Up to 40% OFF

Takeaway ဝယ်ယူတာနဲ့ ၂၅% Discount ပေးနေတဲ့ Time City က Teabrary Bubble Tea ဆိုင်လေး

November 30, 2020

ဒီကာလအတွင်းမှာ Bubble Tea, Thai Tea တွေကို အမိုက်စား ထုတ်ပိုးမှုတွေနဲ့ ရောင်းချပေးနေလို့ Foodie တွေရဲ့ ရင်ထဲ တိုးဝင်လာတဲ့ Time City က Bubble Tea ဆိုင်လေးတစ်ဆိုင် ရှိပါတယ်။ Foodie တော်တော်များများကတော့ သိပြီးလောက်ပြီ ထင်ပါတယ်။ 

ဆိုင်လေးရဲ့ နာမည်ကတော့ Teabrary လို့ ခေါ်ပါတယ်။ ဒီဆိုင်လေးက Takeaway (သို့) Delivery နဲ့ ဝယ်ယူတဲ့ Customer တိုင်းကို ဗူးလှလှလေးတွေနဲ့ ထည့်ပေးတဲ့အပြင် ရောင်းချပေးနေတဲ့ Bubble Tea တိုင်းကလည်း သူမတူအောင် ကောင်းမွန်တဲ့ အရသာတွေနဲ့မို့ တော်တော်များများ အကြိုက်တွေ့ကြတဲ့ ဆိုင်လေးပါပဲ။ 

Vivian Lai Turns Serious F&B Boss With New Tea Shop Teabrary Opening In Six  Countries

ဒီဆိုင်လေးမှာ…  

  • Milk Tea
  • Premium Tea
  • Tea Presso
  • Signature Dessert Series
  • Cheesiato 
  • Specialty Tea
  • TeaBrary Frappe
  • Fresh Fruity 
  • Artisanal Crafted Dessert Tea
  • Cold Brew Tea
  • Teabrary Cafe 

စသဖြင့် Tea ချစ်သူတို့အကြိုက် Bubble Tea, Milk Tea အစုံအလင်ကို မှာယူနိုင်ပြီးတော့ အမျိုးအစားအားဖြင့် (၄၃) ကျော်နဲ့ Add on ထည့်သွင်းနိုင်မယ့် toppin တွေလည်း အစုံအလင် ရရှိနိုင်တယ်နော်။ 

ဒီဆိုင်မှာ နာမည်အကြီးဆုံး Tea Series တွေကတော့ Artisanal Crafted Dessert Tea နဲ့ Cheesiato တို့ပဲ ဖြစ်ပါတယ်။ Artisanal Crafted Dessert Tea Series လေးကတော့ အစားကြီးတဲ့ Foodie တို့အကြိုက် ဗူးလှလှနဲ့ ထုတ်ပိုးပေးတဲ့အပြင် အရသာတွေကလည်း (၆)မျိုးတောင် ရွေးလို့ရတယ်နော်။ 

ဒါ့အပြင် တော်ရုံ Bubble Tea ဆိုင်တွေမှာ တွေ့ရခဲတဲ့ Milk Tea With Pudding, Milk Tea With Strawberry Jelly စတာတွေနဲ့ Teabrary Yuan Yang ဆိုတဲ့ ထူးခြားတဲ့ Milk Tea တွေလည်း အစုံအလင် ရရှိနိုင်တာ ဖြစ်ပါတယ်။ 

နောက်ထပ် နာမည်ကြီးတဲ့ Series တစ်ခုကတော့ Cheesiato Series ပဲ ဖြစ်ပါတယ်။ နာမည်ကြားလိုက်တာနဲ့ Cheese ချစ်သူတို့ကတော့ စိတ်ဝင်စားမှာ အသေအချာပါပဲ။ ဒီ Series ကတော့ အရသာရှိတဲ့ Premium Thai Tea တွေကို Cheese အရသာ ချိုချိုစိမ့်စိမ့်လေးနဲ့ စားရတဲ့ Series လေးပါပဲ။ 

បានទៅយកប្រូម៉ូសិនហ្នឹងគេហើយឬនៅ? ចេញលុយតែ១កែវ ញ៉ាំបាន២នាក់ ភេសជ្ជៈជំនាន់ថ្មី  Teabrary ទិញមួយថែមជូនមួយ | KohSantepheap.TV

Teabrary Myanmar ကနေ Bubble Tea ချစ်သူတိုင်းအတွက် လတိုင်း ပရိုမိုးရှင်းလေးတွေ ပြုလုပ်ပေးလျက် ရှိပြီးတော့ အခု ဒီဇင်ဘာလအတွက်ကိုလည်း Cheesiato Series အတွက် ပရိုမိုးရှင်းလေးတစ်ခု ထပ်မံ ပြုလုပ်ပေးလိုက်ပြန်ပါပြီ။ 

ဒီပရိုမိုးရှင်းလေးကတော့ Time City ရဲ့ Teabrary ဆိုင်လေးမှာ Takeaway လာရောက် ဝယ်ယူသူတိုင်းကို ကြိုက်နှစ်သက်ရာ Cheesiato Series တစ်ခွက်ဝယ်တိုင်း ၂၅% လျှော့ပေးမှာ ဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလက ဒီဇင်ဘာ (၁) ရက်နေ့ကနေ ဒီဇင်ဘာ (၁၄) ရက်နေ့အထိပဲနော်။ 

Teabrary (Esplanade Xchange) Deals & Promotion 2020 | ShopBack

ကဲဒီတော့ Cheesy Bubble Tea နဲ့ Milk Tea ကြိုက်တဲ့ ကိုကိုတို့ မမတို့ရေ၊ Time City မှာ ဖွင့်လှစ်ထားတဲ့ Teabrary Bubble Tea ဆိုင်လေးမှာ Takeaway ဝယ်ယူရင်း ၂၅% ကို အမြန်ဆုံး ရယူဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။

ဆိုင်လိပ်စာလေးက ...

Shop No. 22, Citywalk Foodies, Between Jewellery Mall & Office Tower (3), Ground Floor, Times City Complex, Hanthawaddy Road, Kamayut Township, Yangon.

Phone - 09 799 582 222 

မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ Bubble Tea နဲ့ Milk Tea ရောင်းချပေးနေတဲ့ ဆိုင်တွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက် ရှာဖွေနိုင်ပါတယ်။ 

https://bit.ly/3lw3E2B 


Read 568 times.