Cafes & Restaurant

ကိုရီးယား အစားအစာ ချစ်သူတွေအတွက် Daebak by Mr.Chef ဆိုင်သစ်ဖွင့်ပွဲ

January 21, 2021

ကိုရီးယား အစားအစာကိုမှ ကိုရီးယားဆန်ဆန် ရှယ်စားချင်တဲ့ သူတွေအတွက် Mr.Chef ကနေ Daebak by Mr.Chef ကို ဒီနေ့ ဇန်နဝါရီ (၂၁) ရက်နေ့မှာ သန်လျင်မြို့ ၊ Star City က The Hanger Food Court မှာ ဖွင့်လှစ်လိုက်ပါပြီ။ ကောင်းပါတယ်ဆိုတဲ့ ကိုရီးယား အစားအစာတွေကို ဈေးတန်တန်နဲ့ အမယ်စုံစုံ စားဖို့အတွက် Daebak by Mr.Chef မှာ Menu အမျိုးပေါင်း (၂၀)ကျော် ရှိပါတယ်။

ရေညှိထမင်းလိပ်၊ ကိုရီးယား ကြက်ကြော်၊ တော့ပိုကီ စတာတွေအပြင် Corn Dog နဲ့ Stew တွေကိုလည်း ရနိုင်ပါတယ်။ Korean Corn Dog တွေထဲမှာဆိုရင် Original Corn Dog တွေအပြင် Potato Cubes, Mozzarella Cheese တို့နဲ့လည်းရနိုင်ပါတယ်။ ထမင်းလိပ်တွေ အနေနဲ့လည်း ရိုးရိုး Original Kimbab တွေသာမက Ham & Cream Cheese Kimbab, Spicy Pork Kimbab နဲ့ ကြက်ဥထမင်းလိပ်တွေထဲကနေ စိတ်ကြိုက် ရွေးချယ်လို့ရပါသေးတယ်။

ထမင်းနဲ့မှ စားလို့ဝတယ်ဆိုတဲ့ ထမင်း Fanတွေ အတွက်လည်း ကိုရီးယား ထမင်းသုပ်၊ ကင်မ်ချီထမင်း၊ ဝက်စပ်ထမင်း၊ Bulgogi ထမင်းတွေအပြင် ကင်မ်ချီထမင်းကြော် နဲ့ ကြက်စပ်ထမင်းကြော်တို့ကိုလည်း အဝဆွဲလို့ရပါတယ်။ ဒါတင်မကသေးဘဲ ဝက်သားဆလပ်နဲ့ တော့ပိုကီတို့ကို ပွဲကြီး၊ ပွဲသေး ရွေးချယ်မှာယူနိုင်တာမို့ လူနည်းနည်းပဲစားစား များများပဲစားစား အဆင်ပြေပါတယ်။ Stew ကြိုက်တဲ့သူတွေ အတွက်လည်း ကင်မ်ချီ Stew နဲ့ နောက်ထပ် Stew မျိုးစုံကိုလည်း မြည်းစမ်းကြည့်လို့ ရပါသေးတယ်။

အဲ့ဒါတွေအပြင် Korean Vibe ကိုပါ အပြည့်အဝ‌ပေးဦးမှာ ဆိုတော့ ဒီနေ့ပဲ Star City မှာဖွင့်တဲ့ Daebak by Mr.Chef ဆိုင်သစ်မှာ သွားရောက် မြည်းစမ်းရင်း ကိုရီးယားဆန်လို့ ရပါပြီနော်။ ဆိုင်ဖွင့်ပွဲ အနေနဲ့ ဒီနေ့ နေ့လည် (၁၂)နာရီနောက်ပိုင်း ပထမဆုံး လာရောက်အားပေးသူ အယောက် (၅၀)ကိုလည်း Corn Dog (၁) ခုစီ ကျွေးမှာဖြစ်ပါတယ်။

ဆိုင်လိပ်စာ - The Hanger Food Court , Star City(Thanlyin)


Read 1618 times.