Good Drinks

TGIF မှာ BBQ နဲ့ Beer ရှယ်ကြိတ်လို့ကောင်းမယ့်ဆိုင် ၅ ဆိုင်

March 24, 2022

TGIF ဆိုရင်လူတိုင်းက ရုံးဆင်းတာနဲ့ အိမ်တန်းပြန်တဲ့သူတွေ ရှားပါတယ်။ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေ စုပြီး သောက်ကြ စားကြ ပျော်ပါးကြတာများပါတယ်။ အစားတလိုင်းတွေအတွက်ရော အသောက်တလိုင်းတွေအတွက်ရော ရှယ်ကြိတ် ရှယ်သောက်လို့ကောင်းမယ့် ဆိုင်လေး ၅ ဆိုင်လောက်ကိုပြောပြပေးချင်ပါတယ်။ 

I Four

 ဒီဆိုင်လေးကတော့ ဦးဖိုးစိန် နတ်မောက်လမ်းမှာ Bar နဲ့ BBQ တွဲဖွင့်ထားတဲ့ Restaurant လေးတစ်ဆိုင်ပဲ ဖြစ်ပါတယ် ။ ဆိုင်အပြင်အဆင်လေးကလည်း သစ်ပင်ကြီးတွေကို မီးလုံးလေးတွေနဲ့ အလှဆင်ထားတာကြောင့် ညဘကဆို ဓာတ်ပုံရိုက်လို့လည်း ကောင်းလှတဲ့ ဆိုင်လေးတစ်ဆိုင်ပါပဲ ။
ဒီဆိုင်လေးမှာ အကင် BBQ တွေအပြင် အထောင်းကြိုက်သူတွေ အတွက်လည်း အထောင်းစုံ၊ အကင်စုံ နဲ့ အကြော်စုံတွေလည်းရနိုင်ပါတယ် ။ DJ artist တွေလည်း လာရောက် ဖျော်ဖြေပေးတဲ့အပြင် တစ်ခါတစ်လေ Unplugged Show တွေလည်း ရှိသေးတာမို့ စားရင်းသောက်ရင်းအပျင်းပြေပေါ့။ သောက်စရာတွေကလည်း အစုံအလင်ရရှိတာကြောင့် TGIF မှာ Chill ဖို့ နေရာလေးရှာနေတာဆိုရင်တော့ ဒီဆိုင်လေးကိုမမေ့နဲ့နော် ။
 ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၁၁ နာရီကနေ ည ၉နာရီထိဖွင့်ပါတယ် ။ 
လိပ်စာလေးကတော့-
>>အမှတ် ၁၂/က ဦးဖိုးစိန်လမ်း၊ တာမွေမြို့နယ်ထဲမှာ ဖြစ်ပါတယ်။
Facebook Page >> https://www.facebook.com/iFourBar

ရွှေခိုင်

ညနေခင်းမှာ ဆူညံတာတွေ မကြိုက်တဲ့ သူတွေ တစ်ချို့ အလုပ်ကိစ္စပြောဖို့ အေးအေးဆေးဆေး ငြိမ်သက်တဲ့ နေရာလေးတွေ ရှာနေတဲ့သူတွေဆိုရင်တော့ ကမ္ဘာအေးက ရွှေခိုင်ဆိုတဲ့ဆိုင်လေးက ထိုင်လို့ကောင်းတဲ့ ဆိုင်လေးတွေထဲပါဝင်ပါတယ် ။ 
ဒီဆိုင်လေးမှာလည်း အကင်မျိုးစုံ၊ ဟင်းပွဲအသစ်အဆန်းတွေ မြည်းစမ်းကြည့်ချင်သူတွေအတွက်တော့ အံကိုက်ပါပဲ။ အထောင်းမျိုးစုံ ဖျော်ရည်စုံ သောက်စရာအမျိုးမျိုး လည်းရပါသေးတယ်။ သူက အောက်ဆုံးထပ်မှာထိုင်လို့ရတဲ့အပြင် အပေါ်ဆုံးထပ်မှာလည်း Rooftop စတိုင်လေးရှိသေးတော့ လေးကောင်းလေသန့် ရှူချင်သူတွေအတွက်တော့ ရှယ်ပါပဲ ။ 
လိပ်စာကတော့ -
>>အမှတ်(31-D) ကန်ရိပ်သာလမ်း၊ ကမ္ဘာအေး၊ မရမ်းကုန်းမြို့နယ် မှာပါရှင်။
Facebook Page >> https://www.facebook.com/ShweKhaingBBQYangon


