Special Deals

International Beer Day နေ့မှာ ပရိုမိုးရှင်းတွေ ပေးနေတဲ့ Bar (၇) ဆိုင်

August 4, 2023

ဒီနေ့က အသောက်တလိုင်းတွေအတွက်တော့ တကယ်ကို ရက်ရာဇာပါ။ လစာထုတ်ထားတာလည်း မကြာသေးသလို နောက်ရက်အတွက် ပူစရာမလိုတဲ့ သောကြာနေ့ကလည်း ဖြစ်ပြန်ပါတယ်။ ဒါ့အပြင် ဩဂုတ်လရဲ့ ပထမဆုံး သောကြာနေ့ကို International Beer Day အဖြစ် တစ်ကမ္ဘာလုံးက သတ်မှတ်ထားပါသေးတယ်။

International Beer Day ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် Beer လက်ဆောင်ပေးရမယ့်နေ့ဖြစ်သလို Beer ရောင်းချသူတွေ၊ Beer ဆိုင်မှာ အလုပ်လုပ်ကြတဲ့ ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့နေ့လည်း ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာ သောက်ရတာ ပိုပြီး ပြည့်စုံသွားအောင် ထူးထူးခြားခြား ပရိုမိုးရှင်းတွေ ပေးနေတဲ့ Bar များကို မြန်မာ့စားသောက်ဆိုင်လမ်းညွှန်မှ စုစည်းဖော်ပြပေးလိုက်ပါတယ်။   

၁။ Classic Garden
Classic Garden က ဩဂုတ်လ တစ်လလုံးကို Healing Month အဖြစ် သတ်မှတ်ပေးထားပါတယ်။ အသည်းကွဲလို့ပဲလာလာ၊ ဘော်ဒါတွေနဲ့ ကဲချင်လို့ပဲလာလာ၊ ဘယ်လိုပဲလာလာ Beer နဲ့ ဘယ် Cocktail ကိုမဆို နှစ်ခွက်ဝယ် တစ်ခွက်လက်ဆောင် ပေးမှာပါ။

Beer မှာ Tiger Crystal၊ Tiger နဲ့ Heineken သုံးမျိုးလုံးအတွက် ပရိုမိုးရှင်း ဖန်တီးပေးထားတာဆိုတော့ အကြိုက်မတူတဲ့ ဘော်ဒါတွေလည်း စုပျော်လို့ရပါပြီ။ ၃ ခွက်လောက်ဆို ရီဝေဝေဖြစ်တတ်တဲ့ ကိုယ့်ဘော်ဒါတွေအတွက် CG က နောက်တစ်ခွက်နဲ့ အရှိန်ထပ်တင်ပေးမယ့် သဘောပါ။ ဒီပရိုမိုးရှင်းကတော့ ဩဂုတ်တစ်လလုံး ရှိနေမှာပါ။

Open daily : 7 am to 10 pm
No 79, Baho Main Road (between Alone Rd and Shin Saw Pu Rd), Ahlone Township, Yangon, Myanmar., Yangon, Myanmar
09 984 527775

၂။ The Nox
The Nox က သောကြာနေ့မှာ မိသားစုတာ၀န်တွေ ကျေပွန်လွန်းတဲ့ Gentlemen အမျိုးသားထုကြီးကို ဂုဏ်ပြုချင်လို့ အမိုက်စား ပရိုမိုးရှင်းတွေ ပေးနေပါတယ်။ 

Gentleman ကြီးတို့အတွက် ညနေ 3pm ကနေ 9pm အတွင်း ယောက်ျားလေး ၄ ယောက် လာပြီး တစ်ယောက်ကို အမြည်း ၆,၈၀၀ ကျပ်ဖိုး ၀ယ်စားတာနဲ့ Tuborg (၁) တာဝါနဲ့ ငါးခေါင်းမျှစ်ချဉ် (သို့) အကင်ဗန်းသေး အလိုလို ခုံပေါ် ရောက်လာပါမယ်။

နောက်ပြီး ပရိုမိုးရှင်း မရှိတဲ့ အမြည်း၊ ဘီယာ၊ Cocktail အားပေးတာ ၅၀,၀၀၀ ကျပ်ဖိုးပြည့်ရင် ဗလာမပါကံစမ်းမဲ နှိုက်ရပါမယ်။

ပြင်ပပုလင်းသယ်လာတဲ့ ဧည့်သည်တော်ကြီးတွေအတွက်လည်း သောကြာနေ့မှာဆို Bottle Charges ပေးစရာ မလိုပါဘူး။ 
Beer အရမ်းကြိုက်တဲ့ ဧည့်သည်တော်ကြီးတွေအတွက်လည်း Touborg (၂) တာဝါနဲ့ အမြည်း (၃) ပွဲကိုမှ ၃၃,၉၀၀ ကျပ်နဲ့ ပရိုမိုးရှင်းပေးထားပါတယ်။

Building 37, Ground Floor, Arthawka St, Natchaung, Tarmwe.

