Easy Recipes

ရိုးရှင်းလွယ်ကူတဲ့ ယိုးဒယားထောင်းတွေကို အရသာရှိရှိ လုပ်စားကြမယ်

January 15, 2021

ကိုဗစ်ကာလ အိမ်မှာ Stay Home ရင်း အစားအသောက်တွေကို မှာပြီး စားနေရလို့ ငြီးငွေ့နေပြီလား။ အိမ်မှာ ချစ်ရတဲ့ မိသားစုတွေနဲ့ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် မုန့်အတူတူလုပ်စားရင်း ပိတ်ရက်တွေကို အချိန်ကုန်ဆုံးလိုက်ပါ။

အရသာရှိတဲ့ ယိုးဒယားအစားအစာတွေကို ကိုယ်တိုင်လုပ်ပြီး အိမ်က မိသားစု/သူငယ်ချင်းတွေကို လက်စွမ်းမပြချင်ဘူးလား။ လက်စွမ်းပြချင်ပါတယ်ဆိုတဲ့ သူတွေအတွက် အချိန်ကုန်သက်သာစေပြီး လုပ်ရလွယ်ကူတဲ့ ယိုးဒယားထောင်းလုပ်နည်းတွေကို မျှဝေပေးချင်ပါတယ်။

ရှူးရှူးရှဲရှဲ ချဉ်ငံစပ် အပ်မှိုထောင်း

Image may contain: food

ပါဝင်ပစ္စည်းများ

အပ်မှို ၁ထုပ်

သခြားသီး ၁လုံး

ကြက်သွန်ဖြူ ၅မွှာ

ငြုပ်သီးစိမ်း

သံပုရာသီး ၂လုံး

ငါးငံပြာရည် ၃ဇွန်း

ခရမ်းချဉ်သီး ၃လုံး

သကြား အနည်းငယ်

နံနံပင်

ကန်စွန်းရွက်

မုန့်ဖတ် တို့လိုအပ်ပါတယ်။

အပ်မှိုကို ရေစင်အောင်ဆေးပြီး ဆားအနည်းငယ်နဲ့ ပြုတ်ပေးပါ။ ပြီးလျှင် သခွားသီးကိုခြစ်ထည့် ကြက်သွန်ဖြူ ငြုပ်သီးစိမ်းကိုထောင်းထည့်ကာ ခရမ်းချဉ်သီး သံပုရာရည် ငါးငံပြာရည် သကြားတို့နဲ့ ထည့်ထောင်းပေးရုံပါဘဲ။ ပဲတောင့်ရှည်သီး ကန်စွန်းရွက် သခွားသီး မုန့်ဖတ်တို့နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

ရှူးရှဲ ကင်းမွန်ပြောင်းဖူးထောင်း 

Image may contain: food

ပါဝင်ပစ္စည်းများ

- ကင်းမွန်ငါးကို သေချာစွာသန့်စင်၍ ငံပြာရည် နဲနဲနှင့်ပြုတ်ထားပါ။

- ပြောင်းဖူးအဝါပြုတ်ပြီးသားကို ပုံပါအတိုင်း ဓားနဲ့လှီးထားပါမယ်။

- ပုဇွန်ခြောက်

- ထိုင်းငါးပိရည်

- ထန်းလျှက်

- ငရုတ်သီး

- သံပုရာသီး

- ကြက်သွန်ဖြူ

- ခရမ်းချဉ်သီး

- ငံပြာရည်

ငရုတ်ဆုံထဲတွင် ထန်းလျှက် စထောင်းပါ ပုဇွန်ခြောက်ထောင်း၊ကြက်သွန်ဖြူထောင်း ငရုတ်သီးထောင်း ထိုင်းငါးပိရည်ထည့် ငံပြာရည်ထည့်ထောင်း သံပုရာထည့် ပဲသီးထည့် ခရမ်းချဉ်သီးထည့်ထောင်း နောက်ဆုံး ပြောင်းဖူးလှီးထားတာထည့် ကင်းမွန်ထည့် အားလုံးကို ဖွဖွလေးပဲထောင်းရပါမယ်။အရသာမြည်း လိုတာထည့် ရပါပြီ။ ပဲတောင့်ရှည်သီး မုန့်ဖတ် သခွားသီး ဆလပ် ကန်စွန်းရွက် နှစ်သက်ရာနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်နော်။

ထိုင်းStyleပြောင်းဖူးထောင်းနည်း

ပြောင်းဖူးကိုပြုတ်ပြီး လှီးယူထားပေးပါ။ ကြက်သွန်ဖြူ ငရုတ်သီး ထန်းလျက် ပုဇွန်ခြောက်တွေကို ထောင်း ထားပါ။ ငံပြာရည် နဲ့ အချိုမှုန့်ထည့်ပါ။ ခရမ်းချဉ်သီး ပဲသီး ကိုလှီးပြီးထည့်ပါ။ နောက်ဆုံး ပြောင်းဖူးကိုထည့်လိုက်ပါ။ မြေပဲလှော်နှင့်ပုဇွန်ခြောက်အကောင်လိုက်ထည့်ပါ။ သံပရာသီး ညှစ်ပါ။ ဒါဆို ထိုင်းstyleပြောင်းဖူးထောင်းလေးရပါပြီ။

