ရန်ကင်းက ဘန်ကောက်ညစျေးစတိုင် ထိုင်းဆိုင်အသစ်ကြီး Bangkok Bites
အစားအသောက်ကောင်းတွေ ပေါတဲ့ ရန်ကင်းမှာ Foodie တွေအတွက် ထူးထူးခြားခြားနေရာလေးတစ်ခု တိုးလာပြီဆိုတာ သိပြီးကြပြီလား? ထိုင်းအစားအသောက်တွေကို ထိုင်းအရသာစစ်စစ်အတိုင်း စားနိုင်မယ့်အပြင် ဘန်ကောက်ညစျေးက Street Food တန်းကြီးမှာ မုန့်ပတ်စားနေရတဲ့ Vibe ကိုပါ ရစေမယ့် "Bangkok Bites" ထိုင်းဆိုင်အသစ်ကြီးကို ရန်ကင်းမှာ ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
သူ့ဆိုင်ရဲ့ အပြင်အဆင်က ခြံဝန်းထဲမှာ ဘန်ကောက်ညစျေးတန်းကို ရောက်သွားသလိုမျိုး ခံစားရစေမယ့် Open Type ပုံစံ ဝိုင်းလေးတွေရှိသလို ဆိုင်အတွင်းဘက် အိမ်လေးထဲမှာလည်း အေးဆေးဆေးဆေး ထိုင်စားလို့ရပါတယ်။ အဓိကက ထိုင်းအစားအသောက်တွေကို ဘန်ကောက်အထာ ဘန်ကောက်ဒီဇိုင်းရှိတဲ့ ဆိုင်လေးမှာ စားကြည့်ချင်တာဆိုရင် ရောက်အောက်သွားကြည့်သင့်ပါတယ်။
သူ့ဆိုင်မှာ ဘာတွေရလဲဆိုရင် အသုပ်နဲ့ အထောင်းဟင်းပွဲတွေ၊ ထိုင်းစတိုင် တုတ်ထိုး အကင်တွေနဲ့ တခြား ထိုင်းဟင်းလျာလေးတွေ၊ အချိုပွဲတွေစဖြင့် ဘန်ကောက်မှာ ခေတ်စားတဲ့ Street Food အစားအစာ အစုံ ရပါတယ်။ ဒီဆိုင်က အစားအစာတွေအားလုံးကို ထိုင်းအရသာစစ်စစ် ရဖို့ ကုန်ကြမ်းပစ္စည်းတွေအကုန်ကို ဘန်ကောက်ကပဲ မှာပြီး သုံးတာလို့ သိရပါတယ်။ ဒါကြောင့် အရသာထိမိပြီး ထိုင်းစာ ချဉ်ချဉ်စပ်စပ်လေးတွေ စားချင်တဲ့သူတွေအတွက် သွားရမယ့် နောက်ထပ်ဆိုင်အသစ်လေးပါပဲ။
Advertisement
Click Here > Chemflora May Co.Ltd.
