Up-to-date News

US Masterchef မှာ Apron ရခဲ့တဲ့မြန်မာ့ Food Blogger Suu

June 4, 2021

 

Masterchef ဆိုတဲ့ Show ကိုလူတော်တော်များများသိကြမှာပါ။ ဒီမှာလည်း ပြိုင်ပွဲလုပ်သလို ကမ္ဘာတစ်ဝှမ်းမှာလည်း ပြိုင်ပွဲတွေလုပ်လေ့ရှိတဲ့ Show တစ်ခုပါ။ ဒီအထဲကမှ US Masterchef ဆိုတာ နာမည်အကြီးဆုံးနဲ့ အခက်ခဲဆုံးပြိုင်ပွဲဆိုလည်း မမှားပါဘူး။

ပါတဲ့ဒိုင်တွေကလည်း Gordon Ramsay ,Joe Bastianich , Aarón Sánchez တို့လိုစားသောက်ဆိုင်ပိုင်ရှင်၊ နာမည်ကြီးစာဖိုးမှုးတွေပါ။ဆုကြေးငွေကလည်း ဒေါ်လာ (250,000) အထိပေးတဲ့အပြင် အနိုင်ရတဲ့သူဟာ အောင်မြင်တဲ့ စာဖိုမှုးတစ်ယောက်ဖြစ်ဖို့ အခွင့်အရေးတွေလည်းအများကြီး ရမှာဖြစ်ပါတယ်။
 


ဒီနှစ် Theme Title က Legends လို့ခေါ်ပြီး ဒိုင်တွေထက်ပိုကြမ်းတဲ့ ဂန္တဝင် စာဖိုမှုးတွေကိုခေါ်ပြီး အကဲဖြတ်ခိုင်းမှာဖြစ်ပါတယ်။ ဒါ့အပြင်ဒီနှစ်ပြိုင်ပွဲမှာဆိုရင် ပြိုင်ပွဲဝင်(၁၅)ယောက်ကိုပဲ  ရွေးမှာဖြစ်မှာမို့လို့ အရင်နှစ်ကပြိုင်ပွဲတွေကထက် ပိုပြီးခက်ခဲမှာ အမှန်ပါပဲ။ White Apron ရခဲ့တဲ့ Suu ဟာဆိုရင် ဟူစတ္တန်၊တက်ဆက်မှာ နေတဲ့ Food Blogger ဖြစ်ပြီး အသက်(၃၀)အရွယ်ရှိတဲ့ မြန်မာနိုင်ငံသားတစ်ယောက်လည်း ဖြစ်ပါတယ်။ 
 
ဒီပြိုင်ပွဲမှာလည်း အုန်းနို့ခေါက်ဆွဲနဲ့ယှဥ်ပြိုင်ခဲ့တာပါ။ ချက်နေတုန်း အမေရိကအနေနဲ့ မြန်မာအစားအသောက်ကို မြည်းစမ်းရဖို့က ဘာတွေ သိဖို့လိုလဲ မေးတော့ မြန်မာအစားအသောက်တွေဟာ အိန္ဒိယ၊ တရုတ်နဲ့ အရှေ့တောင်အာရှရဲ့ လွှမ်းမိုးမှုတွေ ပါကြောင်း ဖြေခဲ့တယ်။သူ့ ချက်ပြမယ့် ဟင်းထဲမှာ ဒါတွေကို ဖော်ပြမယ်လို့ ဖြေခဲ့တယ်။ 
 
ကလေးဘဝတုန်းက မီးဖိုချောင်မှာ အဖွားနဲ့ အမေကို ကူညီခဲ့တဲ့အကြောင်းတွေကိုလည်း ပြောပြသွားပါသေးတယ်။ ပညာရေးအတွက် US ကိုပြောင်းလာခဲ့ရတဲ့အချိန်မှာ မြန်မာနိုင်ငံကိုလွမ်းတာကြောင့် ရင်းနှီးတဲ့အစားအသောက်ကို ချက်ပြုတ်ရင်းနဲ့ အိမ်လွမ်းဒဏ်ကို အန်တုခဲ့ရပါတယ်။


 
ဒီအပတ်အတွက်  ခေါ်ထားတဲ့ Legendary Chef က Emeril Lagasse။ ယူအက်စ်မှာ အတော်ဆုံး စားဖိုမှူးတွေကို ချီးမြှင့်လေ့ရှိတဲ့ James Beard Award ကို သုံးကြိမ်တိုင်အောင် ရထားပြီး အမေရိက တစ်ဝှမ်းမှာ သူ့ကိုယ်ပိုင် စားသောက်ဆိုင် 11 ဆိုင်တောင် ဖွင့်ထားနိုင်တဲ့ Celebrity Chef တစ်ယောက်ပါ။ သူရေးထားတဲ့ ဟင်းချက်နည်း စာအုပ် ဆယ့်ကိုးအုပ်ကလည်း ရောင်းအားအကောင်းဆုံးစာရင်းထဲ အမြဲဝင်လောက်အောင်ကို တော်တဲ့သူလည်းဖြစ်ပါတယ်။ 
 
White Apron ရသွားတဲ့ အစ်မ Suu အနေနဲ့အခုလို့ ကမ္ဘာ့အကြီးဆုံး World Biggest Culinary Competition ကနေ တစ်ဆင့်မြန်မာအစားအစာတွေကို ကမ္ဘာသိအောင် ပြနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ 
 


Read 998 times.