Bars & Pubs

ငွေဆောင်ရောက်ရင် သူငယ်ချင်းတွေနဲ့ Chill လို့ကောင်းတဲ့ Hawaii Bar

October 25, 2022

အခုပြောပြပေးမယ့်ဆိုင်ကတော့ တန်ဆောင်တိုင်ပိတ်ရက်မှာ ခရီးသွားမယ့် foodie တို့အတွက် ငွေဆောင်မှာ အပန်းဖြေရင်း Bar လေးမှာထိုင်ပြီး သူငယ်ချင်းတွေနဲ့ Chill လို့ရအောင် Hawaii Style ဖွင့်ထားတဲ့ Hawaii Bar ဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်။ ငွေဆောင်ကမ်းခြေကိုရောက်ရင် အေးဆေးထိုင်ပြီး အပန်းဖြေဖို့ Hawaii Bar လေးရှိနေမှာဖြစ်ပါတယ်။


ဒီဆိုင်ကိုတော့ Ngwe Saung Square Walking Street ထဲမှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ မီးလုံးလေးတွေနဲ့ Tent ပုံစံ ဆိုင်လေးတွေနဲ့ တော်တော်ကို လှတာမို့ သွားကြည့်သင့်တဲ့ နေရာလေး တစ်ခု ဖြစ်ပါတယ်။ 

Hawaii Bar by Ngwe Saung Square မှာပြီးပြည့်စုံတဲ့ အရသာရှိပြီး လတ်ဆတ်တဲ့ ဟင်းပွဲများနဲ့ အစားအသောက်များ အမိုက်စား Hawaii Bar ရဲ့ Signature Cocktail & Drinks အစုံအလင်၊ ဘီယာအေးအေးလေးနဲ့ လိုက်ဖက်တဲ့ အမြည်းကောင်းကောင်းတို့ကို အရသာရှိရှိ သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။

Hawaii Bar by Ngwe Saung Square ရဲ့နေရာထိုင်ခင်းပုံစံလေးကလည်း ပေါ့ပါးလွတ်လပ်တဲ့ သဘာဝစတိုင်လ်ကိုခံစားစေရမှာဖြစ်ပါတယ်။ ဓာတ်ပုံလှလှလေး ရိုက်ရတာ ကြိုက်တဲ့သူတွေအတွက်နဲ့ ဒေသထွက် စားစရာတွေ အမှတ်တရ ပစ္စည်းတွေ အစုံရတဲ့ ဆိုင်ခန်းလေးတွေရယ်နဲ့ တော်တော်လေး အဆင်ပြေပါတယ်။

မီးရောင်စုံတစ်လက်လက်နဲ့ star Night လေးလို ခံစားရစေမယ့်အပြင် သာယာငြိမ့်ညောင်းတဲ့ သီချင်းသံလေးတွေကဘည်း အေးအေးဆေးဆေး Chill  လို့ရစေမှာပါ။

ဒါ့ကြောင့် ကမ်းခြေသဲပြင်ပေါ်က စားပွဲဝိုင်းလးတွေ၊ စည်ပိုင်းပုံစံ သစ်သားခုံလေးတွေနဲ့ ချစ်စရာကောင်းတဲ့ Hawaii Bar မှာထိုင်ရင်း မြို့ပြရဲ့မွန်းကျပ်မှုတွေကို ဖြေဖျောက်လို့ရအောင် ငွေဆောင်ကမ်းခြေမှာတည်ရှိတဲ့ ဒီ bar လေးကိုလမ်းညွှန်ပေးလိုက်ပါတယ်။ 

လိပ်စာ - Hawaii Bar at Ngwe Saung Square Walking Street

ဖုန်းနံပါတ် - 09 887 775 770

Fb Link >>> Hawaii Bar Ngwe Saung Square


Read 277 times.