ယိုးဒယား သင်္ဘောသီးထောင်း စပ်စပ်လေး ပြုလုပ်နည်း

Image may contain: food

ပါဝင်ပစ္စည်းများ

သင်္ဘောသီးစိမ်း - အနေတော် တလုံး

ပုဇွန်ခြောက် - အကောင် ၂၀ခန့်

မြေပဲလှော် - အစေ့၂၀ခန့်

ငရုတ်သီးစိမ်း - ၇တောင့်ခန့် အစပ်ကြိုက်လျှင် ပိုထည့်ပါ

ထန်းလျှက်ခဲ - ကွမ်းသီးဆံအလုံးလောက် ၃ခဲ

ကြက်သွန်ဖြူ- အမွှာကြီးကြီး ၄မွှာ

ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ

ပဲတောင့်ရှည် - ၃တောင့် မရှိလို့မထည့်ထားပါ

ခရမ်းချဉ်သီး - ခပ်ကြီးကြီး တလုံး

သံပုရာသီး - တခြမ်း

ပြင်ဆင်ပုံ

သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။ ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။ ခရမ်းချဉ်သီးကို ၈ စိတ်စိတ်ထားပါ။ မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ။ ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ။ ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ။

ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ။ ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ။ ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။ ကျောက်ကျည်ပွေ့ဆိုပါက ၁၅ချက် အချက်၂၀လောက် ထောင်းရင်ရပါပြီ။ သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀၀ လောက်ထောင်းပေးမှ အရသာဝင်ပါတယ်။

ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ဆားပါ နည်းနည်းခြင်းဆီ ထည့်ပေးပါ။ သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ။ ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး၅ချက်လောက် ထောင်းပေးပြီးရင် ရပါပြီ။ စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်။

ယိုးဒယားခေါက်ဆွဲထောင်း

Image may contain: food

ပါဝင်ပစ္စည်းများ

- ယမ်ယမ်ခေါက်ဆွဲ/ ပုစွန် ကင်းမွန်လဲရပါတယ်။

- ကြက်သွန်ဖြူ/ နီ /စပါးလင်/ ထန်းလျှက်

- ခရမ်းချဉ်သီး/ ပဲသီး/ သံပုရာသီး/ ငြုပ်သီးစိမ်း

- ယိုးဒယားငံပြာရည်

ပြုလုပ်နည်း

- ပုစွန်ကို စပါးလင်နဲ့ပြုတ်ထားပါ။

- ကြက်သွန်ဖြူ ထန်းလျှက် ငြုတ်သီးကို ထောင်းပါ။

- ပြီးရင် ပဲသီး ခရမ်းချဉ်သီးကိုပါထောင်းပါ။

- ခေါက်ဆွဲကိုပြုတ်ပါ။ ရေစစ်ပါ။ ပြီးရင် ပါတဲ့အနှစ်ထုပ်ကို ညှစ်ထည့်ပါ။ ပုစွန်ပြုတ်ရည်ကိုပါ ထည့်ပါ။

- ခေါက်ဆွဲကို ခုနထောင်းထားတဲ့ အဆာပလာတွေနဲ့ ရောသမမွှေပါ။

- သံပုရာသီးကို အရည်ညှစ် ယိုးဒယားငံပြာရည်လေးထည့် ကြက်သွန်နီးပါးပါးလှီးပီးထည့်ပါ။ မွှေပါ။

- အကုန်ပီးသွားရင် ပန်းကန်ထဲထည့်ပါ။ အပေါ်မှာ ပုစွန်လေးတင်ပီး အလှဆင်လိုက်ရင် ရပါပြီ။

ရေဘဝဲထောင်းနည်း
Image may contain: food

ရေဘဝဲကို ဂျင်းထုထောင်းပြီး ရေထည့် ရှာလကာရည်နည်းနည်းထည့်ပြီး မိနစ်ခန့်ပြုတ်ပါ အကြာကြီးမပြုတ်ရ ကြက်သွန်ဖြူ ငရုတ်သီးအနီ ထန်းလျက် ပုဇွန်ခြောက်တွေကို ထောင်း ထားပါ။ ငံပြာရည် နဲ့ အချိုမှုန့်ထည့်ပါ။ ခရမ်းချဉ်သီး ကိုလှီးပြီးထည့်ပါ။

နောက်ဆုံး ရှမ်းနံနံ သို့ တရုတ်နံနံ ထည့်လိုက်ပါ။ မြေပဲလှော် နှစ်သက်ရင်ထည့်ပါ။ သံပရာသီး ညှစ်ပါ။ ဒါဆို ထိုင်းstyle ရေဘဝဲထောင်းလေးရပါပြီ။

Image may contain: food

By The Myanmar Restaurant Guide

Credit 


Read 113 times.