ ဖြစ်ပါတယ်။ Eternal Restaurant မှာဆိုရင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း တသွေမသိမ်း လိုက်နာထားတဲ့အပြင်  Delivery ဆိုရင်လဲ စိတ်အချရဆုံး Delivery service များနဲ့ ချိတ်ဆက်ထားတော့ ယုံကြည်စိတ်ချစွာ မှာယူသုံးဆောင်နိုင်ပြီပေါ့။

ယူနန်ဟော့ပေါ့တစ်အိုးမှာ ဘာတွေပါလဲဆိုရင် အသားနိုင်းချင်း, ကြက်ဥလိပ်, ပိန်းဥစည်းစည်းလေးရယ် ကျန်းမာရေးအတွက်အထူးကောင်းတဲ့ မုန်ညှင်းစိမ်းပါမကျန် အလျှံအပယ် ထည့်ပေးထားတဲ့အတွက် ခုလိုကာလမှာစားဖို့ အသင့်တော်ဆုံး ဟော့ပေါ့အမျိုးအစား တစ်ခုလည်းဖြစ်ပါတယ်။

ဆိုဒ်မှာဆိုရင်လည်း အိုးသေး ၊အိုးလတ်၊ အိုးကြီးဆိုပြီး (၃) မျိုးရှိတာမို့လို့ ကိုယ်နဲ့အဆင်ပြေမယ့် အမျိုးအစားကိုလည်းရွေးလို့ရတယ်နော်။အိုးသေးဆိုရင်(၄-၅) ယောက်လောက်စားလို့ရပြီး (၄၀၀၀၀)ကျမယ်။အိုးလတ်ဆိုရင် (၆-၇)ယောက်လောက်ထိ စားလို့ရပြီး (၆၅၀၀၀) ကျမယ်။ အိုးကြီးဆိုရင်တော့ (၁၀)ယောက်ကျော်လောက်ထိ စားလို့ရပြီးတော့ (၈၅၀၀၀)ပဲ ကျမှာနော်။

ကဲ...ဆောင်းနှင်း အေးအေးလေးမှာ ယူနန်ဟော့ပေါ့လေးနဲ့ ငြိမ့်ချင်တယ် ဆိုရင်တော့ ၂၇ လမ်း x ၆၄ လမ်းဒေါင့်မှာ လူကိုယ်တိုင်သွားရောက် ဝယ်ယူနိုင်သလို ဖုန်းနံပါတ် 09-260233335 , 02-4033335 ကနေလည်း ဆက်သွယ်အားပေးနိုင်ပါကြောင်း….


Read 761 times.