သူ့ဆိုင်မှာ Tuk Tuk လို့ အမည်ပေးထားတဲ့ အကင်စုံဗန်းကြီးကို ထိုင်း SINGHA ဘီယာလေးနဲ့ မြည်းမယ်ဆိုရင်လည်း ရှယ်မိုက်ပါပဲ။ သူ့အကင်တွေက စီချွမ်အရသာလည်း မဟုတ်သလို မာလာအရသာလည်း မဟုတ်ပြန်ပါဘူး။ ထိုင်းအချိုဆော့စ်လေး သုတ်ပြီး ကင်ပေးထားတာကို ချဉ်ငံစပ်ဆော့စ်လေးနဲ့ တို့စားရတာဆိုတော့ ထူးခြားဆန်းသစ်တဲ့ အရသာလေး ဖြစ်ပါတယ်။ Tuk Tuk အကင်မှာ လတ်ဆတ်တဲ့ အသီးအရွက် အစုံကင်၊ ပုစွန်၊ ပြည်ကြီးငါး၊ ကင်းမွန်၊ Baby Octopus၊ ကြက်သား၊ ဆိတ်သား၊ ဝက်သုံးထပ်သား၊ ဝက်သားအချိုတို့ ပါဝင်ပါတယ်။
တခြား ရှူးရှူးရှဲရှဲ ပင်လယ်စာအထောင်းတွေ၊ အသုပ်တွေ၊ တစ်လုပ်ဆို တစ်လုပ် ပွင့်ထွက်သွားစေမယ့် တုံယမ်းခေါက်ဆွဲအိုး၊ ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ အဓိက စားသုံးတဲ့ ဝက်နံရိုးစွပ်ပြုတ်ဟင်းရည် (Tom Saap)၊ ယိုးဒယား ငါးဆားအုံကင်၊ ခေါက်ဆင့်ပလာတူးတို့အပြင် ဘီယာနဲ့ မြည်းဖို့ အလိုက်ဖက်ဆုံး ကင်းမွန်ဘီယာနှစ်ကြော်၊ ကြက်တောင်ပံကင်၊ ကြက်ဒူးဆစ်ကြော်၊ ဝက်ဂုတ်သားကင်၊ ဝက်အူချိုကင် စသဖြင့် အကြော်နဲ့ အကင်တွေလည်း ရပါတယ်။
သူ့ဆိုင်ကို ရောက်လို့ ဝက်သားကြိုက်ရင် ဝက်သုံးထပ်သားဖက်ကဖောင်နဲ့ ၀က်ဂုပ်သားကင် ဆန်လှော်မှုန့်သုပ်ဆိုတာလေးလည်း မြည့်ကြည့်ကြည့်ပါ။ ဝက်သားကင်ထားတာလေးက နူးညံ့နေပြီး ထိုင်းဆန်လှော်မှုန့်နဲ့ ချဉ်စပ်အရသာလေး သုပ်ထားတာ စားကောင်းပါတယ်။
အချိုပွဲတွေအနေနဲ့ ဒူးရင်းကိတ်လေးတွေ၊ ဘယ်ရီကိတ်လေးတွေအပြင် ထိုင်းရွှေရင်အေးနဲ့ မုန့်လက်ဆောင်းတို့လည်း ရပြီး တခြားထိုင်းအချိုပွဲတွေလည်း ရှိပါသေးတယ်။ သူ့ဆိုင်က Thai Milk Tea၊ Lemon Tea တို့ဆိုလည်း ဘန်ကောက်ကအရသာအတိုင်း ပျစ်ပျစ်နှစ်နှစ်နဲ့ သောက်လို့ကောင်းပါတယ်။ အစားအသောက် မီနူး စျေးနှုန်းတွေကတော့ ၂,၀၀၀ ကျော်လောက်ကနေ ၁၀,၀၀၀ ဝန်းကျင် ဟင်းပွဲတွေအထိ ရှိပါတယ်။
Delivery ဝန်ဆောင်မှုကတော့ ဆိုင်နဲ့နီးတဲ့ မြို့နယ်တွေဆို ပို့ပေးပါတယ်။ ဒီဆိုင်ရဲ့ အားနည်းချက်ကတော့ ဆိုင်အသစ်ဆိုပေမဲ့ လူသိများတော့ လူအရမ်းကျတဲ့အချိန်တွေဆို ဝိုင်းမရတာမျိုး၊ အစားအသောက်ဟင်းပွဲတွေကို အချိန်အကြာကြီး စောင့်ရတာမျိုး ဖြစ်တတ်ပါတယ်။
ဘန်ကောက်မြို့ရဲ့ Night Market ကို ရောက်အောင် လေယာဉ်စီးစရာမလိုဘဲ သွားလို့ရတဲ့ နည်းလမ်းလေးပြောပြပြီးပြီဆိုတော့ Foodie တွေက သွားရောက်မြည်းစမ်းကြည့်ဖို့ပဲ လိုပါတော့တယ်။
လိပ်စာ - No.24/B, Pyi Thar Yar St, Yankin Township, Yangon
ဖုန်း - 09 750 433173
ဆိုင်ဖွင့်ချိန် - 11:00 AM - 10:00 PM