Tropical

ဒီတစ်ခါတော့ Beach vibe ကိုအပြည့်အဝ ခံစားလို့ရမယ့် ဆိုင်လေးနဲ့ မိတ်ဆက်ပေးပါမယ်။ ဆိုင်ရဲ့ Decoration ကအစ Beach vibe ကိုရရှိစေတဲ့ အပြင် Unplugged တွေနဲ့လည်း ဖျော်ဖြေပေးသေးတယ်နော်။ အစားအသောက်ပိုင်းကတော့ အစားတစ်လိုင်းတွေအကြိုက် အကင်စုံကို စိတ်ကြိုက်ကိုယ်တိုင်ရွေးချယ် လို့ရပါတယ် ။
 သောက်စရာ အစုံအလင်နဲ့ သစ်သီဖျော်ရည်အစ ဘီယာ ကော့တေး ၊အရက် ၊ဘီယာ အစုံ အပြင် ကြံရည်ပါရသေးတယ်နော်။ Unplugged ကသီချင်းလေးနားထောင်ရင်း Beach vibe လေးနဲ့ အေးဆေး Chill အရမ်းမိုက်နေပါပြီ။ 
လိပ်စာကတော့ -
>>အောင်ဇေယျလမ်း ၊ ၃၃ ရပ်ကွက် ၊ ရန်ကင်းမြို့ 
Facebook Page >> https://www.facebook.com/tropicalbeergardenBBQ


The Lord

နောက်ထပ် BBQ တွေစားရင်း ဘီယာလေးနဲ့ Chill လို့ကောင်းမယ့် ဆိုင်လေးကတော့ ရန်ကင်း ၊ စမ်းချောင်း နဲ့ သင်္ကန်းကျွန်း စတဲ့ မြို့နယ်တွေမှာဖွင့်လှစ်ထားတဲ့ The Lord ဆိုတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။ 
ဒီဆိုင်လေးမှာတော့ သူငယ်ချင်းတွေ စုပြီး ပျော်ပျော်ရွင်ရွင်နဲ့ တပတ်တာပင်ပန်းထားသမျှတွေကို စိတ်အပန်းဖြေလို့ကောင်းမယ့်ဆိုင်လေးပါ ။ BBQ အကင်တွေ မျိုးစုံ စားလို့ရတဲ့အပြင် သောက်စရာစုံစုံလင်လင်နဲ့ စိတ်ကြိုက်ပျော်ပါးလို့ကောင်းမှာနော် ။
လိပ်စာကတော့ -
အမှတ် ၁၆၊ အောင်ဇေယျလမ်၊း ၁၃ block၊ ရတနာလမ်း၊ ရန်ကင်းမြို့နယ်။
အမှတ်(၁၁)၊ ရှင်​စောပုလမ်း၊ စမ်း​ချောင်းမြို့နယ်၊ ရန်ကုန်မြို့။
အမှတ် J/6.7.8.9.10၊ လေးထောင့်ကန်လမ်း ဆ/ခ ရပ်ကွက်၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
Facebook Page >> https://www.facebook.com/TheLordBarBBQRestaurant


Beer vibe

စမ်းချောင်းနား တစ်ဝိုက်မှာ အမြည်းတွေနဲ့ ရှယ်ကြိတ် ရှယ် Chill ချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးကမဆိုးဘူးနော်။ Decoration လေးကလည်း BKK Vintage ဒီဇိုင်းလေး အကင်တွေကိုပဲ ကြိူက်တာရွေးမလား တခြား အစားအစားအမြည်းတွေပဲရွေးမလား ကဲ အစားတစ်လိုင်း အသောက်တစ်လိုင်းတို့ အကြိုက်ပဲ ။ Bar ထဲမှာမှ အစားအစာ ဆိုင်လေးတွေ ထပ်ဖွင့်ထားတော့ မသိရင် BKK Market ထဲ‌ရောက်နေတဲ့ ခံစားချက်လေး ရနေမှာပါ။ 
လိပ်စာကတော့ -
အမှတ်(၂) မြေနီလမ်း (ဟံသာ၀တီကားမှတ်တိုင် ဘေးလမ်း)၊ ပြည်လမ်း၊ ဟံသာ၀တီအဝိုင်းအနီး၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
Facebook Page >> https://www.facebook.com/beervibe2020


Read 92 times.