09-955066677

Advertisement

Click Here > Myanmar Runpu
 

၃။ Asahi 1 Beer Pub & BBQ
Beer Day မှာ ဘီယာဆို များများသောက်ရမှ စိတ်ကျေနပ်သူတွေအတွက် Asahi 1 က တစ်တာဝါ မှာတာနဲ့ တစ်ဂျား အပိုလက်ဆောင် ပေးမှာဖြစ်ပါတယ်။ ပရိုမိုးရှင်းအစီအစဉ်ကတော့ Chang (၁) တာဝါမှာရင် (၁) ဂျား လက်ဆောင်ရမှာပါ။ ပရိုမိုးရှင်းရက်ကတော့ ဩဂုတ်လ (၄) ရက်၊ သောကြာနေ့ တစ်ရက်တည်းပဲ ဖြစ်ပါတယ်။

အမှတ် ၁-၂/ ဗိုလ်မှူးဗထူးလမ်းနှင့် အနော်ရထာလမ်းထောင့်/ ၄၆ ကားမှတ်တိုင်အနီး/ မြောက်ဒဂုံမြို့နယ်။

+95 9420 782 888 /+959 250 536 840 /+959 425015712

၄။ Overtime Bar & B.B.Q
Overtime က ဘီယာချစ်သူတို့အတွက် ဩဂုတ်လတစ်လလုံးအတွက် ပရိုမိုးရှင်းတွေ ပေးထားပါတယ်။ 
1st Promotion
==========
Beer (၁) တာဝါ ဝယ်တာနဲ့ Beer (၃) ခွက် ဖရီး
2nd Promotion 
============
မွေးနေ့ရှင် August Born တွေအတွက် ဘာဟင်းပွဲ၊ BBQ ပဲမှာမှာ ၁၅% လျှော့စျေး
3rd Promotion
============
ဘာပဲ မှာစားစား ၁သိန်းဖိုး ပြည့်တာနဲ့ Spin Wheel တစ်ခါလှည့်နိုင်မဲ့ အခွင့်အရေး 
4th Promotion
=============
နေ့စဥ် Happy Hour 2PM - 5PM အတွင်း ဘယ် Beer သောက်သောက် တစ်ခွက်ဝယ် တစ်ခွက်လက်ဆောင်

အပေါ်မှာ ပြောပြပေးထားတဲ့ ပရိုမိုးရှင်း လေးခုလုံးက ဩဂုတ်လ တစ်လလုံး အကျုံးဝင်နေမှာ ဖြစ်ပါတယ်။ 

No. 337, အထက်ပုစွန်တောင်လမ်းမကြီးပေါ်၊ Makro မျက်စောင်းထိုး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်
Opening Hours - 1:00 PM to 11:00 PM
09 40 8888 344, 09 40 8888 544

၅။ YORK - Bar.Bbq.Restaurant
ဩဂုတ် (၄) ရက်နေ့မှာ လူ (၄) ယောက်လာပြီး Beer (၄) ခွက် သောက်တာနဲ့ YORK Bar က ဝိုင်းရှိ လူလေးယောက်လုံးကို သီးစုံအကင်တစ်ပွဲစီ  လက်ဆောင်ပေးသွားမှာပါ။

No.(20), Yaw Min Gyi Street (ယောက်လမ်း) ၊ Dagon Township ၊ Yangon.
09-799 699 167 , 09-764 937 139

၆။ The Cluster - Bar & Bistro
သောကြာနေ့လည်းဖြစ် Beer Day လည်းဖြစ်တော့ ဘော်ဒါတွေ စုပြီး Beer ရှယ်ဆွဲမယ် စဉ်းစားထားရင် The Cluster မှာ နေ့လည် ၁၂ နာရီကနေ ည ၇ နာရီအထိ ဘီယာတစ်ခွက်ဝယ် တစ်ခွက်လက်ဆောင် ပရိုမိုးရှင်း ပေးနေပါပြီ။  

Open: 11:00AM - 11:00PM
No. 203, Waizayanta Road, Corner of Ngwe Kyar Yan (11) Street, South Okkalapa Township, Yangon. 
09 950 911119

၇။ The Belly’s Pub
အစစအရာရာ ဈေးတက်နေတဲ့ အချိန်မှာ ဘီယာကို ရှယ်တန်တဲ့ ဈေးနဲ့ The Belly’s Pub မှာ သောက်ကြမယ်ဗျို့။
Tiger Beer (1) ခွက်ကို

=================
Original Price - 2,200 ကျပ်
Promotion Price - 1,800 ကျပ်

Heineken (1) ခွက်ကို

===============
Original Price - 3,000 ကျပ်
Promotion Price - 2,300 ကျပ် လျှော့ပေးထားပါတယ်။ ဒီပရိုမိုးရှင်းလေးက ဩဂုတ်လ (၁၀) ရက်နေ့ထိပဲ ဖြစ်ပါတယ်။  

No. 6-A, Moe Kaung Road, Yankin Township, Yangon
09400733147


Read 329 times.